လီဗာပူး အသင်း ရဲ့ ကစားသမား ဟောင်း တစ်ဦး ဖြစ်တဲ့ ဒန်နီ မာဖီ က ယူနိုက်တက် နည်းပြ အိုလီ ဂန်နား ဆိုးလ်ရှား ဟာ ဂိုး သမား ဒေးဗစ် ဒီဂီယာ ကြောင့် ပြသနာ အချို့ ရှိ နေတယ် လို့ သုံးသပ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒါ့အပြင် ပြီး ခဲ့တဲ့ တစ်ပါတ် က ယူနိုက်တက် တို့ ခရစ္စတယ် ပဲလေ့စ် အသင်း ကို ရှုံးနိမ့် ခဲ့ခြင်း က ဒီဂီယာ ရဲ့ အမှား ကြောင့် လို့ ဒန်နီ မာဖီ က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။ ဒီဂီယာ ဟာ ပြီး ခဲ့တဲ့ ဘောလုံး ရာသီ ကုန်ဆုံး ကာနီ တုန်းက လည်း ယူနိုက်တက် မှာ အမှား တွေ ဆက်တိုက် ကျူးလွန် ခဲ့ပါ သေးတယ် ။

” ယူနိုက်တက် နဲ့ ပတ်သက် လို့ စိုးရိမ် စရာ အချက် နှစ်ချက် လောက် ရှိ ပါတယ် ။ ယူနိုက်တက် အတွက် စိုးရိမ် ရမယ့် အရာ က ဒေးဗစ် ဒီဂီယာ ပါပဲ ။ သူ့ အနေ နဲ့ ပဲလေ့စ် ရဲ့ အနိုင် ဂိုးကို သာသာယာယာ ဖမ်းယူ နိုင်ခဲ့ သင့် ပါတယ် ။ ဒါပေမယ့် သူ အမှား ကျူးလွန် ခဲ့မိ ပါတယ် ။ ဒါတွေ ဟာ မကြာခန ဖြစ်နေ သလို ပါပဲ ”

” သူ ဘယ်လောက် အထိ ကောင်းမွန် နိုင် သလဲ ဆိုတာ ကျွန်တော် တို့ အားလုံး သိရှိ ကြ ပါတယ် ။ ဒါပေမယ့် သူ့ဆီ မှာ မှန်ကန် မှု မရှိ တဲ့ အရာ အချို့ ရှိနေ သလို ပါပဲ ။ အဲ့တာ က ယူနိုက်တက် အတွက် ပြသနာ ဖြစ်လာ စေနိုင် ပါတယ် ” လို့ ဒန်နီ မာဖီ က ဆိုသွား ခဲ့လိုက် ပါတယ် ။

အဲ့ဒီနောက် ယူနိုက်တက် တို့ ခရစ္စတယ် ပဲလေ့စ် အသင်း ကို 1 – 2 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် ခဲ့တဲ့ ပွဲစဉ် တုန်းက အသင်း ရဲ့ ကွင်းလယ် ပိုင်း မှာလည်း ပြသနာ အချို့ ရှိနေ ခဲ့ကြောင်း ဒန်နီ မာဖီ က ဆက်လက် ထောက်ပြ ပြောဆို သွားခဲ့ လိုက် ပါတယ် ။

” နောက်ပြီး သေချာတာ တစ်ခုက ယူနိုက်တက် ရဲ့ ကွင်းလယ် ပိုင်းပေါ့ ၊ သူတို့ ဆီမှာ အခု ထက်ထိ မှန်ကန် တဲ့ ဟန်ချက် တစ်ခု ရှိနေ သလား ဆိုတာ မသေချာ ပါဘူး ။ ကျွန်တော့် အမြင် ပြောရ မယ် ဆိုရင် သူတို့ အသင်း မှာ လိုအပ် နေတာ က မိုက်ကယ် ကာရစ်ပါ ။ ဒါပေမယ့် မိုက်ကယ် ကာရစ် ကို ဘယ်မှာ သွားရှာ မလဲ ? ”

” ယူနိုက်တက် တို့ လိုနေ တာ ကွင်းလယ် မှာ အထိုင် ကစား ပေးနိုင် မယ့် သူပါ ။ ပေါ့ဂ်ဘာ က တိုက်စစ် လိုက်ပါ ကစား ရတာကို နှစ်သက် ပါတယ် ။ မက် တော်မီနေး က ကစားသမား ကောင်း တစ်ယောက် ပါ ။ ဒါပေမယ့် သူဟာ မိုက်ကယ် ကာရစ် လို ပွဲ အရှိန် ကို ထိန်းသိမ်း ပေးနိုင် စွမ်း မရှိ ပါဘူး ”

” ကျွန်တော် သိ သလောက် ပြော ရမယ် ဆိုရင် ယူနိုက်တက် ဟာ အခု အချိန် အထိ ကာရစ် ရဲ့ နေရာ ကို အစား မထိုး နိုင်သေး ပါဘူး ” လို့ ဒန်နီ မာဖီ က သုံးသပ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။ ဒါပေမယ့် အဆိုပါ ပွဲစဉ် မှာ ယူနိုက်တက် နဲ့ ပတ်သက် လို့ ကောင်းမွန် တဲ့ အရာ နှစ်ခု လည်း ရှိ ခဲ့တယ် လို့ မာဖီ က ဆက်လက် ပြောကြား သွားခဲ့ ပါတယ် ။

” ယူနိုက်တက် အတွက် အပေါင်း လက္ခဏာ ဆောင်တဲ့ အရာ တစ်ခု က ဒန်နီယယ် ဂျိမ်းစ် ပိုကောင်း လာတာ ပါပဲ ။ သူဟာ အလားအလာ ကောင်းတဲ့ အနေအထား တစ်ရပ် ကို ပိုင်ဆိုင် ထား ပါတယ် ။ သူ့ရဲ့ သွင်းဂိုး နဲ့ အတူ ယူနိုက်တက် ကို ပြန်လာ နိုင်အောင် လုပ်ဆောင် နိုင်ခဲ့ ပါတယ် ။ ငယ်ရွယ် ပေမယ့် တာဝန် ယူနိုင် တဲ့ အနေအထား တစ်ခု ပါပဲ ”

” မားကပ်စ် ( ရပ်ရှ်ဖို့ ) လည်း ကောင်းမွန် ခဲ့ ပါတယ် ။ ပင်နယ်တီ တော့ လွဲချော် ခဲ့တာ ပေါ့ ။ ဒါပေမယ် သူတို့ လူငယ် နှစ်ဦး က တာဝန် ယူနိုင် မှု ရှိတယ် ဆိုတာ ပြသ ခဲ့ကြ ပါတယ် ။ ပဲလေ့စ် ကတော့ အနည်းငယ် ကံကောင်း ခဲ့ ပါတယ် ။ သူတို့ အဲ့ဒီ ကံကောင်းမှု နဲ့လည်း ထိုက်တန် ခဲ့ကြ တယ်လေ ” လို့ ဒန်နီ မာဖီ က သုံးသပ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar