အာဆင်နယ် အသင်းဟာ နွေရာသီ ပဉ္စမမြောက် ကစားသမား ခေါ်ယူမှု အဖြစ် ရှက်ဖီး ယူနိုက်တက် ဂိုးသမား အာရွန် ရမ်စ်ဒဲလ် ကို ပေါင် ၂၄ သန်း + Add-ons ၆ သန်း နဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ် ။ ရမ်စ်ဒဲလ် ဟာ ကျောနံပါတ် ၃၂ ဝတ်ဆင် ကစားသွားမှာပါ။

ရမ်စ်ဒဲလ် ဟာ အသက် ၂၃ နှစ် အရွယ်သာ ရှိသေးပြီး ယူရို ၂၀၂၀ ပြိုင်ပွဲဝင်မှာ အင်္ဂလန် လက်ရွေးစင် အသင်းမှာ ရွေးချယ် ခံခဲ့ရသူပါ ။ Squawka Football ရဲ့ ဖော်ပြချက် အရ ရမ်စ်ဒဲလ် ဟာ ပြီးခဲ့တဲ့ နှစ်နှစ် အတွင်း ပရီးမီးယားလိဂ် ရဲ့ ဂိုးပေါက် ကာကွယ်မှု အများဆုံး ဂိုးသမား ဖြစ်ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

အာရွန် ရမ်စ်ဒဲလ် ဟာ ၂၀၁၉-၂၀ နဲ့ ၂၀၂၀-၂၁ ဘောလုံး ရာသီ အတွင်း ဂိုးပေါက်တည့် ကန်ချက် ၃၉၇ ကြိမ်( နှစ်ရာသီ အတွင်း တခြားဂိုးသမားတွေအားလုံးထက် များတဲ့ ပမာဏပါ) ရင်ဆိုင် ခဲ့ရပြီး ၂၇၆ ကြိမ် ဂိုးပေါက် ကာကွယ်မှု ပြုလုပ် နိုင်ခဲ့သူပါ ။

ဒါ့အပြင် The Athletic ကလည်း ရမ်စ်ဒဲလ် ဟာ ပြီးခဲ့တဲ့ နှစ်ရာသီ အတွင်း အသက် ၂၃ နှစ် နှင့် အောက် ဂိုးသမားတွေထဲမှာ မိနစ်အများဆုံး ကစားထားသူ ဖြစ်တယ်လို့ ဖော်ပြထားပြီး စုစုပေါင်း ၆၈၄၀ မိနစ် ကစား ထားပါတယ် ။ ၂ နဲ့ ၃ မှာ ဒွန်နာရမ်မာ နဲ့ အူနိုင်း ဆိုင်မွန် တို့လို ဂိုးသမားတွေ ရှိနေကြတာ ဖြစ်ပါတယ် ။

လက်ရှိ အာဆင်နယ် အသင်းမှာ ပထမဂိုးသမား အဖြစ် လီနို ရှိနေပေမယ့် ပြိုင်ဆိုင်မှုကောင်းတွေ လိုအပ်တာကြောင့် ရမ်စ်ဒဲလ် ကို ခေါ်ယူ ခဲ့တာ ဖြစ်ပါတယ် ။ လီနို ဟာ ပြီးခဲ့တဲ့ ၆ လ အတွင်း လက်စွမ်းပိုင်း ကျလာခဲ့ပြီး ဘရန့်ဖိုဒ့် နဲ့ အဖွင့်ပွဲမှာလည်း အမှားတွေ လုပ်ခဲ့တာကြောင့် ဝေဖန် ခံခဲ့ရပါတယ် ။

အာဆင်နယ် အသင်းရဲ့ ဂိုးသမားသစ် ရမ်စ်ဒဲလ် က ပထမဆုံး အင်တာဗျူးမှာပဲ လီနို ရဲ့ နေရာကို အရယူသွားမယ်လို့ သတိပေး စကားဆို သွားခဲ့ပါတယ် ။ ” ယှဉ်ပြိုင်မှု က အဓိက သော့ချက်ပါပဲ ၊ ဘန်ဒ့် က ပြီးခဲ့တဲ့နှစ်တွေမှာ အံ့ဖွယ် လက်စွမ်းတွေ ပြသ ခဲ့သူပါ ၊ ကျွန်တော် ဒီကို ရောက်လာတာက သူ့ကို တွန်းအားပေးဖို့ နဲ့ သူ့ရဲ့နံပါတ် ၁ အင်္ကျီ ကို အရယူဖို့ပါ ။ ”

” ဒါ က ကျနော့်ရဲ့ ရည်မှန်းချက် ဖြစ်ပြီး သူ့အတွက်ကတော့ ကျနော့်ရှေ့မှာ ဆက်ရှိဖို့ ကြိုးစား ရမှာပါ ၊ ကောင်းမွန် မျှတတဲ့ ယှဉ်ပြိုင်မှုက အသင်းအတွက် ကောင်းတဲ့ အရာပါ ၊ ဂိုးသမား ဌာန နဲ့ အသင်း ကို မတူကွဲပြားတဲ့ အရာတွေ ယူဆောင် လာပေးနိုင်ဖို့ ကျွန်တော် မျှော်လင့် ထားပါတယ် ။ ”

” ကျွန်တော်တို့ အားလုံးမှာ မတူ ကွဲပြားတဲ့ အရည်အသွေးတွေ ရှိနေပြီးသားပါ ၊ကျွန်တော်တို့ အတူတကွ လက်တွဲ ချီတက်ပြီး ကြီးကျယ် ခမ်းနားတဲ့ အသင်း အဖြစ် တည်ဆောက် သွားနိုင်ဖို့ မျှော်လင့်ပါတယ် ။ ”

အာဆင်နယ် ပရိသတ်တွေအနေနဲ့ သူ့ဆီက ဘာတွေ မျှော်လင့် နိုင်သလဲ ဆိုတဲ့ မေးခွန်းကို ရမ်စ်ဒဲလ် က ” ကျွန်တော်က ဒီအသင်းအတွက် ကစားပေးချင်စိတ် ၊ ဂုဏ်ယူစိတ် အပြည့် ရှိသူတစ်ဦးပါ ၊ ကျွန်တော်က အဝေးဘော ပေးပို့မှုတွေလည်း လုပ်နိုင်သလို အနီးကပ် ပေးပို့မှုကိုလည်း သက်သောင့်သက်သာ လုပ်နိုင်ပါတယ် ။ ကွင်းလယ်ကိုလည်း ဘောလုံး ပေးပို့မှု လုပ်နိုင်သူပါ ။ ” လို့ ဆိုပါတယ် ။

SM