ဂျေဒန် ဆန်ချို နဲ့ ရာဖေးလ် ဗာရန်း တို့ကို ခေါ်ယူပြီးတဲ့နောက် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရာသီမှာ ဆုဖလားတွေကိုဆွတ်ခူးဖို့ လုံလောက်စွာတောင့်တင်း နေပြီလို့ ယုံကြည်ကြောင်း နောက်ခံလူ အဲရစ် ဘိုင်လီ က ပြောကြား သွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနွေမှာ ဒေါ့မွန် ကြယ်ပွင့် ဂျေဒန် ဆန်ချိုကို ပေါင် 73 သန်းနဲ့ ခေါ်ယူထားခဲ့သလို ရီးယဲ မက်ဒရစ် အသင်းမှ ရာဖေးလ် ဗာရန်း ကိုလည်း ပေါင် 43 သန်းနဲ့ ခေါ်ယူကာ အသင်းရဲ့ လိုအပ်တဲ့ နေရာတွေကို အင်အား ဖြည့်တင်းနိုင်ခဲ့ ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ဗာရန်း ရောက်လာခဲ့တဲ့အတွက် ယခင် ကတည်းက မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပွဲထွက်ခွင့်မိနစ်တွေ နည်းပါးနေခဲ့တဲ့ ဘိုင်လီဟာ ဒီနှစ်မှာ ပွဲထွက်ခွင့် ပိုမို နည််းပါးသွားဖို့ ရှိနေပါတယ် ။ ဒါပေမဲ့ ဘိုင်လီ ကတော့ ဗာရန်းနဲ့ ပတ်သက်လို့ ကောင်းမွန်တဲ့ မှတ်ချက်တွေ ပေးခဲ့လိုက် ပါတယ် ။

” ဒါဟာ မန်ချက်စတာ ယူနိုက်တက်ပါ ။ ကျွန်တော်တို့ရဲ့ အသင်းမှာ ကစားသမားကောင်းတွေ အမြဲတမ်းရှိနေခဲ့ကြ ပါတယ် ။ ကျွန်တော်တို့ဆီမှာ အရမ်းကိုတောင့်တင်းလှတဲ့ ကစားသမား စာရင်း ရှိနေပါပြီ ။ ကျွန်တော်တို့ ဗာရန်းကို ခေါ်ယူနိုင်ခဲ့ကြ ပါတယ် ”

” ဗာရန်းဟာ အတွေ့အကြုံကောင်း အများကြီး ပိုင်ဆိုင်ထားတဲ့ ကစားသမားကောင်း တစ်ယောက်ပါ ။ သူဟာ စပိန်မှာ ၁၀ နှစ်လောက် နေခဲ့ပြီး ဆုဖလားတွေ အများကြီး ရယူထားနိုင်ခဲ့ ပါတယ် ။ ဒါက အသင်းရဲ့ စိတ်ဓါတ်ပိုင်း အပေါ် အများကြီး သက်ရောက်နိုင်ပါလိမ့်မယ် ”

” ဆန်ချိုကတော့ အသက်ငယ်ပြီး အရည်အသွေးကောင််းတဲ့ ကစားသမားကောင်း တစ်ယောက်ပါ ။ ဒီနှစ်တော့ ကျွန်တော်တို့ အားလုံးဟာ ဆုဖလားတွေကို ဆွတ်ခူးနိုင်ဖို့ အတွက် ဒီမှာရှိနေကြတာပါ ။ သူတို့ နှစ်ဦးလုံးမှာ ကောင််းမွန်တဲ့ အတွေ့အကြုံတွေ ရှိတယ်လို့ ထင်ပါတယ် ”

 

” သူတို့နှစ်ဦးလုံး အင်္ဂလိပ် ဘောလုံးအားကစား အကြောင််း သိထားသူတွေပါ ။ ဗာရန်း ဆိုရင်လည်း ယူနိုက်တက် ၊ အခြား အင်္ဂလိပ် အသင်းတွေနဲ့ အကြိမ် အနည်းငယ် ရင်ဆိုင်် ကစားခဲ့ဖူး ပါတယ် ။ အသင်းအတွက် အရာရာတိုင်း ပေးဆပ်ဖို့ သူဟာ အသင့်ရှိနေပြီလို့ ကျွန်တော် ယုံကြည်ပါတယ် ”

” ကျွန်တော့် အတွက်တော့ ဒါဟာ ဒဏ်ရာ လုံးဝကင်းစင်နေတဲ့ ပထမဆုံး ဘောလုံးရာသီ ပါပဲ ။ ကျွန်တော်ကတော့ လေ့ကျင့်ရေးတွေ ကောင်းမွန်စွာ လုပ်ဆောင်ရင်းနဲ့ ကစားချိန် မိနစ်တွေရရှိဖို့ စောင့်မျှော်နေမှာပါ ။ ဒါက ကျွန်တော့်ရဲ့ စိတ်ရင်း အမှန်ပါ ”

” ကျွန်တော်တို့ ဆုဖလားတွေ အများကြီး ၊ အများကြီး ရနိုင်ဖို့ မျှော်လင့်နေပါတယ် ။ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ကျွန်တော်တို့ ကစားပုံ ကောင်းမွန်ခဲ့ကြပြီး အမှတ်ပေး ဇယား အဆင့် 2 နေရာမှာ ရပ်တည် နိုင်ခဲ့ကြပါတယ် ။ ယူရို ပါလိဂ် ဖိုင်နယ်မှာတော့ ဗီလာ ရီးယဲကို ရှုံးနိမ့်ခဲ့ကြရ ပါတယ် ”

” ဒါပေမဲ့ ဘောလုံးအားကစား လောကမှာတော့ ဒုတိယ အကြိမ် အခွင့်အရေးဆိုတာမျိုးက အမြဲတမ်း ရှိနေတတ်ပါတယ် ။ ဒီနှစ်ကတော့ ကျွန်တော်တို့ အသင်းအတွက် ဆုဖလားတွေ အများကြီး ဆွတ်ခူးနိုင်ခွင့်ရှိတဲ့ နှစ်တစ်နှစ်လို့ပဲ တွေးထားပါတယ် ” လို့ ဘိုင်လီက ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar