မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မ​နေ့ညကတော့ ပရီးမီးယားလိဂ် ပွဲစဥ် 3 ရဲ့ နောက်ဆုံးပိတ် ပွဲစဥ်အဖြစ် မိုလီနက်စ် ကွင်းထဲမှာ ဝုလ်ဗ် အသင်းကို ရင်ဆိုင်ခဲ့ရပြီး 0 – 1 ဆိုတဲ့ ရလဒ်နဲ့ အတူ ပရိသတ်တွေ လိုချင်နေခဲ့တဲ့ နိုင်ပွဲကို ရယူသွားနိုင်ခဲ့ကြ ပါတယ် ။

ဒီနေ့ ပွဲစဥ်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမားသစ် နှစ်ဦး ဖြစ်ကြတဲ့ ဂျေဒန် ဆန်ချို နဲ့ ရာဖေးလ် ဗာရန်း တို့ဟာ ပထမဆုံးအကြိမ် အသင်းသစ် အတွက် ပွဲထွက် ကစားခွင့် ရရှိခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ဆန်ချိုရဲ့ ကစားပုံကတော့ မျှော်လင့်သလောက် မကောင်းခဲ့ပါဘူး ။

အခြားတဖက်မှာတော့ နောက်ခံလူ ရာဖေးလ် ဗာရန်းဟာ ပွဲဦးထွက်မှာပဲ အသင်းရဲ့ တစ်လုံးထဲသော သွင်းဂိုးကို ဖန််တီးပေးနိုင်ခဲ့ပြီး ကောင်းမွန်တဲ့ ခံစစ် ကစားပုံနဲ့ အတူ CS လည်း ပိုင်ဆိုင်သွားနိုင်ခဲ့ပါတယ် ။ CS အတွက် တကယ့်ကို ချီးကျူးစရာ ကောင်းသူကတော့ အံ့ဖွယ် ကာကွယ်မှုတွေ လုပ်ပြနိုင်ခဲ့တဲ့ ဂိုးသမား ဒေးဗစ် ဒီဂီယာ ပါပဲ ။

ဒါ့အပြင် ဒီပွဲမှာ တစ်လုံးထဲသော အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ မေဆွန် ဂရင်းဝုဒ် ကလည်း သုံးပွဲဆက် ဂိုးသွင်းယူ နိုင်မှုနဲ့ အတူ အထောင် တိုက်စစ်မှူး နေရာမှာ ခြေစွမ်းပြ ကစားနိုင်စွမ်း ရှိနေပြီဖြစ်ကြောင်း ထပ်ဆင့် သက်သေ ပြသွားနိုင်ခဲ့ ပါတယ် ။

ပရိသတ်တွေ မျှော်လင့်နေခဲ့ကြတဲ့ နိုင်ပွဲနဲ့ အတူ ယူနိုက်တက်တို့ အမှတ်ပေးဇယား အဆင့် 3 နေရာကို တက်လှမ်း သွားနိုင်ခဲ့ကြတဲ့ အဆိုပါ ပွဲမှ ယူနိုက်တက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည် (Rating) ကို ဖော်ပြပေးလိုက်ပါတယ် ။

ဒေးဗစ် ဒီဂီယာ (9) MOTM

ရာအူးလ် ဂျီမီနက်ဇ် ၊ ရိုမိန်း ဆိုက်စ် တို့ရဲ့ ကန်ချက်တွေကို အံ့ဖွယ်ဟန့်တားပြသွားနိုင်ခဲ့ပြီး အဖိုးတန် ကာကွယ်မှုတွေ လုပ်ပြရင်း ကမ္ဘာ့အဆင့် ဂိုးသမားဖြစ်ကြောင်း ပြသသွားနိုင်ခဲ့ပါတယ် ။

ဝမ် ဘစ်ဆာကာ (6)

ဂိုးဖြစ်တော့မယ့် ဘောလုံးကို ဖျက်ထုတ် ဟန့်တားသွားနိုင်ခဲ့ပါတယ် ။ ခံစစ်ကစားပုံ အဆင်ပြေခဲ့ပေမဲ့ တိုက််စစ်ဆင်် ကစားပုံ တိုးတက်ဖို့ လိုအပ်နေဆဲပါပဲ ။

ရာဖေးလ် ဗာရန်း (😎

ပွဲဦးထွက်မှာပဲ တက်နိုင်သလောက် အမှားနည်းအောင် ကစားပြနိုင်ခဲ့ပြီး ရှေ့ဆက် တိုးတက်လာဖို့ ရှိနေကြောင်း အရိပ်အယောင်တွေ ပြသသွားခဲ့ပါတယ် ။ တစ်လုံးထဲသော အနိုင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ် ။

ဟယ်ရီ မက်ဂွားယား (7)

