ချဲလ်ဆီး အသင်းဟာ အင်တာမီလန် အသင်းကနေ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅သန်းနဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူကို ခေါ်ယူခဲ့ပြီးတဲ့နောက် ၊ အသုံးမလိုတော့တဲ့ ကစားသမား တချို့ကို အငှား ( သို့မဟုတ် ) အပြီးတိုင် ရောင်းချနိုင်ဖို့ ကြိုးစားလျက် ရှိပါတယ် ။

အငှားစနစ် ဟာ ယခုနှစ် နွေရာသီမှာ ချဲလ်ဆီး အတွက် ဆက်လက် အသုံးဝင်နေဆဲ ဖြစ်ပါတယ် ။ သို့ပေမယ့်လည်း ချဲလ်ဆီး ဟာ အချို့သော အကယ်ဒမီထွက် လူငယ် ကြယ်ပွင့်တွေကို အငှားမချပဲ ၊ စီနီယာ အသင်းမှာ အသုံးပြုဖို့ ပြင်ဆင်နေပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ဒီအထဲမှာ နောက်ဆုံး ကစားခဲ့တဲ့ အရေးပါတဲ့ ဥရောပ စူပါဖလား ဗိုလ်လုပွဲနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲကို ပွဲချိန်ပြည့် ကစားခွင့် ရခဲ့တဲ့ အကယ်ဒမီ လူငယ် ခံစစ်မှူး ထရက်ဗာ ချာလိုဘာ လည်း တဦး အပါအဝင် ဖြစ်ပါတယ် ။ ချာလိုဘာ ဟာ နည်းပြ သောမတ်စ် တူချယ်ရဲ့ ဖေးဘရိတ် လူငယ် ကြယ်ပွင့် တဦးလည်း ဖြစ်ပါတယ် ။

တဖက်မှာ ချဲလ်ဆီး ဟာ ဆီဗီးလား အသင်းရဲ့ ပြင်သစ် လူငယ် ကြယ်ပွင့် ခံစစ်မှူး ဂျူးလ်စ် ကွန်းဒေးကို ခေါ်ယူဖို့ ကြိုးစားနေသည့်တိုင် ၊ တူချယ် ကတော့ ချာလိုဘာကို အငှား လုံးဝ မချဖို့ ကလပ် ဘုတ်အဖွဲ့ထံ တိုက်တွန်းထားပါတယ် ။ မနေ့က ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ တူချယ် က ထရက်ဗာ ချာလိုဘာကို အငှားချတော့မှာ မဟုတ်ကြောင်း အခုလို အတည်ပြုခဲ့ပါတယ် ။

တူချယ် က ” ထရက်ဗာ ဟာ ကျွန်တော်တို့နဲ့ အတူ အံ့သြဖွယ် ရာသီကြို ပြင်ဆင်မှု ကျော်ဖြတ်ထားပါတယ် ။ သူဟာ အရမ်း ကောင်းတဲ့ ကစားသမား တယောက် ဖြစ်ပြီး ၊ ဒီထက် ပိုပြီး အရေးကြီးတာက သူဟာ ထိပ်တန်းအဆင့် ခံယူချက် ရှိပါတယ် ။ ကိုယ့်ကိုယ်ကို နှိမ့်ချမှု ရှိသလို ၊ အခွင့်အရေး ရတဲ့အခါတိုင်းမှာ အထင်ကြီး လေးစားစရာ ဖြစ်အောင် အသုံးချတတ်ပါတယ် ။ ”

” ရာသီကြို ပြင်ဆင်မှုတွေမှာ ကစားခဲ့ရတဲ့ ပွဲတွေမှာ သူ ကောင်းကောင်း ကစားနိုင်ခဲ့တယ် ၊ ဗီလာရီးရဲလ်နဲ့ မိနစ် ၁၂၀ အပြည့် သူ ကစားပေးခဲ့သလို ၊ ခရစ်စတယ် ပဲလေ့စ်နဲ့ မိနစ် ၉၀ အပြည့် သူ ထပ်မံ ကစားပြနိုင်ခဲ့ပါတယ် ။ ဒီတော့ သူ ကျွန်တော်တို့နဲ့ အတူ ဆက်ရှိဖို့ ဆိုတာ သဘာဝ ကျပါတယ် ။ သူ ကိုယ်တိုင်လည်း ဒီ အသင်းမှာ ကစားခွင့် ရဖို့ကို ရှာဖွေနေတာပါ ။ ”

” ကျွန်တော်တို့ဟာ တချို့သော ကစားသမားတွေကို အသင်းပြောင်းခွင့် ပေးလိုက်ပေမယ့် ၊ ထရက်ဗာ ကတော့ ကျွန်တော်တို့ လုံးဝ ဆက်လက် ထိန်းသိမ်းချင်တဲ့ ကစားသမား တဦး ဖြစ်ပါတယ် ။ စာချုပ်သစ် ထပ်ချုပ်ဖို့ အကြောင်း ? ဒါတော့ ကျွန်တော်လည်း တိတိကျကျ မသိရသေးပါဘူး ။ မနေ့က ဒီအတွက် ကလပ်နဲ့ သူ့ အကြား စကားပြောခဲ့တာ ရှိပါတယ် ။ ”

” အရင်က သူ့ အခြေအနေက အငှားထွက်ဖို့ လိုအပ်ခဲ့ပါတယ် ။ ရှေ့ဆက် တိုးတက်ဖို့ လိုအပ်တဲ့ အငှား တချို့ သူ ထွက်ခဲ့ပါတယ် ။ ဒါပေမယ့် အခုတော့ သူဟာ ကျွန်တော်တို့နဲ့ အတူ ဆက်ရှိဖို့ အခိုက်အတန့်ကောင်း တရပ် ပိုင်ဆိုင်နေပါတယ် ။ ”

” နောက်ထပ် အဆင့်တွေထဲက တခု ဖြစ်တဲ့ ချဲလ်ဆီး အသင်းရဲ့ ကစားသမား အင်အား တစိတ်တပိုင်း အဖြစ် ပါဝင်ခွင့် ရဖို့ ဆိုတာ သူ့ရဲ့ အိပ်မက် တရပ် အမှန်တကယ် အကောင်အထည် ပေါ်လာခြင်း ဖြစ်ပါတယ် ။ ကျွန်တော်တို့ သူ့ကို ယုံကြည်တယ် ၊ သူဟာလည်း ဒီ ယုံကြည်မှုကို ရရှိဖို့ ထိုက်တန်ပါတယ် ။ ”

” ဒါဟာ အခု လောလောဆယ် အခိုက်အတန့် အတွက်ပဲ သူနဲ့ ထိုက်တန်တဲ့ ဆုလာဘ် မဟုတ်ပါဘူး ။ ဒါပေမယ့် စာချုပ် သက်တမ်း ထပ်တိုးမယ့် ကိစ္စကိုတော့ ကျွန်တော် လုံးဝ သတိမထားမိပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR