ဝက်စ်ဟမ်း အသင်း ရဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ် ကစားသမား ဒက်ကလန် ရိုက်စ် က သူ့ရဲ့ ပြောင်းရွှေ့ကြေး တန်ဖိုး နဲ့ ပတ်သက်ပြီး ပေါင် သန်း 100 သတ်မှတ်ထားတဲ့ အပေါ် ဘဝင်မကျပဲ ဖြစ်နေပါတယ်။

လက်ရှိ စာချုပ်သက်တမ်း က 3 နှစ် သက်တမ်းအထိ ကျန်ရှိနေသေးသည့်တိုင်အောင် ၊ ဝက်စ်ဟမ်း ဘက်က စာချုပ်သစ် ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့သော်လဲ ဆက်လက် စာချုပ် ချုပ်ဆို့ ဆန္ဒမရှိသေးကြောင်း တုန့်ပြန်ထားပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

လက်ရှိ အပြောင်းအရွှေ့ ကာလမှာ ဝက်စ်ဟမ်းဟာ ကစားသမားသစ် ခေါ်ယူမှု လုံး၀ မရှိသေးတဲ့ တခုတည်းသော ပရီးမီးယားလိဂ် ကလပ် အဖြစ် ရပ်တည်လျှက် ရှိနေပြီး ၊ ရိုက်စ် ကို စည်းရုံးတဲ့ အနေနဲ့ အနာဂတ်မှာ အောင်မြင်တဲ့ အသင်းမျိုး တည်ဆောက်ဖို့ ကြိုးစားနေဆဲ ဖြစ်တယ် ဆိုတာ ပြသထားခြင်း မရှိပြန်ပါဘူး။

ကာယကံရှင် ကစားသမား ကိုယ်တိုင် ကတော့ လက်ရှိ ဘောလုံးရာသီမှာ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေ နဲ့ ပေးဆပ်သွားဖို့ ဆုံးဖြတ်ထားသည့် တိုင်အောင် ချန်ပီယံလိဂ် ပြိုင်ပွဲ ကစားရင်း ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ ရည်ရွယ်ထားတဲ့ သူ့ရဲ့ အိပ်မက်တွေကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။

ချဲဆီး နဲ့ ယူနိုက်တက် တို့ဟာ ဒက်ကလန် ရိုက်စ် ရဲ့ စွမ်းဆောင်ရည်တွေ ကို သဘောကျတဲ့ ကလပ်တွေ ဖြစ်ပြီး ၊ လက်ရှိ အပြောင်းအရွှေ့မှာပဲ ခေါ်ယူချင်တဲ့ စိတ်ကူးမျိုးတွေ ရှိခဲ့ကြသည့်တိုင်အောင် ဝက်စ်ဟမ်း ဘက်က တောင်းဆိုတဲ့ ပေါင် သန်း 100 မျိုး အထိ ပေးချေလိုခြင်း မရှိသည့်အတွက် ငြိမ်နေခဲ့တာ ဖြစ်ပါတယ်။

ပေါင် သန်း 100 ဆိုတဲ့ ပမာဏ က လူကာကို ရဲ့ ပြောင်းရွှေ့ကြေးထက်တောင် များနေဆဲ ဖြစ်ပါတယ်။

ဝက်စ်ဟမ်း ဟာ ဒီရာသီမှာ ယူရို ပါလိဂ် ပြိုင်ပွဲ ယှဉ်ပြိုင် ကစားရမှာ ဖြစ်သော်လဲ ၊ ဂျဆီ လင်ဂတ် က ယူနိုက်တက် ကို ပြန်သွားပြီ ဖြစ်တာကြောင့် သူတို့ရဲ့ ကစားသမား စာရင်း က ပြီးခဲ့တဲ့ ဘောလုံးရာသီ ကထက်တောင် ပိုလို့ အင်အားနည်းပါးလျှက်ရှိနေပါတယ်။

