ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က အသင််းဖော် နောက်ခံလူ ရာဖေးလ် ဗာရန်းဟာ ခေါင်းဆောင် တစ်ဦးဖြစ်ကြောင်း ဗီလာ ရီးယဲ အသင်းနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် အုပ်စု ဒုတိယပွဲစဥ် မတိုင်မီ အင်တာဗျူးမှာ ချီးကျူးစကား ဆိုသွားခဲ့လိုက် ပါတယ် ။

ယူနိုက်တက် ပရိသတ်တွေဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတွေထဲက အသင်း ခေါင်းဆောင် ဟယ်ရီ မက်ဂွားယားနဲ့ တွဲဖက် ကစားစေဖို့ အတွက် ဗဟို နောက်ခံလူ တစ်ဦးကို လိုချင်နေခဲ့ချိန် အသင်းရဲ့ တာဝန်ရှိသူတွေဟာ နွေမှာ ဗာရန်းကို ယူရို သန်း 50 နဲ့ ခေါ်ပေးခဲ့တာပဲ ဖြစ်ပါတယ် ။

အကျိုးဆက် တစ်ခုအဖြစ် ပြီးခဲ့တဲ့ ရာသီက အလွတ် တည်ကန်ဘောတွေ ကနေ ဂိုးတွေ အများကြီး ပေးခဲ့ရတဲ့ ယူနိုက်တက်တို့ဟာ အက်စတွန် ဗီလာ အသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဥ် မတိုင်မီအထိ အလွတ်တည်ကန်ဘော ကနေ ပေးဂိုး လုံးဝ မရှိအောင် ကစားပြနိုင်ခဲ့ကြ ပါတယ် ။

အခုတော့ ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် က ဗာရန်းရဲ့ ခေါင်းဆောင်နိုင်မှု အရည်အသွေးကို ထုတ််ဖော် ချီးကျူးလိုက်ပေမဲ့ အသင်းမှာ ဗဟို ခံစစ် နေရာ အတွက် ကစားသမားကောင်းတွေ အများကြီး ရှိနေသေးကြောင်း သတိပေး သွားခဲ့လိုက် ပါတယ် ။

” သိပ်သေချာတာပေါ့ ၊ ဗာရန်းက winner တစ်ဦးပါ ။ ဒါကို လူတိုင်း သိကြပါတယ် ။ သူဟာ လူကောင်း တစ်ဦးဖြစ််သလို အလုပ်လည်း အမှန်အကန် ကြိုးစားလှပါတယ် ။ သူဟာ လူတိုင်းကို ပိုကောင်းအောင် တွန်းအားပေးနိုင်တဲ့ ကစားသမား တစ်ဦးပါပဲ ”

” သူ့ဆီမှာ ခမ်းနားလှတဲ့ စိတ်ဓါတ် ခံယူချက်တွေ ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ် ။ ဒါပေမဲ့ တူညီတဲ့ အချိန် တစ်ခုမှာပဲ ကျွန်တော်တို့ဟာ အခြား ကစားသမားတွေကို မေ့ပျောက်ထားလို့ မရနိုင်ပါဘူး ။ ရာဖာဟာ အရမ်းတော်တဲ့ ကစားသမား တစ်ယောက်ပါ ”

” ဗစ်တာ လင်ဒီလော့ဖ် က အမေ့ဇင်း ပါပဲ ။ သူကလည်း ရာသီအစမှာ အရမ်းကောင်းခဲ့ပါသေးတယ် ။ အဲရစ် ဘိုင်လီ က အိုလံပစ်ကြောင့် ပြန်ရောက်တာ နောက်ကျခဲ့ပါတယ်် ။ ဒါပေမဲ့ သူက ကျွန်တော်တို့ အရမ်း ယုံကြည်ကြတဲ့ ကစားသမား တစ်ဦးပါပဲ ”

” ပြီးတော့ ဟယ်ရီ မက်ဂွားယား… သူ ကစားတာ အရမ်းကောင်းတယ် ဆိုတာကို ကျွန်တော်တို့ အားလုံး သိနှင့်ပြီးသားပါ ။ ရာဖာဟာ ကျွန်တော်တို့ အတွက် အမှန်တကယ် အရေးကြီးတဲ့ ကစားသမား တစ်ဦးပါ ။ သူဟာ အသင်း အတွက် အရေးကြီးသူ ဖြစ်ကြောင်း ပြခဲ့ပြီးပါပြီ ”

” ဒါပေမဲ့ အရေးအကြီးဆုံး အချက်တခုက ကစားသမား အားလုံး တက်စွမ်းနိုင်သမျှ အကောင်းဆုံးကြိုးစားကစားပေးရေးပါပဲ ။ ဘောလုံးအားကစားလောကမှာ ကျွန်တော်တို့တွေဟာ ခြားနားတဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ကြတယ်လေ ”

” ရာဖာ ဆီမှာ ဗစ်တာ ၊ ဟယ်ရီ ၊ အဲရစ် ၊ ဖီးလ် တို့နဲ့ မတူညီတဲ့ အရည်အသွေးတွေ ရှိနေပါတယ် ။ သူတို့တွေက အသင်းထဲ ခြားနားတဲ့ အရည်အသွေးတွေကို ပေါင်းထည့် ပေးနိုင်ကြပါတယ် ။ သူဟာအသင်းအတွက် အခုမှစတင် ကစားပေးတာမို့လို့ အကောင်းဆုံး အံဝင်ဖို့ နည်းနည်းလိုပါသေးတယ် ”

” ဘယ်လိုပဲ ဖြစ်ပါစေ ၊ သူဟာ ခေါင်းဆောင်နိုင်သူ တစ်ဦးပဲလို့ ကျွန်တော် တွေးထင်ထားပါတယ် ။ အဲ့ဒီ အရည််အသွေးကို အရင်းခံပြီး သူဟာ အသင်းကို ကူညီပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်နေပါတယ် ” လို့ ဘရူနို ဖာနန်ဒက်စ် က မှတ်ချက်ပေးခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar

====================