အက်သလက်တီကို မက်ဒရစ် အသင်း ရဲ့ နည်းပြ ဖြစ်သူ ဒီယေဂို ဆီမြွန်နီ က အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း ဖာနန်ဒို တောရက်စ် ကို ‘ အကြွင်းမဲ့ ဂန္ဓဝင် ‘ လို့ ဆိုလိုက်ပြီး သူဟာ အနာဂတ်မှာ စပိန် လက်ရွေးစင် ဟောင်းနဲ့ အေတီကိုမှာ အတူ လက်တွဲ အလုပ် လုပ်လို ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အသက် 35 နှစ် ရှိပြီ ဖြစ်တဲ့ အေတီကို ၊ ချဲလ်ဆီး ၊ လီဗာပူး နဲ့ စပိန် လက်ရွေးစင် ကစားသမား ဟောင်း ဟာ ပြီးခဲ့တဲ့ တစ်ပါတ် တုန်းက ဂျပန် ကလပ် ဆာဂန် တိုဆူ အတွက် ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ ရဲ့ နောက်ဆုံး ပွဲစဉ် ကို ကစား ပေး ထားခဲ့ သူပဲ ဖြစ် ပါတယ် ။

တောရက်စ် ဟာ ဘောလုံး ကစား ခဲ့တဲ့ 18 နှစ်တာ ကာလ အတွင်း အောင်မြင် တဲ့ ကစားသမား ဘဝ ကို ပိုင်ဆိုင် ထားသူ ဖြစ်ပြီး စပိန် လက်ရွေးစင် အသင်းနဲ့ အတူ 2010 ကမ္ဘာ့ ဖလား ၊ ယူရို 2008 နဲ့ ယူရို 2012 တို့ကို ရယူ ထားနိုင် ခဲ့သူ ပဲ ဖြစ်ပါတယ် ။

အခုတော့ အေတီကို အသင်း နည်းပြ က သူနဲ့ အတူ အသင်း မှာ လက်တွဲ ခဲ့ ဖူးတဲ့ စပိန် လက်ရွေးစင် ဟောင်းကို ဘောလုံး ကစားသမား ဘဝ မှ အနားယူ ပြီးနောက် အရာရာ အဆင် ပြေဖို့ ဆုတောင်း ပေးသွား ခဲ့လိုက် ပါတယ် ။

” ဖာနန်ဒို ဟာ တစ်ကယ့် ကို ဥာဏ်ကောင်း လွန်းတဲ့ ကစား သမား တစ်ဦး ဖြစ်သလို ဘောလုံး လောက ရဲ့ အကြွင်းမဲ့ ဂန္ဓဝင် တစ်ဦး လည်း ဖြစ် ပါတယ် ”

” သူဟာ သူ့ရဲ့ စွမ်းဆောင်ရည် ၊ အလုပ် ကြိုးစားမှု တွေကြောင့် သူတစ်ပါး ရဲ့ လေးစား ယုံကြည်မှု တွေကို ရရှိ ထားခဲ့ တဲ့ ကစားသမား ပဲ ဖြစ် ပါတယ် ။ သူဟာ ဘယ် အသင်း မှာပဲ ကစား ခဲ့ ပါစေ ၊ အဲ့ဒီ နေရာ မှာ အဆင့် အတန်း မြင့်တဲ့ ပုံရိပ် တစ်ခု ကို ရယူ ထားနိုင် ခဲ့ ပါတယ် ”

” သူ ဘောလုံး လောက ဆီ ပြန်လာ ဖို့ သိပ် မကြာ ပါစေ နဲ့ လို့ပဲ မျှော်လင့် နေ ပါတယ် ။ အဲ့တာ ဆို ကျွန်တော် တို့ နောက် တစ်ကြိမ် အတူ လက်တွဲ အလုပ် လုပ်လို့ ရနိုင် တာပေါ့ ဗျာ ” လို့ ဆီမြွန်နီ က သူ့ရဲ့ ဆန္ဒ တွေကို ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

တောရက်စ် ဟာ အေတီကို အသင်း မှာ နှစ်ကြိမ် ကစား ခဲ့စဉ် ကာလ အတွင်း ပွဲပေါင်း 350 အထိ ကစားပေး ထားခဲ့ပြီး 121 ဂိုး အထိ သွင်းယူ ပေးထား နိုင်ခဲ့ သူပဲ ဖြစ်ပါတယ် ။

သူ့ရဲ့ ကစားသမား ဘဝ နောက်ဆုံး ပွဲစဉ် က မျှော်လင့် ထားခဲ့ သလို အကောင်းဆုံး မဖြစ် နိုင်ခဲ့ ပါဘူး ။ တောရက်စ် ဟာ ဆာဂန် တိုဆူ အသင်း အတွက် နောက်ဆုံး ကစား ခဲ့တဲ့ ပွဲစဉ် မှာ လက်ရွေးစင် အသင်း ဖော်ဟောင်း အင်နီယေစတာ ၊ ဒေးဗစ် ဗီလာ တို့ ဦးဆောင် ခဲ့တဲ့ ဗစ်ဆယ် ကိုဘီ အသင်း နဲ့ ရင်ဆိုင် ခဲ့ ရပြီး 6 – 1 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် ထားခဲ့ ပါတယ် ။

#Sports_Myanmar