လီဗာပူး အသင်းရဲ့ ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ဂလင်း ဂျွန်ဆင်က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ဂျက်စီ လင်ဂတ်ဟာ ဒီနွေမှာ အသင်း မပြောင်းခဲ့ရတဲ့အတွက် စိတ်ပျက်လက်ပျက် ဖြစ်နေလိမ့်မယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

ယူနိုက်တက် ကြယ်ပွင့် ဂျက်စီ လင်ဂတ်ဟာ ပြီးဆုံးခဲ့တဲ့ ဘောလုံးရာသီတုန်းက ပရီးမီးယားလိဂ် ကလပ် ဝက်စ်ဟမ်း အသင်းဆီ ရာသီဝက် အငှားသွားရောက် ကစားခဲ့ပြီး အထူး ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့တဲ့ အတွက် ဝက်စ်ဟမ်း အသင်းက ဒီနွေမှာ သူ့ကို အပြီးသတ် ခေါ်ယူဖို့ စိတ်အား ထက်သန်နေခဲ့ ပါတယ် ။

အထူးသဖြင့် မန်ချက်စတာ ယူနိုက်တက်အသင်းမှာရော ဝက်စ်ဟမ်း အသင်းမှာပါ ဂျက်စီ လင်ဂတ် နဲ့ အတူ အလုပ််တွေ တွဲဖက် လုပ်ဆောင်ခဲ့ဖူးတဲ့ နည်းပြ ဒေးဗစ် မိုယက်စ်က အင်္ဂလန်သားကို ဝက်စ်ဟမ်း အသင်းဆီ ခေါ်ယူလိုကြောင်း သူ့ရဲ့ ဆန္ဒတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောကြား ထားခဲ့ပါသေးတယ် ။

ဒါပေမဲ့ လက်တွေ့မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းက ကစားသမားကို မရောင်းချခဲ့ပဲ အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းသွားခဲ့ပါတယ် ။ ဝက်စ်ဟမ်း အသင််းကလည်း အဆုံးသတ်မှာ CSKA မော်စကို အသင်းမှ နီကိုလာ ဗလာဆစ် ကိုသာ ခေါ်ယူပြီး ကျေနပ် ခဲ့လိုက်ရပါတယ် ။

အခုတော့ လီဗာပူး အသင်းရဲ့ ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ဂလင်း ဂျွန်ဆင် က အ​ပြောင်းအရွှေ့ မဖြစ်ပွားခဲ့ရတဲ့ အတွက် အံ့အားသင့်မိကြောင်း ၊ ဒီအတွက် လင်ဂတ်ရော ဝက်စ်ဟမ်း အသင်းကပါ စိတ်ပျက်လက်ပျက် ဖြစ််နေကြလိမ့်မယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ဝက်စ်ဟမ်း အသင်းရော ဂျက်စီ လင်ဂတ်ပါ စိတ်ပျက်လက်ပျက် ဖြစ်နေကြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ် ။ ဂျက်စီက ဘောလုံး ရာသီ တစ်ခုကို ပျော်ရွှင် ခံစားခဲ့ရတယ်လေ ။ သူက ကောင်းမွန်စွာ ကစားပေးထားနိုင်ခဲ့တဲ့ အတွက် ဟမ်းမား ပရိသတ်တွေလည်း သူ့ကို ချစ်ခဲ့ကြပါသေးတယ် “

” ဒါ့ကြောင့် ဒီအပြောင်းအရွှေ့ ဘာလို့ မဖြစ်ပွားခဲ့ရတာလဲဆိုပြီး ကျွန်တော်အံ့အားသင့်ခဲ့ရပါတယ် ။ သေချာတာ တစ်ခုကတော့ တိုက်စစ် ကစားသမား အချို့ကို ခေါ်ယူခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဖက်ကလည်း သူ့ကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားဖို့ စိတ်အားထက်သန်မှု မရှိခဲ့ခြင်း ပါပဲ “

” ဒါ့ကြောင့်လည်း ကောင်းမွန်တဲ့ ဘောလုံး ရာသီ တစ်ခု ပိုင်ဆိုင်ခဲ့ပြီး ပွဲထွက် ကစားခွင့် ရဖို့ မလွယ်တဲ့ အသင်းမှာ ရှိနေရခြင်းအပေါ် ဂျက်စီ အတော်လေး စိတ်ပျက် နေခဲ့မှာပါပဲ ။ ဒီအပြောင်းအရွှေ့ မဖြစ်ပွားခဲ့ခြင်းက ကျွန်တော့်ကိုလည်း စိတ်လှုပ်ရှားစေခဲ့ ပါတယ် ။ ဒါပေမဲ့ နောက်ကွယ်မှာ ဘာတွေ ဖြစ်နေသလဲဆိုတာ ဘယ်သူတွေ သိနိုင်မလဲဗျာ “

” မန်ချက်စတာ ယူနိုက်တက် အသင်းကပဲ ဇန်နဝါရီမှာ သူ့ကို အငှားချပြီး အပြီးသတ်ရောင်းချခွင့်ပါ ထည့်သွင်း ချုပ်ဆိုသွားကောင်း သွားနိုင်ပါတယ် ။ ဂျက်စီ အတွက်တော့ သူဟာ ဝက်စ်ဟမ်း အသင်းမှ ကမ်းလှမ်းမယ့် တကယ့်ကို ကောင်းမွန်တဲ့ စာချုပ်ချုပ်ဆိုမှု အခွင့်အလမ်း တစ်ခုကို လွဲချော်သွားခဲ့ရခြင်း ဖြစ်သွားပါပြီ ” လို့ ဂလင်း ဂျွန်ဆင်က ပြောကြား သွားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar