လီဗာပူးဟာ သူတို့ရဲ့ ပရိတ်သတ်တွေကို အန်ဖီးမှာ အနိုင် ၃ မှတ်နဲ့ အတူ လက်ဆောင်ပေးသွားခဲ့ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ ၁၈ လအတွင်း ပထမဦးဆုံး အကြိမ် အဖြစ် အိမ်ကွင်းပရိတ်သတ် အပြည့်ရှေ့မှောက်မှာ ကစားခဲ့ပြီး ဘန်လေဟာ ဒီရာသီ ၎င်းတို့ရဲ့ ဒုတိယမြောက် သားကောင် ဖြစ်လာခဲ့ပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ဘန်လေဟာ ဒီပွဲမတိုင်မီ အန်ဖီးမှာ နောက်ဆုံး ၂ ပွဲဆက် ရှုံးနိမ့်ခဲ့ခြင်း မရှိခဲ့ပေမယ့်လည်း ဒီယေဂိုဂျိုတာက ပထမပိုင်းမှာတင် လီဗာပူးအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဘန်လေကလည်း လီဗာပူး ဘက်ကို ကောင်းကောင်း ပြန်လည် တုန့်ပြန်နိုင်ခဲ့ပေမယ့် ပထမပိုင်းမှာ ၁-၀ နဲ့ ရှုံးနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ မာနေးဟာ အလက်ဇန်းဒါးအားနိုးရဲ့ ဖန်တီးမှုကနေ တဆင့် လီဗာပူးအတွက် အနိုင်သေချာစေမယ့်ဂိုး သွင်းယူပေးခဲ့ပြီး ကလော့ရဲ့ အသင်းဟာ ဒီရာသီ ၂ ပွဲကစား ၂ ပွဲစလုံး အနိုင်ရရှိထားခဲ့ပါတယ်။

ဒီပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာတွေ ကတော့

၁~အကောင်းဆုံးခြေစွမ်းမဟုတ်ပေမယ့် အလုပ်ပြီးမြောက်ခဲ့တဲ့ လီဗာပူး
ဒါဟာ လီဗာပူးရဲ့ အကောင်းဆုံး ခြေစွမ်းတော့ မဟုတ်ခဲ့ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် လီဗာပူးဟာ ပွဲချိန်အများစုမှာ ခြေစွမ်းပိုင်း တည်ငြိမ်ခဲ့ပြီး ခံစစ်ပိုင်းမှာ သိပ်ပြီး ပြသနာ မရှိခဲ့ပါဘူး။ ဘန်လေဟာ ပထမပိုင်းမှာ ကစားပုံကောင်းခဲ့ကာ လီဗာပူးကို ဖိအားပေးနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ဘန်းရဲ့ သွင်းဂိုးကလည်း လူကျွံခဲ့ပါတယ်။ ၁-၀ နဲ့ အန္တရာယ်ရှိတဲ့ ဦးဆောင်မှု ဖြစ်ပေမယ့် လီဗာပူးဟာ ဒုတိယပိုင်းမှာ ပွဲကို လွှမ်းမိုးကစားခဲ့ကာ မာနေးက ၂-၀ ဖြစ်စေမယ့် ဂိုးကို သွင်းယူခဲ့ပါတယ်။

လီဗာပူးဟာ သူတို့ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ ရာသီတုန်းကလည်း ပွဲအများစုကို အနိုင်ရရုံလောက်သာ ကစားခဲ့ပါတယ်။ ဒီပွဲစဉ်မှာလည်း မာဆေးဆိုက် ကလပ်ဟာ second gear မသုံးဘဲ အနိုင် ၃ မှတ် ရယူနိုင်ခဲ့ပါတယ်။

 

၂~ပွဲထွက်နေရာနဲ့ ထိုက်တန်ကြောင်း သက်သေပြခဲ့တဲ့ ဂျိုတာ
ဂျိုတာဟာ ဒီရာသီ လီဗာပူးရဲ့ ပထမဦးဆုံး ဂိုးကို သွင်းယူပေးခဲ့သလို ဒီရာသီ အန်ဖီးရဲ့ ပထမဦးဆုံး ပွဲမှာလည်း ဂိုးထပ်မံ သွင်းယူခဲ့ပါတယ်။ ပေါ်တူဂီစတားဟာ သူ့ရဲ့ ပထမရာသီမှာ ဒဏ်ရာပြသနာကြောင့်သာ မဟုတ်ဘူး ဆိုရင် လီဗာပူးရဲ့ ပွဲထွက် ကစားသမား ဖြစ်နေလောက်ပါပြီ။ ပြီးခဲ့တဲ့ ရာသီတွေက ဖာမီနိုရဲ့ သွင်းဂိုး ခြောက်ခမ်းမှုကြောင့် ဒီရာသီမှာ ဂျိုတာကို ပွဲထွက်ခွင့် ပေးသင့်ကြောင်း လူတော်တော်များများ တောင်းဆိုခဲ့ကြပါတယ်။

ဝုဖ်တိုက်စစ်မှုးဟောင်းဟာ တိုက်စစ်မှုးတစ်ဦးရဲ့ instinct ကို ပြသခဲ့ပြီး ဆီမီကတ်စ်ရဲ့ ဖြတ်တင်ဘောကို ဘန်လေ ခံစစ်ကို လှည့်ဖျားကာ ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ ဂျိုတာ အနေနဲ့ ဒီရာသီမှာ ၂ ပွဲကစား ၂ ဂိုး သွင်းယူထားပြီး ဖြစ်ကာ ဒဏ်ရာပြသနာ ကင်းစင်ခဲ့မယ်ဆိုရင် လီဗာပူးရဲ့ ပွဲထွက်ကစားသမား အဖြစ် ဖာမီနိုကို ကျော်ကာ နေရာရမှာ ဖြစ်ပါတယ်။ ဘရာဇီးစတားဟာ ပွဲချိန်နှောင်းပိုင်းမှာ လူစားဝင်ကစားခဲ့ပေမယ့်လည်း ဂျိုတာကတော့ လီဗာပူးရဲ့ အဓိက ကစားသမား အဖြစ် တိုက်စစ်မှာ သူ့ရဲ့ အရည်အသွေးကို သက်သေပြနေပါတယ်။

 

 

၃~အန်ဖီးပရိတ်သတ်ရဲ့ အင်အား
ရက်ပေါင်းအတော်ကြာပြီးမှ ကွင်းလုံးပြည့်လာရောက်အားပေးခဲ့တဲ့ အန်ဖီးပရိတ်သတ်ရဲ့ ‘You’ll Never Walk Alone’ သီချင်းသံဟာ ဘယ်အသင်းကိုပဲ အားပေးသည် ဖြစ်စေ တကယ့်ကို စိတ်လှုပ်ရှားဖို့ကောင်းတယ် ဆိုတာ ဝန်ခံရမှာ ဖြစ်ပါတယ်။ အန်ဖီးမှာ တစ်နှစ်ခွဲတာ ကာလအတွင်း ပထမဦးဆုံး အကြိမ် ကွင်းလုံးပြည့် ပရိတ်သတ်ကို ပြန်လည် မြင်တွေ့ခဲ့ရပြီး ၎င်းတို့ရဲ့ လွှမ်းမိုးမှုဟာ ချက်ချင်းဆိုသလို သိသာလှပါတယ်။

 

နစ်ပုတ်ရဲ့ အချိန်ဆွဲကစားမှုကို ဖိအားပေးတာတွေ ၊ ဘောလုံးယှဉ်လုရာမှာ ကိုယ့်အသင်း အသာရမှုတွေ အပေါ် အော်ဟစ်အားပေးမှုတွေဟာ အိမ်ရှင်အတွက် အားသာချက်တွေ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီရဲ့ ကာလအများစုမှာတော့ ဒါတွေ မရှိခဲ့ဘဲ အိမ်ကွင်း အားသာချက်ဆိုတာ ကင်းမဲ့ခဲ့ပါတယ်။ ရုတ်တရက်ဆိုသလိုပဲ ဒီရာသီမှာ ကျွန်တော်တို့ အနေနဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းနိုင်ပွဲတွေကို ပိုမို မြင်တွေ့ရဖို့ ရှိနေပါတယ်။

၄~ကလော့ရဲ့ ယုံကြည်မှုကို ရရှိခဲ့တဲ့ အယ်လီယော့
ဆယ်ကျော်သက် ကစားသမားဟာ လီဗာပူးအတွက် ပထမဦးဆုံး ပရီးမီးယားလိဂ် ပွဲဦးထွက်ကို ရရှိခဲ့ပါတယ်။ အယ်လီယော့ အနေနဲ့ အန်ဖီးမှာ သူ့ရဲ့ အခွင့်အရေးအတွက် စိတ်ရှည်ခဲ့ရပြီး ပြီးခဲ့တဲ့ရာသီက ဘလက်ဘန်းမှာ အငှားထွက်ကစားမှုဟာ အကျိုးများခဲ့ပါတယ်။ ရာသီကြို ကာလမှာ ၎င်းရဲ့ ခြေစွမ်းပြ ကစားခဲ့မှုကလည်း ကလော့ရဲ့ ယုံကြည်မှုကို ရရှိစေခဲ့ပြီး ဒီရာသီ နည်းပြရဲ့ အစီအစဉ်မှာ သေချာပေါက် ပါဝင်လာခဲ့ပါတယ်။

ကလော့ဟာ ဒီပွဲစဉ်မှာ စီနီယာ ကစားသမား တစ်ချို့ကို ကျော်ကာ အယ်လီယော့ကို ပွဲထွက်ခွင့် ပေးခဲ့ပြီး အသက် ၁၈ နှစ်အရွယ် ကစားသမားဟာ ဆာလား အတွက် အကောင်းဆုံး ဖန်တီးပေးခဲ့ပေမယ့်လည်း လူကျွံနေတာကြောင့်သာ assist မရခဲ့တာပါ။ ဒီပွဲစဉ်ရဲ့ ခြေစွမ်းအရ ဖူဟမ် ကစားသမားဟောင်းဟာ လာမည့်လတွေမှာ လီဗာပူးအတွက် ပွဲကစားချိန်တွေ ရရှိမှာ သေချာနေပါတယ်။

 

 

၅~နံပါတ် ၁-၁၁
ဒီပွဲစဉ်တွေ ဘောလုံးပရိတ်သတ်တွေ မြင်တွေ့ရလေ့ မရှိတဲ့ အရာကို မြင်ခဲ့ရပါတယ်။ တကယ်တော့ ဒါဟာ လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် မြင်ခဲ့၇တာ ဖြစ်ပါတယ်။ အဆိုပါအချိန်တုန်းက ချာတန်ဟာ နံပါတ် အစဉ်လိုက်ဖြစ်တဲ့ ၁ ကနေ ၁၁ ထိ ကစားသမားတွေကို ပွဲထွက်စာရင်းမှာ အသုံးပြုသွားခဲ့ပါတယ်။ ဘန်လေဟာ ယနေ့ည အန်ဖီးမှာ ဒီလိုမျိုး လုပ်သွားခဲ့ပြီး first team line-up ကို အခြေခံကာ နံပါတ်တွေ ပေးထားခဲ့တဲ့ ပုံစံပါပဲ။

နောက်တန်း အစွန်လူတွေဟာ နံပါတ် ၂ နဲ့ ၃ ကို ဝတ်ဆင်ခဲ့ပြီး ဗဟိုနောက်ခံလူ ၂ ဦးဟာ နံပါတ် ၅ နဲ့ ၆ ကို ဝတ်ဆင်ခဲ့ပါတယ်။ တောင်ပံကစားသမားတွေက နံပါတ် ၇ နဲ့ ၁၁ ဖြစ်ပြီး ကွင်းလယ်လူ ၂ ဦး ကတော့ နံပါတ် ၄ နဲ့ နံပါတ် ၈ ဖြစ်ပါတယ်။ တိုက်စစ်မှုး ၂ ဦး ကတော့ နံပါတ် ၉ နဲ့ ၁၀ ကို ဝတ်ဆင်သွားခဲ့ပါတယ်။ ဒါမျိုးဟာ ဖြစ်လေ့ဖြစ်ထ မရှိဘဲ ထူးထူးခြားခြား နေ့တစ်နေ့ ဖြစ်ပါတယ်။ ဘန်လေတို့ ဒါမျိုး ထပ်လုပ်အုံးမလား ဆိုတာကတော့??

SM