ဒီတစ်ပါတ် တနင်္ဂနွေည 7:30 အချိန်မှာတော့ စိန့်မေရီ ကွင်းထဲမှာ ဆောက်သမ်တန် အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဥ် 2 မဖြစ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ဧည့်ခံ ကစားသွားရမှာပဲ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက်တို့ဟာ ရာသီ အဖွင့်ပွဲစဥ်မှာ လိဒ်စ် ယူနိုက်တက်ကို 5 – 1 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ကစားထားနိုင်ခဲ့ပြီး ဆောက်သမ်တန် အသင်းကတော့ အဖွင့်ပွဲမှာ အဲဗာတန် အသင်းကို 3 – 1 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ထားခဲ့ ပါတယ် ။ ဒါ့ကြောင့် ဒီပွဲမှာ ဆောက်သမ်တန်တို့ အနိုင်ရဖို့ ကြိုးစားရမှာပဲ ဖြစ်ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းကတော့ ဆောက်သမ်တန်တို့ဟာ အိမ်ကွင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပထမပိုင်း 2 – 0 နဲ့ အနိုင် ကစားနိုင်ခဲ့ပြီး ဒုတိယပိုင်း 2 – 3 နဲ့ ရှုံးနိမ့်ထားခဲ့ရ ပါတယ် ။ ဒါ့အပြင် အိုးလ် ထရပ်ဖို့ဒ် မှာလည်း 9 – 0 ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ထားခဲ့ရပါသေးတယ် ။

ဒါ​ပေမဲ့ ဆောက်သမ်တန် နည်းပြ ရဲ့လ်ဖ် ဟာဆန် ဟတ်တဲလ် ကတော့ အဆိုပါ အရှုံးရလဒ်တွေဟာ သူတို့ အပေါ် သက်ရောက်နေမှာ မဟုတ်ကြောင်း ၊ ဒီတစ်ပါတ် ပွဲစဥ်မှာတော့ သူတို့တွေအတွက် တက်နိုင်သလောက် သက်သောင့်သက်သာ ဖြစ်အောင် ကစားသွားမှာ ဖြစ်ကြောင်း သတိ ပေးသွားခဲ့လိုက် ပါတယ် ။

” ကွင်းလုံးပြည့် ပရိသတ်တွေ ရှေ့မှောက် အိမ်ကွင်းမှာ ကစားကြရမဲ့ ဒီပွဲဟာ ကျွန်တော်တို့တွေ အားလုံးအတွက် စပါယ်ရှယ် အခိုက်အတန့် ဖြစ်နေစေလိမ့်မယ်လို့ ထင်မိပါတယ် ။ ဒါဟာ ဘောလုံး ကစားသမားတိုင်း အတွက် အံ့ဖွယ် ဖြစ်နေပါလိမ့်မယ် “

” ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းကတော့ အိမ်ကွင်းမှာ ကျွန််တော်တို့ တွေဟာ ယူနိုက်တက် နဲ့ ရင်ဆိုင်ခဲ့စဥ် ပွဲကောင်း တစ်ပွဲ ပိုင်ဆိုင် နိုင်ခဲ့တယ်လို့ ကျွန်တော် ထင်မိ ပါတယ် ။ ပထမပိုင်းမှာ ကျွန်တော်တို့ 2 – 0 နဲ့ နိုင်နေခဲ့ကြတယ်လေ ။ ဒါပေမဲ့ ဒုတိယပိုင်းမှာ ကျွန်တော်တို့ဟာ လုံလောက်စွာ မကောင်းနိုင်ခဲ့ကြတဲ့ အတွက် ရှုံးနိမ့်ခဲ့ရပါတယ် “

” ဒီပွဲမှာတော့ ကျွန်တော်တို့ရဲ့ အလေ့အကျင့် ၊ အပြုအမူတွေကို ပြသရင်း သူတို့ကို သက်သောင့်သက်သာ ရင်ဆိုင် ကစားသွားကြဖို့ ဆန္ဒရှိနေပါတယ်။ သူတို့တွေက အသင်းကောင်း တစ်သင်း ၊ လိဒ်စ် ကို 5 – 1 နဲ့ အနိုင် ကစားထားခဲ့တဲ့ အသင်းမှန်း ကျွန်တော်တို့ သိကြပါတယ် ။ ကျွန်တော်တို့ ဒီတပါတ် ရင်ဆိုင်ရမဲ့အသင်းက အသင်းကောင်းတစ်သင်းမှန်း သိထားပါတယ် “

” ပြီးခဲ့တဲ့ ရာသီက ပွဲချိန် 2 မိနစ်ထဲက ကစားသမား 1ဦး အနီကဒ်နဲ့ ထုတ်ခံရချိန် ကစားခဲ့ရတဲ့ ပွဲစဥ်အကြောင်း ပြန််လည် ဆွေးနွေးတယ်ဆိုတာက အဓိပ္ပါယ်လုံးဝမရှိပါဘူး ။ အဲ့တာကြီးက ဒီတစ်ပါတ် ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် ကျွန်တော်တို့ အသင်းအပေါ် ဘယ်လိုမှ သက်ရောက်မှု မရှိပါဘူး “

” ကျွန်တော်တို့ အနေနဲ့ ဒီလို ပွဲစဥ်မတိုင်ခင် သူတိုနဲ့ ရင််ဆိုင်ခဲ့စဥ်တုန်းက ဘာတွေ ကောင်းကောင်း လုပ်နိုင်ခဲ့လဲ ဆိုတာတွေ အပေါ်ပဲ အာရုံစိုက်ထားသင့်ပါတယ် ။ ဒါက ခက်ခဲတဲ့ ပွဲတစ်ပွဲဖြစ်နေပါလိမ့်မယ် ။ နည်းစနစ်ပိုင်းအရ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ပွဲလည်း ဖြစ်နေပါလိမ့်မယ် “

” ကျွန်တော်တို့ အကောင်းဆုံး ပုံစံနဲ့ ပွဲစဥ်ထဲမှာ ရှိနေကြမှာပါ ။ ကျွန်တော်တို့ဖက်မှာတော့ ဘယ်လို ဒဏ်ရာ ပြသနာမျိုးမှ ရှိမနေပါဘူး ။ အသင်းမှာတော့ အားလုံးနီးပါးက ကြံ့ခိုင်နေကြပါတယ် ” လို့ ဟာဆန် ဆတ်တဲလ် က ပြောသွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar