ယာဂန်ကလော့က မနေ့ညက ဘန်လေကို အန်ဖီးမှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ပရီးမီးယားလ်ိဂ် ပွဲဦးထွက်ကို ရခဲ့ကာ ခြေစွမ်းပြ ကစားသွားခဲ့တဲ့ ဟာဗေးအယ်လီယော့ကို ရဲ့ စွမ်းဆောင်ရည် အပေါ် အံ့အားသင့်မိခြင်း မရှိဘူးလို့ ဆိုသွားပါတယ်။ အသက် ၁၈ နှစ် အရွယ် ကစားသမားဟာ လွန်ခဲ့တဲ့ ၂ နှစ်က ဖူဟမ်မှ လီဗာပူးကို ပြောင်းရွေ့လာခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက ဘလက်ဘန်းမှာ အငှားထွက် ကစားကာ ခြေစွမ်းပြ ကစားခဲ့ပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ဒီရာသီမှာတော့ အယ်လီယော့ဟာ ကလော့ရဲ့ ပထမအသင်းမှာ ပွဲကစားချိန်တွေ အများအပြား ရရှိဖို့ အလားအလာကောင်းတွေ ရှိနေပါတယ်။ ဂျိမ်းစ်မီနာ နဲ့ အောက်စလိတ်ချိန်ဘာလိန် တို့ မပါနိုင်ချိန်မှာ အယ်လီယော့ဟာ လီဗာပူးအတွက် ပထမဦးဆုံး ပရီးမီးယားလိဂ် ပွဲဦးထွက်ကို ရရှိခဲ့ပြီး တည်ငြိမ်ရင့်ကျက်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ကာ ဆာလား ဂျိုတာ တို့နဲ့ အတွဲအဖက် မိခဲ့ပါတယ်။

အယ်လီယော့ဟာ ရာသီကြို ကာလမှာ လီဗာပူးအတွက် ပုံစံကောင်းကို ပြသခဲ့သူ ဖြစ်ပြီး ကလော့ ကတော့ ဘန်လေလို မာကျောတဲ့ အသင်းနဲ့ ပွဲစဉ်မှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့တဲ့ အယ်လီယော့နဲ့ ပက်သက်ပြီး အံ့သြမိခြင်း မရှိဘူးလို့ ပြောလိုက်ပါတယ်။

ကလော့က “ကျွန်တော်တို့ရဲ့ ကစားပုံ ကောင်းခဲ့ပါတယ်။ နှစ်ဂိုးသွင်းနိုင်ခဲ့ပြီး ဒီထက် ဂိုးပိုမို ရသင့်ပါတယ်။ အမှန်ပါပဲ။ အလီကို ကျွန်တော်တို့ လိုအပ်တဲ့ အခိုက်အတန့်တွေ ရှိခဲ့ပါတယ်။ ဘန်လေတို့ လူကျွံဘော ဖြစ်ခဲ့တဲ့ ကန်ချက်ကတော့ သူ့ရဲ့ အကောင်းဆုံး ကာကွယ်မှုပါပဲ။

ဟာဗေးဟာ ဒီကစားပုံရဲ့ အစိတ်အပိုင်း အဖြစ် ပါ၀င်ခဲ့ပါတယ်။ အားလုံးဟာ ဒီအချိန်မှာ ဟာဗေးနဲ့ ပက်သက်ပြီး ပြောချင်နေကြပါတယ်။ အသက် ၁၈ နှစ် အရွယ် ကစားသမား တစ်ဦးဟာ သူ့ရဲ့ ပရီးမီးယားလိဂ် debut မှာ ဒီလို ရင့်ကျက်တဲ့ ခြေစွမ်းပြသခဲ့တာကြောင့် လူတိုင်း သူ့အကြောင်းကို ပြောချင်နေမယ် ဆိုတာ ကျွန်တော် နားလည်ပါတယ်။

ဒါပေမယ့် သူ ဒီလိုမျိုး ကစားသွားခဲ့တဲ့ အတွက် ကျွန်တော် အံ့အားသင့်မိခြင်း မရှိပါဘူး။ သူဟာ ဘလက်ဘန်းကနေ အငှားပြန်လာပြီးကတည်းက လွန်ခဲ့တဲ့ ၆ ပတ် ၇ ပတ်လောက် ဒီလိုမျိုး လေ့ကျင့်လာခဲ့တာ ဖြစ်ပါတယ်။ အမှန်ပါပဲ။ သူ့ရဲ့ ကစားပုံ ကောင်းခဲ့ပါတယ်။” လို့ ချီးကျူးသွား ပါတယ်။

ဆက်လက်ပြီး ကလော့က “နောက်တန်း အစွန်လူတွေ ကလည်း ကစားပုံ ကောင်းခဲ့ကြပါတယ်။ နှစ်ဦးစလုံး ဂိုးဖန်တီးနိုင်ခဲ့ကြပြီး ထူးချွန်စွာ ကစားခဲ့တယ်လို့ ပြောလို့ရပါတယ်။ ကော့စတပ်ရဲ့ ဖြတ်တင်ဘော နဲ့ ဆာဒီယို အတွက် ထရန့်ရဲ့ ဖန်တီးမှုတွေဟာ တကယ့်ကို ကောင်းပါတယ်။ နောက်တန်း အစွန်လူ နှစ်ဦးစလုံး ကောင်းကောင်း ကစားခဲ့တယ်လို့ လူတိုင်း ယူဆကြမှာပါ။ သူတို့ဟာ ခံစစ်ပိုင်းအမြင်အရ ကြည့်မယ်ဆိုရင် အရမ်း ခက်ခဲတဲ့ ပွဲမှာ ကောင်းမွန်တဲ့ ခံစစ်ကစားပုံကို ပြသခဲ့ပါတယ်။

ဘောလုံးမှာ များသောအားဖြင့် အစီအစဉ်တွေ ၊ အိုင်ဒီယာတွေ အပြင် ဘောလုံးကို ဒီနေရာမှာ ရယူချင်တယ် ဟိုနေရာမှာ ရယူချင်တယ် ဆိုတာတွေ ရှိပါတယ်။ ဒေါပမယ့် ဘန်လေနဲ့ ရင်ဆိုင်ရာမှာတော့ ဒါတွေ မရှိတော့ပါဘူး။ အဓိကက ဗဟိုခံစစ်မှုးတွေ ဘေးမှာ ၀န်းရံကာ ဘောလုံးကို ရယူတာတို့ ဂိုးပေါက်ကို ရူးသွပ်လောက်အောင် ကာကွယ်တာတို့ လုပ်ရပါတယ်။ ကျွန်တော်တို့ high-pressing တွေတောင် သိပ်ပြီး မလုပ်နိုင်ခဲ့ပါဘူး။ ဘန်လေနဲ့ ရင်ဆိုင်ရာမှာ ဒါကို လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် နောက်တန်း အစွန်လူတွေဟာ တကယ်ကောင်းခဲ့ပြီး ဒါဟာ နိုင်ပွဲရဖို့ အတွက် အကူအညီ ဖြစ်စေခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM