အာဆင်နယ် နည်းပြ အာတီတာ က သူဟာ ကွင်းလယ်လူ ရှာကာ ကို အသင်းမှာ ဆက်ရှိနေစေချင်တဲ့ ဆန္ဒ အမြဲတမ်း ရှိပြီး ဆွစ်ဇာလန်သားဟာ အာဆင်နယ် အသင်း အတွက် အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်တယ်လို့ ပြောကြား သွားခဲ့ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ဆွစ်ဇာလန် အသင်း ခေါင်းဆောင် ဂရန်းနစ် ရှာကာဟာ ဒီနွေရာသီ အစောပိုင်း ကာလမှာ ရိုးမား အသင်းကို ပြော​င်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် စီရီးအေ အသင်းဟာ အာဆင်နယ် အသင်း လိုချင်တဲ့ ပြောင်းရွေ့ကြေးကို ကမ်းလှမ်း နိုင်ခဲ့ခြင်း မရှိပါဘူး ။

အခု အခါမှာ ဂရန်းနစ် ရှာကာ ဟာ အာဆင်နယ် အသင်းမှာ ၂၀၂၅ ခုနှစ် ဇွန်လထိ သက်တမ်း ရှိတဲ့ စာချုပ်သစ် ကို လက်မှတ် ရေးထိုးခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ် ။ အာတီတာ က ရှာကာဟာ သူ့ရဲ့ အတွေ့အကြုံတွေနဲ့ လူငယ် ကြယ်ပွင့်တွေကို အကူအညီ ပေးနိုင်မယ်လို့ ယူဆ ထားတာကြောင့် သက်တမ်း တိုးခဲ့တာပါ ။

အာဆင်နယ် နည်းပြ အာတီတာ ဟာ ဘရန့်ဖိုဒ့် အသင်း နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ အူဘာမီယန်း ၊ လာကာဇက် တို့ မပါနိုင်တာကြောင့် ကွင်းလယ်လူ ရှာကာ ကို အသင်း ခေါင်းဆောင် အဖြစ် ကစား စေခဲ့ပါတယ် ။

ရှာကာ ဟာ အရင်တုန်းက အာဆင်နယ် အသင်းရဲ့ ပထမ အသင်း ခေါင်းဆောင် ဖြစ်ပေမယ့် ခရစ္စတယ်ပဲလေစ့် အသင်း နဲ့ ပွဲမှာ ပရိသတ်တွေ နဲ့ ပြဿနာ ဖြစ်ပြီး ခေါင်းဆောင် ရာထူး ကနေ ဖယ်ရှား ခံခဲ့ရသူ ဖြစ်ပါတယ် ။

အာတီတာ က ချဲလ်ဆီး နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ” ကျွန်တော်တို့ သူ့(ရှာကာ) ကို ဘယ်တုန်းကမှ ထွက်ခွာခွင့် မပြုခဲ့ပါဘူး ၊ အသင်းမှာ သူ့ရဲ့ အခန်း ကဏ္ဏ ဘယ်လို ရှိသလဲ ဆိုတာ သေချာ ရှင်းပြ ခဲ့ပါတယ် ၊ သူက ဘယ်လောက်အထိ အရေးပါသလဲ ပေါ့ဗျာ ။ ”

” သူ့အတွက် ခက်ခဲတဲ့ အခိုက်အတန့် တစ်ချို့ ရှိခဲ့ပေမယ့် ကျော်ဖြတ် ပြ နိုင်ခဲ့ပါတယ် ၊ သူ ဘယ်လို တုန့်ပြန်ပြီး နေရာပြန်ရလာ ခဲ့သလဲ ဆိုတာ အားလုံး သိကြမှာပါ ၊ သူက ကွင်းထဲမှာကော အဝတ်လဲခန်း အတွင်းမှာ အားလုံးရဲ့ လေးစားမှုကို ရရှိ ထားသူ ဖြစ်ပါတယ် ။ ”

” သူ က အသင်းအတွက် အရေးပါတဲ့ ပုံရိပ်လို့ ကျနော်တို့ ယုံကြည် ထားပါတယ် ၊ လူငယ် ကစားသမားတွေရဲ့ ဖွံဖြိုး တိုးတက်မှုအတွက် သူ့လို ကစားသမားမျိုးကို လိုအပ်ပါတယ် ၊ ပြောရတာတော့ ခက်ပါတယ် လူတွေက အသင်းအတွင်းမှာ ဘာတွေ ဖြစ်နေသလဲမှ သေချာမသိကြတာဗျာ ။ ”

“လူတွေက ကစားသမားရဲ့ စွမ်းဆောင်ရည် ကစားပုံကိုပဲ ကြည့်ပြီး ဝေဖန် ဆန်းစစ် နေကြပါတယ် ၊ သူ့ကို ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ ကျွန်တော်တို့ဘက်က ကြည့်ရင် သူက အသင်းအတွက်ကော ကစားသမားတွေ အတွက်ပါ အရေးပါသူဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM