လက်ရှိ အပြောင်းအရွှေ့ကာလမှာ ပရီးမီးယားလိဂ် ထိပ်သီး အသင်းကြီးတွေ ရဲ့ အပြောင်းအရွှေ့ လှုပ်ရှားပုံကို ကြည့်လိုက်မယ် ဆိုရင် လီဗာပူး က အငြိမ်ဆုံး ဖြစ်နေတာ တွေ့ရကြရမှာပါ။ အသင်းအားပေးသူ ပရိသတ်တွေ အကြားမှာလဲ ဝိုင်နယ်ဒမ် ရဲ့ နေရာကို အစားထိုး ခေါ်ယူခြင်း မရှိတာ နဲ့ ပတ်သက်ပြီး ဆက်တိုက် ဝေဖန်ခဲ့သလို ၊ အာဖရိက ဖလားပြိုင်ပွဲ ရှိနေတာကြောင့် တိုက်စစ် ကစားသမား တဦး ဖြည့်တင်းခြင်း မရှိတာ နဲ့ ပတ်သက်လို့လဲ ထောက်ပြမှုတွေ ရှိခဲ့ပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

အဲဒီ ပြောဆိုမှုတွေ နဲ့ ပတ်သက်လို့ လီဗာပူး အသင်းရဲ့ နည်းပြကြီး ယာဂန် ကလော့ပ်က အခုလို တုန့်ပြန်ခဲ့ဖူးပါတယ်။

“ အခြား အသင်းတွေ ရဲ့ အပြောင်းအရွှေ့တွေ နဲ့ ယှဉ်ပြီး ပြောနေကြတာက စုံတွဲအချင်းချင်း ယှဉ်ပြောနေကြသလိုပါပဲ။ ကိုယ့်စိတ်ထဲမှာ တခြား ကောင်မလေး တယောက် က ပိုလှနေတယ် ထင်ရင် ၊ အနီးဆုံးမှာ ရှိတဲ့သူက တနေကုန် စိတ်ဆိုးနေတော့မှာပေါ့” လို့ ဥပမာ ပေးကာ ပြောဆိုခဲ့ဖူးပါတယ်။

ကလော့ပ် ရဲ့ စကားလုံးတွေဟာ အသင်းမှာ ရှိနှင့်ပြီးသား ကစားသမားတွေ ကို ရည်ညွှန်းတယ် ဆိုတာ လီဗာပူး ပရိသတ်တိုင်း သဘောပေါက်ခဲ့ကြပါတယ်။

ပွဲစဉ် 2 ပွဲ ကစားအပြီးမှာတော့ သူ့ရဲ့ စကားလုံးတွေက အပိုလုပ်ပြီး ပြောဆိုတာမျိုး မဟုတ်ဘူး ဆိုတာ ပရိသတ်တိုင်း မြင်တွေ့နေရပါပြီ။ အဖွင့်ပွဲစဉ်မှာ နော့ဝှစ် က ဘောလုံးကိုင်ထားတဲ့ အကြားက 3 ဂိုး အထိ ရအောင် သွင်းယူပြခဲ့သလို ၊ မနှစ်က အန်ဖီးကို လာပြီး အောင်ပွဲခံခဲ့တဲ့ ဘန်လေ ကိုလဲ ဒီညမှာ အနိုင်ယူပြလိုက် ပြန်ပြီ ဖြစ်ပါတယ်။

ဝိုင်နယ်ဒမ် ထွက်ခွာသွားပေးမယ့် ကလော့ပ်ဟာ သူ့ရဲ့ ကွင်းလယ် ကစားသမားစုဖွဲ့မှုမှာ ရွေးချယ်စရာတွေ အများကြီးရှိကြောင်း မတူညီတဲ့ Line Up ပုံစံတွေ နဲ့ သက်သေပြသွားခဲ့ ပါတယ်။ နော့ဝှစ်ချ် နဲ့ ပွဲမှာ မေလ်နာ ၊ ကီတာ ၊ ချန်ဘာလိန် တို့ အတွဲကို ထုတ်သုံးစွဲခဲ့ပြီး ၊ ဘန်လေ နဲ့ ပွဲမှာတော့ အယ်လီယော့ ၊ ဟန်ဒါဆင် ၊ ကီတာ တို့ အတွဲကို ပြောင်းလဲ အသုံးပြုခဲ့ပါတယ်။

ဒါ့အပြင် ကွင်းလယ် ကစားပုံက ဖန်တီးမှု ပိုင်းမှာရော ၊ ထိန်းချုပ်မှု အပိုင်းမှာပါ လုံး၀ ကျဆင်းသွားခြင်း မရှိတာကြောင့် ကလော့ပ် ရဲ့ ပြောဆိုမှုတွေက မှန်ကန်နေပြီ ဖြစ်တယ်လို့ အသိအမှတ်ပြုရတော့မှာ ဖြစ်ပါတယ်။

ရော်ဘတ်ဆန် ဒဏ်ရာ ရနေပေမယ့် ၊ သူ့ရဲ့ နေရာကို အစားထိုး ဝင်ရောက် ကစားခဲ့တဲ့ စီမီကတ် က အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနေတဲ့ အပြင် ၊ ဒီညမှာ အဖွင့်ဂိုး ကိုပါ ဖန်တီးပြသွားခဲ့ပါတယ်။ ဒါ့အပြင် တိုက်စစ် ကစားသမားတွေ အကြားမှာလဲ ဆာလတ် ၊ ဖာမင်နို ၊ မာနေး တို့က တဂိုးစီ အသီးသီး သွင်းယူထားကာ ၊ ဂျိုတာ က 2 ဂိုး အထိ သွင်းယူပေးထားပါတယ်။

နှစ်ပွဲ ကစားပြီး Clean Sheet နှစ်ပွဲ စလုံး ရယူပြထားတဲ့ လီဗာပူး ရဲ့ ခံစစ် ကစားပုံကလဲ တော်တော် ချီးကျူးဖို့ ကောင်းပါတယ်။ ဒဏ်ရာ ကနေ ပြန်လည် သက်သာလာတဲ့ ဗန်ဒိုက် + မာတစ် အတွဲဟာ ပရီးမီးယားလိဂ် ပွဲစဉ် 1 ပွဲသာ ရှုံးနိမ့်ထားဖူးသေးပြီး ၊ ပရီးမီးယားလိဂ် ရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး ခံစစ်အတွဲ ဖြစ်တောင် ရပ်တည်လျှက် ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဘောလုံး ရာသီက ဒဏ်ရာပြသနာတွေ ဆက်တိုက် နှိပ်စက်ခဲ့လို့ ခံစစ် စုဖွဲ့မှုရော ၊ ရလာဒ်တွေ ပါ ဆက်တိုက် ယိမ်းယိုင်ခဲ့တဲ့ လီဗာပူးဟာ ဒီရာသီမှာတော့ သေသပ်လှပဆုံး စွမ်းဆောင်ရည်တွေ နဲ့ ရာသီအစ ကို ကန့်လန့်ကာ ဖွင့်လျှက် ရှိနေပါတယ်။

ယာဂန် ကလော့ပ် ပြောဖူးတဲ့ အသင်းလိုက် စည်းလုံး ညီညွတ်မှု က ငွေနဲ့ ပေးဝယ်လို့ မရဘူး ၊ အန်ဖီး ပရိသတ်မျိုးတွေ က ငွေနဲ့ ပေးဝယ်လို့ မရဘူး ၊ Counter Pressing က ငွေနဲ့ ပေးဝယ်လို့ မရဘူး ဆိုတဲ့ စကားလုံးတွေဟာ ယုံကြည်မှု အပြည့်နဲ့ ပြောဆိုခဲ့တယ် ဆိုတာ ရလာဒ်တွေက သက်သေခံလျှက် ရှိနေပါတယ်။

လီဗာပူး ပရိသတ်တွေ ကတော့ သူ့တို့ နည်းပြကြီး ရဲ့ စကား အတိုင်း အနီးနား က ကောင်မလေး ကို ပိုပြီး တန်ဖိုးထားလာတော့မှာ အသေအချာပါပဲဗျာ………

SM