မန်ချက် စတာ ယူနိုက်တက် အသင်း ရဲ့ ဂန္ထ၀င်ကြီး အဲရစ် ကန်တိုနာ ဟာ ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFA ဥက္ကဌ ရဲ့ ဂုဏ် ထူးဆောင် ဆု ကို ပေးအပ် ချီးမြှင့် ခံ ရတော့ မယ် လို့ သိရ ပါတယ် ။ အဆိုပါ ဆု ကို လာမယ့် ကြာသပတေး နေ့ မှာ ပြုလုပ် မယ့် ချန်ပီယံ လိဂ် အုပ်စု မဲခွဲပွဲ မှာ ပေးအပ် သွားမှာ ဖြစ်ပြီး ကန်တိုနာ အတွက် ဂုဏ်ယူ ဖွယ် ရာ ဆု တစ်ခု ဖြစ်လာ မှာ သေချာ ပါတယ် ။

ဒီဆု ဟာ ဘောလုံး သမား ဘ၀ တစ်လျောက် စွမ်းစွမ်း တမံ ဆောင်ရွက်မှု တွေ အတွက် ပေးအပ် ချီးမြှင့်တဲ့ ဂုဏ်ပြု ဆု ဖြစ်ပြီး အနားယူ သွားပြီ ဖြစ်တဲ့ ဘောလုံး သမား ဟောင်းတွေ ထဲ ကနေ ရွေးချယ် ချီးမြှင့် တဲ့ ဆု ဖြစ် ပါတယ် ။ ကန်တိုနာ ဟာ မန်ချက်စတာ ယူနိုက်တက် မှာ ၁၉၉၂ ကနေ ၁၉၉၇ အထိ ကစား သွားခဲ့ပြီး အသင်းရဲ့ သမိုင်း မှာ အထင်ကရ ဖြစ်ခဲ့ ပါတယ် ။

ကန်တိုနာ ဟာ မန်ချက်စတာ ယူနိုက်တက် မှာ ၁၈၅ ပွဲ ကစား သွားခဲ့ပြီး ၈၂ ဂိုး သွင်းယူ ပေးခဲ့ကာ ပရီးမီး ယားလိဂ် ချန်ပီယံ ဆု ၄ ကြိမ် ၊ FA Cup နဲ့ ကွန်မြူနတီဒိုင်း ၃ ကြိမ်စီ ရယူ နိုင်ခဲ့ ပါတယ် ။ ကန်တိုနာ ဟာ နာမည်ကျော် ၉၂ မျိုးဆက် ကစား သမားတွေ ဖြစ်တဲ့ ဘက်ခမ်း ၊ စခိုး ၊ ဂစ် ၊ နဗီးလ် တို့ရဲ့ စီနီယာကြီးလည်း ဖြစ်ခဲ့ သလို အိုးထရက်ဖိုဒ့် ပရိသတ်တွေ က “King – ဘုရင်ကြီး” ဆိုတဲ့ ဘွဲ့အမည် ကို ပင် မှည့်ခေါ် စေလောက် အောင် လွှမ်းမိုးမှု ကြီးမားခဲ့ သူ ဖြစ် ပါတယ် ။

“ဒီဆု ဟာ ကန်တိုနာ ရဲ့ ကစား သမား ဘ၀ မှာ ရယူ ခဲ့တဲ့ အောင်မြင်မှု တွေ အတွက် သာ မဟုတ်ပါဘူး သူ့ရဲ့ လူသား တစ်ယောက် အနေနဲ့ ပရော် ဖက်ရှင်နယ် ပီသမှု ၊ အဖိုးထိုက်တန် မှု နဲ့ အားကစား လောက အပေါ် လွှမ်းမိုး သက်ရောက် မှုတွေ ကြောင့် ပေးအပ် ချီးမြှင့် ခဲ့တာပဲ ဖြစ်ပါတယ်” လို့ UEFA က ထုတ်ပြန် ကြေညာ သွားခဲ့ တာ ဖြစ်ပါတယ် ။

ကန်တိုနာ ဟာ မန်ချက်စတာ ယူနိုက်တက် ကို မရောက်ရှိမီ မာဆေး ၊ နီမီးစ် ၊ လိဒ် ယူနိုက်တက် တို့ မှာ ကစား ခဲ့ပြီး ပြင်သစ် လက်ရွေးစင် အသင်း အတွက် လည်း ပွဲ ပေါင်းများ စွာ ကစား ပေးခဲ့ သူ တစ်ဦး ဖြစ်ပါတယ် ။ ယူနိုက်တက် မှာ ၁၉၉၇ အထိ ကစားခဲ့ပြီး အသက် ၃၀ အရွယ် မှာ စောစီးစွာ အနားယူ ခဲ့သူ ကန်တိုနာ ဟာ မြက်ခင်းစိမ်း တွေ နဲ့ ဝေးကွာ မသွားခဲ့ သလို အခြား နယ်ပယ် တစ်ခု ( ရုပ်ရှင် ) မှာလည်း အထိုက် အလျောက် ပါဝင် နိုင် ခဲ့ ပါတယ် ။

ကန်တိုနာ ဟာ ပြင်ပ လူမှုရေး အဖွဲ့ အစည်းတွေ အတွက် လည်း ပါဝင် လုပ်ဆောင် ပေးခဲ့ ဖူးသလို လက်ရှိ မှာလည်း မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဟွမ်မာတာ ဦးစီး တည်ထောင် ထားတဲ့ Common Goal ပရဟိတ အဖွဲ့အစည်း အတွက် လည်း ပါဝင် လှုပ်ရှား ပေးနေသူ ဖြစ် ပါတယ် ။

UEFA ဥက္ကဌ ရဲ့ ဂုဏ်ပြုဆု ဟာ ဘောလုံး သမား ဟောင်းတွေ အတွက် ဂုဏ်ယူ စရာ ဆုတစ်ခု ဖြစ်ပြီး ဆာ ဘော်ဘီ ချာတန် ၊ ဒီစတီဖာနို ၊ အူဆီဘီယို ၊ ရောမွန်ကူးပါး ၊ ယိုဟန် ခရပ်ဖ် ၊ ဒေးဗစ် ဘက်ခမ်း ၊ ဖရန်စစ္စကို တော့တီ တို့လို အကျော် အမော် ကစား သမားတွေ ရရှိ ဖူးခဲ့တဲ့ ဆုလည်း ဖြစ် ပါတယ် ။

SPORTS MYANMAR