အာဆင်နယ် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဖြစ််သူ အီယန်ရိုက်က မန်ချက်စတာ ယူနိုက်တက် အသင်းတို့ ရာဖေးလ် ဗာရန်းကို ခေါ်ယူနိုင်ခြင်းက သူတို့ အသင်းကို ပိုမို ကြောက်မက်ဖွယ် ကောင်းတဲ့ အသင်း ဖြစ်စေနိုင်လိမ့်မယ်လို့ ပြောခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနှစ် နွေစျေးကွက်ထဲ ရီးယဲ မက်ဒရစ် အသင်းရဲ့ ဗဟို နောက်ခံလူ ရာဖေးလ် ဗာရန်းကို ပေါင် 43 သန်းနဲ့ ခေါ်ယူခဲ့ပြီး အသင်းရဲ့ ခံစစ်ပိုင်းကို ပိုမို တောင့်တင်း အားကောင်းသွားစေနိုင်ခဲ့ ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

အခုတော့ ယူနိုက်တက် အသင်းရဲ့ ဗဟို ခံစစ် နေရာမှာ ဟယ်ရီ မက်ဂွားယား ၊ ရာဖေးလ် ဗာရန်း ၊ ဗစ်တာ လင်ဒီလော့ဖ် နဲ့ အဲရစ် ဘိုင်လီတို့ ရှိနေကြပါပြီ ။ ဒါ့အပြင် ညာဖက် ဘယ်ဖက် အခြမ်းမှာလည်း ခံစစ် ကစားပုံ ကောင်းကြတဲ့ လုခ်ရှော နဲ့ ဘစ်ဆာကာတို့ ရှိနေပါပြီ ။

ဒါ့ကြောင့် ယူနိုက်တက်တို့ဟာ ဒီနှစ်မှာ ကွင်းလယ်ခံစစ် ကစားသမား နှစ်ဦးအထိ အသုံးပြုဖို့ သိပ်ပြီး လိုအပ်မှာ မဟုတ်ကြောင်း ၊ ကွင်းလယ် တိုက်စစ် ကစားသမား နှစ်ဦး အသုံးပြုရင်း တိုက်စစ်ကို ပိုပြီး အသားပေး ကစားနိုင်လိမ့်မယ်လို့ အီယန်ရိုက်က ထင်မှတ်နေပါတယ် ။

ဒါ့အပြင် အီယန်ရိုက်က ယူနိုက်တက် အသင်းရဲ့ ခံစစ်ကြောင်းမှ ဗာရန်း ၊ မက်ဂွားယား နဲ့ လုခ်ရှော တို့ကို ကမ္ဘာ့အဆင့် ကစားသမားတွေလို့ ပြောခဲ့လိုက်ပြီး ဘစ်ဆာကာကိုလည်း ဒီလိဂ်ရဲ့ အကောင်းဆုံး ခံစစ် ကစားနိုင်တဲ့ ညာခံစစ် ကစားသမား လို့ ချီးကျူးခဲ့လိုက် ပါတယ် ။

” ဗာရန်း နဲ့ ​ပတ်သက်လို့ ပြောရရင် သူဟာ ကစားသမား ဘဝရဲ့ အကောင်းဆုံး အချိန်မှာ မန်ချက်စတာ ယူနိုက်တက်် အသင်းဆီ ရောက်လာခဲ့တယ်လို့ ဆိုရပါ့မယ် ။ ဒါဟာ အရမ်းကို ကောင်းမွန်လွန်းတဲ့ ကစားသမား ခေါ်ယူမှု တစ်ခုပါ ။ သူဟာ ထိပ်တန်း ကစားသမား တစ်ဦးပဲလေ ”

” ဝမ် ဘစ်ဆာကာဟာ ဒီလိဂ်ရဲ့ အကောင်းဆုံး ညာခံစစ် ကစားသမား ဖြစ်နေသေးတယ်လို့ ကျွန်တော် ခံစားနေရပါတယ် ။ လင်ဒီလော့ဖ် ကလည်း မက်ဂွားယားနဲ့ တွဲဖက်ပြီး အလုပ်ကောင်းကောင်း လုပ်ပြနိုင်ခဲ့ပြီးပါပြီ ။ ဒါပေမဲ့ လက်ရှိ အနေအထားကို ကြည့်ရှုလိုက်ပါ ”

” အခုတော့ သူတို့တွေက ဟယ်ရီ မက်ဂွားယားနဲ့ တွဲဖက် ကစားစေဖို့ ကမ္ဘာ့အဆင့် ခံစစ်မှူး တစ်ဦးကို ပိုင်ဆိုင်ထားကြပါပြီ ။ လုခ်ရှော ကလည်း ကမ္ဘာ့ အဆင့် ကစားသမား တစ်ဦးပါ ။ ဒါကိုလည်း ကျွန်တော်တို့ ယူရို ပြိုင်ပွဲမှာ မြင်ခဲ့ပြီးပါပြီ ။ ယူနိုက်တက် ခံစစ်က ကောင်းလွန်းနေပါပြီ ”

” သူတို့တွေဟာ အရင်က ထိပ်တန်းအသင်းတွေနဲ့ ကစားရတဲ့ အခါ ကွင်းလယ်ခံစစ် ကစားသမား နှစ်ဦး သုံးခဲ့ကြ ပါတယ် ။ ဒါပေမဲ့ ဗာရန်း ရောက်ရှိလာခြင်းကြောင့် သူတို့ဟာ တိုက်စစ် အားသန်တဲ့ နောက်ထပ် ကစားသမား တစ်ဦး အသုံးပြုနိုင်ခွင့် ရရှိသွားကြပါပြီ ။ ဗာရန်းက လျင်မြန်သူဖြစ်ပြီး နေရာလွတ် မပေးပဲ ဖြည့်ကစားနိုင်တယ်လေ ”

” အခု ကျွန်တော်တို့က ယူနိုက်တက်အသင်းရဲ့ ခံစစ်ပိုင်း အစုအဖွဲ့ အကြောင်း ပြောနေကြတာပါ ။ သူတို့သာ လုံနေရင် တိုက်စစ်မှာလည်း အရည်အသွေး ကောင်းတဲ့သူတွေ ရှိနေကြပါသေးတယ် ။ ဒါက ကြောက်မက်ဖွယ် ပါပဲ ” လို့ အီယန်ရိုက် က ချီးကျူး သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar