အပြောင်း အရွှေ့ ပိတ်ဖို့ ၄-၅ ရက်သာ လိုတော့ တဲ့ အချိန် မှာ နေမာ ရဲ့ သတင်းတွေ ပိုမို ဆူညံ ပျံ့နှံ့ လာခဲ့ ပါတယ် ။ ရီးရဲ မက်ဒရစ် ရော ဘာစီလိုနာ ပါ နေမာ ကို အရ ခေါ်ယူ နိုင်ဖို့ အရှိန် မြှင့်လုပ် ဆောင် နေကြတယ် လို့ သိရ ပါတယ် ။ ဘာစီလိုနာ ဟာ နေမာ ရဲ့ ဖခင် နဲ့ တွေ့ဆုံ နေသလို ရီးရဲ ဘက်က လည်း ကမ်းလှမ်းမှု တွေ ပြုလုပ် ဖို့ စီစဉ် နေပြီ ဖြစ်ပါတယ် ။

PSG ကတော့ နေမာ ကို အလိုရှိ ပါက ဗီနီဆီယပ် ဂျူနယာ ကို အလိုက်ပေး ရမယ် လို့ ရီးရဲမက်ဒရစ် ကို တောင်းဆို ထားကြောင်း သိရ ပါတယ် ။ ဒါ့အပြင် ဘာစီလိုနာ ရဲ့ စတုတ္ထ အကြိမ် မြောက် ကစား သမား + ငွေသား ကမ်းလှမ်းမှု ကိုလည်း ငြင်းပယ် ချ ထားခဲ့တယ် လို့ သိရ ပါတယ် ။

လီဗာပူး အသင်း ဟာ လူငယ် ကစား သမားလေး ဘော်ဘီ ဒန်ကန် ကို ဖီအိုရင် တီးနား အသင်းထံ ရောင်းချ ဖို့ အတွက် ငြင်းဆန် ခဲ့တယ် လို့ သိရ ပါတယ် ။ ဘော်ဘီ ဒန်ကန် ဟာ လီဗာပူး ဂန္ထ၀င် စတီဗင် ဂျရတ် ရဲ့ ညီဝမ်းကွဲ လည်း ဖြစ်ပါတယ် ။

ယူဗင်တပ် နည်းပြကြီး ဆာရီ ဟာ အဆုတ်ရောင် ရောဂါ ကြောင့် စီးရီးအေ အဖွင့် ပွဲ ကို မကြီးကြပ် နိုင်ခဲ့ ပေမယ့် နာပိုလီ နဲ့ ကစားမယ့် ပွဲ ကို တော့ ပြန်လည် ကိုင်တွယ် နိုင်ဖို့ ရှိနေတယ် လို့ ကြားသိ ရ ပါတယ် ။

အဲဗာတန် အသင်း ရဲ့ ကွင်းလယ် ကစား သမားသစ် ဂျီဘာမင် ဟာ ပေါင်ခြံ ဒဏ်ရာ ကြောင့် အနည်းဆုံး ၂ လ ခန့် အနားယူ ရတော့ မယ်လို့ အသင်း ဘက်က အတည်ပြု သွားခဲ့ ပါတယ် ။

ယူဗင်တပ် ကွင်းလယ်လူ အာရွန် ရမ်ဆေး ဟာ ဝေးလ် လက်ရွေးစင် အသင်း ရဲ့ အဇာဘိုင်ဂျန် နဲ့ ကစားမယ့် ယူရို ၂၀၂၀ ခြေစစ်ပွဲ ၊ ဘီလာရု နဲ့ ကစားမယ့် ခြေစမ်းပွဲ တွေကို လွဲချော် မယ် လို့ သိရ ပါတယ် ။ ဒါပေမယ့် ဘယ်လို အကြောင်း ကြောင့်လဲ ဆိုတာတော့ ကလပ် အသင်း ဘက် က ထုတ်ပြန်ခြင်း မရှိသေး ပါဘူး ။

ဘာစီလိုနာ အသင်း ကတော့ သူတို့ရဲ့ ဂန္ထ၀င် ကစား သမားကြီး ယိုဟန် ခရပ်ဖ် ရဲ့ ရုပ်တု ကို နူးကမ့် ကွင်း အပြင် မှာ ဖွင့်လှစ် လိုက်ပြီ ဖြစ်သလို ဘီအသင်းရဲ့ ကွင်းကိုလည်း ယိုဟန် ခရပ် ရဲ့ အမည် ကို မှည့်ခေါ် ခဲ့တယ် လို့ သိရှိ ရ ပါတယ် ။

နာပိုလီ အသင်း ကတော့ အင်တာ တိုက်စစ်မှုး အီကာဒီ ကို အလိုရှိ နေပြီး လက်ကျန် အပြောင်း အရွှေ့ နေ့ရက် တွေ မှာ အရှိန် မြှင့် လုပ်ဆောင် သွားမယ် လို့ သိရ ပါတယ် ။

ဇူလိုင်လ ထဲ က မှ အနားယူ သွားခဲ့တဲ့ ဘိုင်ယန် နဲ့ နယ်သာလန် တောင်ပံ ကစား သမားကြီး ရော်ဘင် ဟာ ဘောလုံး လောက ထဲ ကို ပြန်ဝင် လာနိုင် သလား ဆိုတဲ့ မေးခွန်း ကို ငြင်းဆန် ခြင်း မပြု သွားခဲ့ဘူး လို့ သိရ ပါတယ် ။ ရော်ဘင် နဲ့ အတူ ဘိုင်ယန် ကနေ ထွက်ခွာ ခဲ့တဲ့ ရီဘာရီ ကတော့ ဖီအိုရင် တီးနား အသင်း မှာ ကစား နေပြီ ဖြစ်ပါတယ် ။

လာမယ့် အပတ် ပရီးမီးယားလိဂ် ရဲ့ ပွဲကြီး ပွဲကောင်း တစ်ပွဲ ဖြစ်တဲ့ အာဆင်နယ် – တော့တင်ဟမ် ဟော့စပါး ပွဲစဉ် ကို မာတင် အက်ကင်ဆန် က ကွင်းလယ်ဒိုင် အဖြစ် တာဝန်ယူ ကိုင်တွယ် သွားမယ် လို့ သိရ ပါတယ် ။

ဘာစီလိုနာ လူငယ် ကစား သမားလေး အိုရီရယ် ဘက်စကွက် ကတော့ နယ်သာလန် ကလပ် တွမ်တီး အသင်းထံ ရာသီကုန် အထိ အငှား ဖြင့်ပြောင်း ရွှေ့ သွားခဲ့ပြီ ဖြစ် ပါတယ် ။

ရီးရဲ တောင်ပံ ကစား သမား အီဒင် ဟာဇက် ဟာ ဗီလာရီးရဲ အသင်း နဲ့ ကစားမယ့် ပွဲ မှာ ပြန်လည် ပါဝင် လာနိုင် ဖို့ ပစ်မှတ် ထားနေတယ် လို့ သိရ ပါတယ် ။

ဆီဗီးလား ကွင်းလယ်လူ ဖရန်ကို ဗက်ဇ်ကွက် ကတော့ တိုရီနို အသင်းထံ ပြောင်းရွှေ့ ဖို့ နီးစပ် နေပြီလို့ ကြားသိ ရ ပါတယ် ။

အာဆင်နယ် နောက်ခံလူ နာချို မွန်ရီရယ် ကတော့ ရီးရဲ ဆိုဆီဒက် အသင်းနဲ့ သီးသန့် သဘောတူညီချက် ရရှိ သွားခဲ့ ပြီလို့ သိရ ပါတယ် ။

ရိုးမား အသင်း ကတော့ အသက်လက်တီကို မက်ဒရစ် အသင်း တိုက်စစ်မှုး နီကိုလာ ကယ်လင်နစ် ကို ခေါ်ယူ နိုင်ဖို့ အတွက် သဘောတူညီမှု ရရှိ ခဲ့ပြီလို့ လည်း ကြားသိရ ပါတယ် ။

အင်တာ ကွင်းလယ်လူ ဂျာအို မာရီယို ဟာတော့ ရုရှ ကလပ် လိုကိုမိုးတစ် မော်စကို အသင်း ကို ပြောင်းရွှေ့ သွားခဲ့ပြီ ဖြစ်ကာ မကြာခင် မှာ အတည်ပြု ကြေညာ နိုင်တော့မယ် လို့ သတင်း ကြားသိရ ပါတယ် ။

အဲဗာတန် နဲ့ လိဒ် ယူနိုက်တက် တိုက်စစ်မှုး ဟောင်း ဂျရမီး ဘက်ဖိုဒ့် ကတော့ ဘောလုံး ကစား ခြင်း ကနေ အနားယူ သွားခဲ့ပြီ ပဲ ဖြစ်ပါတယ် ။

SPORTS MYANMAR