တောင်ပံ တိုက်စစ်မှ တစ်ဆင့် ဖြတ်တင်ဘောတွေကို အားပြု ကစားလေ့ရှိတဲ့ ဝုလ်ဗ် အသင်းရဲ့ အမြင့်ဘော အများစုကို မကြာခန လက်ဦးနိုင်ခဲ့ ပါတယ် ။ ဝုလ်ဗ် မှ ဆက်တိုက် တိုက်စစ်ဆင်နေချိန် အမှားအနည်းငယ် ကျူးလွန််ခဲ့ပါတယ် ။

လုခ်ရှော (6)

မကြာခန တိုက်စစ်ဆင်ကစားနေခဲ့တဲ့ ထရာအိုရေးကို ဟန့်တားနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။ တိုက်စစ် ကစားပုံ ကောင်းမွန်ခဲ့ပေမဲ့ ခံစစ်ကို အာရုံပိုစိုက်ဖို့ လိုအပ်နေခဲ့ပါတယ် ။

ဖရက်ဒ် (4)

အမှားနှစ်ကြိမ်အထိ ကျူးလွန်ခဲ့ပေမဲ့ ဒီဂီယာနဲ့ ဘစ်ဆာကာတို့ ​ကောင်းခဲ့ကြတဲ့အတွက် သက်သာရာရရှိခဲ့ပါတယ် ။ နှစ်ပွဲဆက် ညံ့နေခဲ့တာက ပွဲထွက်ခွင့်တွေကို ထိခိုက်စေနိုင်ပါလိမ့်မယ် ။

ပေါလ် ပေါ့ဂ်ဘာ (6)

တိုက်စစ်ပိုင်း ကစားပုံကောင်းတွေ ပြသထားခဲ့တဲ့ ပေါ့ဂ်ဘာဟာ ဒီပွဲမှာတော့ ကွင်းလယ်ခံစစ်နေရာမှာ ကစားပေးခဲ့ရပြီး မျှော်လင့်သလောက် မကောင်းခဲ့ပါဘူး ။ ဒါပေမဲ့ ဒုတိယပိုင်းမှာ တိုက်စစ်ပိုင်း ကစားခွင့် ရရှိချိန် ပိုကောင်းတဲ့ ကစားဟန် ၊ အကွက်မြင်တဲ့ ဖန်တီးမှုတွေကို လုပ်ပေးသွားနိုင်ခဲ့ ပါတယ် ။

ဘရူနို ဖာနန်ဒက်စ် (5)

ဂိုးသွင်းနိုင်ခဲ့ပေမဲ့ လူကျွံနေခဲ့တဲ့အတွက် ပယ်ဖျက်ခံခဲ့ရပါတယ် ။ ထိုက်သင့်စွာ ကစားပုံ ကောင်းခဲ့ပေမယ့် နှုတ်မစောင့်စည်းမှုကြောင့် နှစ်ပွဲဆက် အဝါကဒ်ပြား ပြသခံခဲ့ရပါတယ် ။

ဒန်နီယယ် ဂျိမ်းစ် (4)

အသင်းမှာ ရှားရှားပါးပါး ပွဲထွက်ခွင့်တွေ ရရှိတုန်း အခွင့်အရေးကို ကောင်းကောင်း အသုံးမချနိုင်ခဲ့ပြန် ပါဘူး ။ ပြိုင်ဖက်တွေမှ ကြိုတင် ခန့်မှန်းရ လွယ်ကူတဲ့ ကစားဟန်ကိုသာ ပြနိုင်ခဲ့ပြီး စိတ်ပျက်ဖွယ် ရက်စွဲ တစ်ခုပဲ ပိုင်ဆိုင်ခဲ့ရပြန်ပါတယ် ။

ဂျေဒန် ဆန်ချို (4)

ဘယ်တောင်ပံတိုက်စစ်မှာ ပွဲထွက်ခွင့် ရရှိခဲ့တဲ့ ဆန်ချိုဟာ နယ်လ်ဆွန် ဆီမီဒိုကို ကျော်ဖြတ်ပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။ ပရိသတ်တွေ မျှော်လင့်ထားကြတာနဲ့ တခြားစီ ဖြစ်ခဲ့ရတဲ့ စွမ်းဆောင်ရည်သာ ပြသနိုင်ခဲ့ပါတယ် ။ အဖွင့် မလှခဲ့ပါဘူး ။

မေဆွန် ဂရင်းဝုဒ် (7.5)

ဝုလ်ဗ် အသင်းဖက် ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ဖို့ အခွင့်အလမ်း အနည်းငယ်သာ ပိုင်ဆိုင်ခဲ့ရ ပါတယ် ။ ကာဗာနီဆီ ပေးသင့်တဲ့ ဘောလုံးကိုလည်း မပေးပို့ခဲ့ပဲ ဖြုန််းတီးသွားခဲ့ပါသေးတယ် ။ ဒါပေမဲ့ လုံလောက်စွာ ​ကောင်းမွန််တဲ့ ကစားဟန် ၊ သွင်းဂိုးနဲ့ ဟီးရိုး ဖြစ်သွားခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ

ကာဗာနီ (5)
မာရှယ် (5)
ဒါးလော့ (ကစားချိန်မလုံလောက်ခဲ့)

#Sports_Myanmar