မြောက်လန်ဒန်ဒါဘီ ပွဲကို အမ်းမရိတ်ကွင်းထဲ အထိ လာရောက် ကြည့်ရှု့ အားပေးခဲ့တဲ့ ဂန်းနား ဂန္တဝင် သီယာရီ အွန်နရီ က လူငယ် ကြယ်ပွင့် စမစ်ရို နဲ့ ဆာကာ တို့ရဲ့ ခြေစွမ်း ကို သဘောကျမိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ် ။

Hale End အကယ်ဒမီထွက် နှစ်ဦး ဖြစ်တဲ့ ဆာကာ နဲ့ စမစ်ရို တို့ဟာ စပါး နဲ့ မြောက်လန်ဒန်ဒါဘီပွဲမှာ ခြေစွမ်းပြ ကစား နိုင်ခဲ့ကြပြီး နှစ်ဦးစလုံး တစ်ဂိုးစီသွင်း ၊ တစ်ဂိုးစီ ဖန်တီး ပေးနိုင်ခဲ့ကြပါတယ် ။စမစ်ရို ဟာ Sky Sports ရဲ့ MOTM ရခဲ့ပြီး ဆာကာ ကတော့ ပရီးမီးယားလိဂ်ရဲ့ King of the Match ဖြစ်ခဲ့ပါတယ် ။

အာဆင်နယ် ဂန္တဝင် သီယာရီ အွန်နရီ က စမစ်ရို နဲ့ ဆာကာ တို့ဟာ အာဆင်နယ် DNA ကို ပြသနိုင်ကြသူတွေလို့ ချီးကျူး လိုက်ပြီး အသင်းက စီနီယာ ကစားသမား အချို့တောင် သူတို့ကို အတုယူ သင့်တယ်လို့ ပြောကြား လိုက်ပါတယ် ။

 

” ပွဲရဲ့ highlight အကြောင်းပြောရမယ်ဆိုရင် ဆာကာ နဲ့ စမစ်ရို တို့ပေါ့ဗျာ ၊ အာဆင်နယ် အသင်း ကစားသွားတာ အတော်ကောင်းတယ်လို့ ထင်ပါတယ် ၊ အထူးသဖြင့် ပထမပိုင်း ကစားပုံပေါ့ဗျာ ။ ”

” ဆာကာ ရော စမစ်ရိုပါ သွင်းဂိုးကော ဂိုးဖန်တီးမှု လုပ်နိုင်ခဲ့ပါတယ် ၊ အာဆင်နယ် က ဒါဘီပွဲမှာ ကစားသင့်တဲ့ အတိုင်း ကစား နိုင်ခဲ့ပါတယ် ၊ ဒါပေမယ့် တော့တင်ဟမ် ကတော့ မလုပ်နိုင်ခဲ့ပါဘူး ၊ အထူးသဖြင့် ပထမပိုင်းမှာပေ့ါဗျာ ၊ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ နေ့တစ်နေ့လဲဗျာ ။ ”

” ပရိသတ်တွေလည်း ဒီလို ကစားပုံ ရလဒ်မျိုး မကြာခဏ မြင်တွေ့ချင်ကြမှာ အမှန်ပါပဲ ၊ ကျွန်တော့်အမြင်ကတော့ အကယ်ဒမီက လာတဲ့ ဒီကောင်လေး နှစ်ဦး က အာဆင်နယ် အတွက် ကိုယ်စားပြု ကစားရတာ ဘယ်လိုလဲ ဆိုတာ ပြသ နိုင်ခဲ့ကြပါတယ် ။ ”

” သူတို့ကို ကြည့်ပြီး တခြားကစားသမားတွေလည်း အဲ့လို လိုက်ကစားနိုင်ရင် သိပ်ကောင်းပါမယ် ၊ အာဆင်နယ် မှာ လိုအပ်နေတာ အဲ့ဒါမျိုးပါ ၊ သူတို့လို စွမ်းဆောင်ရည်မျိုး လိုအပ်နေပါတယ် ။ ”

” ဒါကြောင့်လည်း မီခေးလ်(အာတီတာ) က အာဆင်နယ် DNA ရှိနေတဲ့ သူတို့ကို ပွဲထွက် ကစားခွင့် ပေးနေတာပေါ့ဗျာ ၊ သူတို့က အသင်းအတွက် ယှဉ်ပြိုင် ကစားရတာ အနိုင်ယူရတာ ဘယ်လိုလဲ ဆိုတာ ကောင်းကောင်း သိနေကြသူတွေပါ ။ ” လို့ ချီးကျူး သွားခဲ့ပါတယ် ။

SM