တကယ်လို့သာ လက်ကျန် အပြောင်းအရွှေ့ ကာလအတွင်း လင်ဂတ် ကို အပြီးသတ် သော်လည်းကောင်း ၊ အငှားနဲ့ သော်လည်းကောင်း ပြန်လည် ခေါ်ယူဖို့ ကြိုးစားလာမယ် ဆိုပါက ယူနိုက်တက် ဘက်က ရိုက်စ် ရဲ့ အပြောင်းအရွှေ့ အတွက် နောက်တကြိမ် စုံစမ်းမှုမျိုးတွေ လုပ်ဆောင်လာဖွယ် ရှိတယ်လို့ ယူဆရပါတယ်။

နွေရာသီ အားလပ်ရက် ကာလအတွင်း သူဟာ ပရီးမီးယားလိဂ် ဖလား နဲ့ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ အင်္ဂလန် လက်ရွေးစင် ကစားဖော်တွေ နဲ့ အတူတူ ဖြတ်သန်းခဲ့တာသလို ၊ ကစားဖော် အများစုကလဲ အသင်းပြောင်း ကစားဖို့ အလေးအနက်ထား စဉ်းစားသင့်ပြီ ဖြစ်ကြောင်း တိုက်တွန်းခဲ့ကြပါတယ်။

ယူနိုက်တက် နဲ့ ချဲဆီး တို့အပြင် ၊ လာမယ့် ဘောလုံးရာသီမှာ ဖာနန်ဒင်ဟို နဲ့ လမ်းခွဲနိုင်တဲ့ မန်စီးတီး ကလဲ အဲဒီ ကွက်လပ် ကို ဖြည့်တင်းဖို့ ရိုက်စ် ရဲ့ အနေအထား ကို အနီးကပ် စောင့်ကြည့်လာဖွယ် ရှိနေပါတယ်။

Telegraph သတင်း ဌာန ကတော့ ရိုက်စ် ဟာ ဝက်စ်ဟမ်း ဘက်က ကမ်းလှမ်းလာတဲ့ စာချုပ်သစ် ကမ်းလှမ်းမှု 2 ကြိမ် အထိ ပယ်ချထားခဲ့ပြီး ၊ နောက်ထပ် သက်တမ်း တိုးဖို့ စိတ်ကူး မရှိတော့တဲ့ အကြောင်း ပြောဆိုခဲ့တယ်လို့ နားလည်ရပါတယ်။ တကယ်လို့ ဒီရာသီ ကုန်ဆုံးသွားချိန်ရောက်ရင် ၊ သူ့ရဲ့ စာချုပ် အနေအထားက နောက်ဆုံး 2 နှစ် အတွင်း ဝင်ရောက်လာမှာ ဖြစ်တာကြောင့် ဝက်စ်ဟမ်း အနေနဲ့ ပြောင်းရွှေ့ကြေး ကို လျှော့ပေါ့ပြီး စဉ်းစားလာဖွယ် ရှိပါတယ်။

တချိန်တည်းမှာပဲ ချဲဆီး နဲ့ ယူနိုက်တက် တို့ဟာ ရိုက်စ် ကို ပေါင် သန်း 60-70 ဝန်းကျင် နဲ့ ခေါ်ယူခွင့် ရှိမယ် ဆိုပါက ထိုက်သင့်တဲ့ ရင်းနှီးမြုပ်နှံမှုမျိုးလို့ ယုံကြည်နေကြပါတယ်။

ပရီးမီးယားလိဂ် ရာသီ အဖွင့်ပွဲစဉ် နယူးကာဆယ် အသင်းကို အနိုင်ရရှိတဲ့ ပွဲစဉ်မှာ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းတွေ နဲ့ ပြသ ကစားပေးခဲ့ပြီးနောက် ၊ ရိုက်စ်ဟာ ဒီရာသီမှာ အပြောင်းအရွေ့ ကိစ္စတွေ ခေတ္တမေ့ထားပြီး အသင်းအတွက်ပဲ အပြည့်အ၀ အာရုံဆိုတာ ပြသသွားခဲ့ပါပြီ။

ဝက်စ်ဟမ်း အနေနဲ့လဲ လာမယ့်ရာသီ အပြောင်းအရွှေ့ ရောက်လာခဲ့ရင်တော့ ၊ ကစားသမား ရဲ့ ဆန္ဒကို လစ်လျူရှုပြီး ဆက်လက် ထိန်းထားနိုင်ဖို့ ကြိုးစားသွားဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

SM