မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အမှတ်ပေး ဖလား ပြိုင်ပွဲမှာ အဆင့် 2 နေရာနဲ့သာ ကျေနပ်ခဲ့ရသလို ယူရိုပါလိဂ်ဖလား ပြိုင်ပွဲမှာလည်း ဒုတိယ အဖြစ်နဲ့သာ နှုတ်ဆက်ခဲ့ပြီး ဖလားလက်မဲ့ ရာသီ တစ်ခု ထပ်မံ ဖြတ်သန်ခဲ့လိုက်ရ ပါတယ် ။

ဒါပေမဲ့ နွေမှာတော့ ယူနိုက်တက်တို့ဟာ ဆန်ချို ၊ ဗာရန်း တို့ကို ခေါ်ယူနိုင်ခဲ့သလို ဂျူဗင်တပ်အသင်းမှ တိုက်စစ်မှူးဟောင်း ခရစ္စတီယာနို ရော်နယ်ဒို ကိုလည်း ပြန်လည် ခေါ်ယူထားနိုင်ခဲ့ပါသေးတယ် ။ ဒါ့ကြောင့် ဒီနှစ်မှာတော့ ယူနိုက်တက်တို့ အတော်လေး အင်အား တောင့်တင်း နေပါပြီ ။

လက်ရှိ အချိန်အထိတော့ ဆန်ချိုဟာ ပုံစံကောင်း ပြသနိုင်ဖို့ ရုန်းကန်နေရဆဲ ဖြစ်ပေမဲ့ ရော်နယ်ဒို နဲ့ ဗာရန်း တို့က တော့ အထူး ပုံစံကောင်း တွေကို ပွဲတိုင်း ဆိုသလို ပြသခဲ့ပြီးကြ ပါပြီ ။ အခုတော့ ဒီဂီယာက သူတို့ကြောင့် ဖလားတွေကို စိန်ခေါ်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့လိုက် ပါတယ် ။

 

” ကျွန်တော်တို့ ဒီနွေမှာ ကစားသမားကောင်းတွေကို ခေါ်ယူနိုင်ခဲ့ကြပါတယ် ။ ကျွန်တော်တို့ အသင်း ကစားသမားကောင်းတွေ ရှိနှင့်ပြီးသားပါပဲ ။ အခုလည်း ကျွန်တော်တို့တွေဟာ ပွဲစဥ်တိုင်း တိုက်ပွဲဝင်ရင်းနဲ့ အမှတ်ပေး ဇယား ထိပ်ပိုင်း နေရာမှာ ရပ်တည်နေခဲ့ကြ ပါတယ် “

” ဟုတ်ပါတယ် ၊ ပြိုင်ပွဲက ခက်ခဲလှ ပါတယ် ။ ဒါက ကမ္ဘာ့ အကောင်းဆုံး လိဂ်ပဲလေ ။ ပွဲစဥ်တိုင်းက ခက်ခဲလှပါတယ် ။ ကျွန်တော်တို့ဟာ ဆုဖလားကြီးတွေကို ဆွတ်ခူးဖို့ အတွက် တိုက်ပွဲဝင်နေသူတွေပါ ။ ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ် နဲ့ အရာရာတိုင်းကို ဆွတ်ခူးလိုကြ ပါတယ် “

” ဒီအတွက် ကျွန်တော်တို့ အသင်းမှာ ကစားသမားတွေနဲ့ လူအင်အား လုံလောက်စွာ ရှိနေတယ်လို့ ထင်မိပါတယ် ။ ပြီးတော့ အားပေးနေသူ ပရိသတ်တွေဟာလည်း တကယ့် အံ့ဖွယ် ပါပဲ ။ အသင်းဟာ ကောင်းမွန်တဲ့ အမှတ် တစ်ခုကို ရောက်ရှိနေပြီလို့ ကျွန်တော် ထင်ပါတယ် “

” လိဂ်ဖလားအတွက် တိုက်ပွဲဝင်နေတဲ့ ထိပ်တန်းအသင်းတွေ ရှိနေတယ်လို့ ကျွန်တော်တွေးပါတယ် ။ ဒါက ပရီးမီးယားလိဂ်မှာ အမြဲရှိနေကြ အရာတွေပဲလေ ။ ဘာတွေ ဖြစ်မလဲ စောင့်ကြည့်ရအောင် ။ ကျွန်တော်တို့ လာမဲ့ပွဲအပေါ် အာရုံစိုက်ရင်း လေ့ကျင့်ရေး နဲ့ ကွင်းထဲ အရာရာ ပေးဆပ်ဖို့ လိုအပ်ပါတယ် ” လို့ ဒီဂီယာက ပြောရင် ရော်နယ်ဒို နဲ့ ပတ်သက်လို့….

” သူ့ရဲ့ အကျိုးသက်ရောက်မှုတွေကို မြင်ပြီးလောက်ပြီလို့ ကျွန်တော် ထင်ပါတယ် ။ သူဟာ အသင်းရဲ့ ဂန္တဝင်တစ်ဦးပါ ။ ကစားသမားတွေ ၊ လူငယ်လေးတွေနဲ့ အားလုံး အတွက် သူ့ကို နေ့စဥ်နေ့တိုင်း မြင်တွေ့နေရတာက အရမ်းကို ကောင်းမွန်လှ ပါတယ် “

 

” သူဟာ အံ့ဖွယ် ကစားသမား တစ်ဦးပါပဲ ။ သူ လေ့ကျင့်နေတာ ၊ အသင်းကို ကူညီပေးနေတာတွေက တကယ့်ကို ခမ်းနားလှပါတယ် ။ ကျွန်တော် ​ပြောခဲ့သလိုပါပဲ ၊ လက်ရှိ အသင်းမှာ ခမ်းနားတဲ့ ကစားသမားတွေ ၊ ကြီးမားလှတဲ့ ကစားသမား အင်အားစု တစ်ခု ရှိနေပါပြီ “

” ခရစ္စတီယာနို ၊ ဗာရန်း ၊ ကျွန်တော် နဲ့ မာတာ တို့လို့ ဝါရင့် ကစားသမားတွေလည်း ရှိနေပါပြီ ။ ကျွန်တော်တို့အသင််းမှာ အတွေ့အကြုံရှိသူ များနေပါပြီ ။ ဒါဟာ ခမ်းနားတဲ့ နှစ်တစ်ခု ဖြစ်လာမှာပါ ။ စောင့်ကြည့်ကြရတာပေါ့ဗျာ ” လို့ ဒီဂီယာ က ပြောသွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar