မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသ မားဟောင်း ဖြစ်သူ ပေါလ် စခိုးလ် က လက်ရှိ အသင်းရဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ဟာ စာချုပ် သက်တမ်းတိုးမြှင့်ပြီး အသင်းမှာပဲ နှစ်တွေ အကြာကြီး ဆက်လက် ကစားသွားလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ဟာ ဒီနှစ်ပြီရင်တော့ အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံး သွားဖို့ ရှိနေ ပါတယ် ။ ဒါ့ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင််းမှ အားထားရတဲ့ ကွင်းလယ်လူကို တစ်ပါတ် ပေါင် 4 သိန်း အထိပေးပြီး စာချုပ် သက်တမ်းတိုဖို့ ကြိုးစားနေခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ဒါပေမဲ့ ကစားသမားဖက်ကတော့ အခုထိ စာချုပ်သစ်အတွက် အကြောင်းပြန်ခြင်း မရှိခဲ့သေးပါဘူး ။ အခြားတစ်ဖက်မှာတော့ သူ့ကို ခေါ်ယူနိုင်ဖို့ ပြင်သစ် လီဂူးဝမ်း ထိပ်သီး PSG အသင်း ကလည်း စိတ်ဝင်စား နေတယ်လို့ သိနေခဲ့ရ ပါတယ် ။

ဒါပေမဲ့ ဘဏ္ဍာရေးစည်းမျဥ်းနဲ့ ကိုက်ညီဖို့အတွက် PSG အသင်းမှ ချင့်ချိန်နေရသေးတာကြောင့် အပြောင်းအရွှေ့ဟာ အခုထိ ဖြစ်ပေါ်မလာခဲ့သေးပါဘူး ။ ယခင်က ပေါ့ဂ်ဘာကို ခေါ်ယူချင်ခဲ့တဲ့ ရီးယဲ မက်ဒရစ် ၊ ဂျူဗင်တပ် တို့ကလည်း ဒီနှစ်မှာတော့ အသံတွေ တိတ်နေခဲ့ကြ ပါတယ် ။

ဒါ့ကြောင့် သတင်း သုံးသပ်သူ အများစုက ယူနိုက်တက် တို့ဟာ နောက်ရာသီမှာ ပေါ့ဂ်ဘာကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ ဆုံးရှုံးရလိမ့်မယ်လို့ ထင်ကြေးပေးနေခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ဒီလိုသာ ဖြစ်ခဲ့ရင် ယူနိုက်တက်တို့ဟာ ပြင်သစ် လက်ရွေးစင်ကို ဒုတိယအကြိမ် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှုံးရမှာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ယူနိုက်တက် ဂန္တဝင် ပေါလ် စခိုးလ်က လိဒ်စ် ယူနိုက်တက် နဲ့ ပွဲစဥ်မှာ တစ်ဦးထဲ လေးဂိုးအထိ ဖန်တီးပေးသွားနိုင်ခဲ့တဲ့ ကွင်းလယ်လူဟာ အသင်းမှာပဲ အကြာကြီး ဆက်လက် ရှိနေလိမ့်မယ်လို့ ယုံကြည်ကြောင်း သုံးသပ် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” သူ နေလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ၊ မနှစ်က သူကစားခဲ့တဲ့ ယူနိုက်တက် အသင််းဟာ အခုအချိန်မှာ ကောင်းပြနေသလောက် ကောင်းမွန််ခြင်း မရှိခဲ့ပါဘူး ။ လက်ရှိအသင်းမှာ ပါရမီကောင်းတဲ့ တိုက်စစ် ကစားသမားတွေ အတော်လေး များပြားနေကြပါပြီ “

” သူ့ရဲ့ အရည်အသွေးတွေ ၊ အခုလို ကစားသမားတွေ ပိုင်ဆိုင်ထားခြင်းတွေကို ထောက်ရှုလိုက်မယ်ဆိုရင် သူဟာ ဒီအသင်းမှာပဲ ဆက်နေလိမ့်မယ်လို့ ကျွန်တော် တွေးထင်မိ ပါတယ် ။ အကယ်လို့ အသင်းဟာ အခုအတိုင်းပဲ ဆက်သွားမယ် ၊ ​ကောင်းနေဦးမယ်ဆိုရင် သူဟာ စာချုပ်သစ် ချုပ်ဆိုလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် “

” ကျွန်တော် အခုအချိန်ထဲက အများကြီး စိတ်လှုပ်ရှားပြ မနေချင်ပါဘူး ။ ဒါပေမဲ့ အခုအသင်းက ဆုဖလားတွေကို ဆွတ်ခူးနိုင်မယ့် အသင်းမျိုး ဖြစ်နေပါပြီ ။ ပေါ့ဂ်ဘာ ကလည်း ဒါတွေကိုပဲ လိုချင်နေခဲ့တာလေ ” လို့ ပေါလ် စခိုးလ် က သူ့ရဲ့ အတွေးကို ရှင်းပြ သွားခဲ့လိုက် ပါတယ် ။

အကယ်လို့ ပေါ့ဂ်ဘာသာ မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ် သက်တမ်း တိုးမြှင့်ခြင်း မရှိခဲ့ဘူးဆိုရင် သူဟာ ဇန်နဝါရီမှာ နိုင်ငံခြား ကလပ်တွေနဲ့ ကြိုတင် သဘောတူညီမှု ရယူနိုင်ခွင့် ပိုင်ဆိုင်သွားမှာဖြစ်ပြီး နွေမှာစိတ်ကြိုက် အသင်းပြောင်းရွှေ့ခွင့် ရရှိသွားပါလိမ့်မယ် ။

#Sports_Myanmar