မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးဆုံးခဲ့တဲ့ နွေစျေးကွက်ထဲမှာ တောင်ပံ တိုက်စစ် နေရာအတွက် ဒေါ့မွန်မှ ဂျေဒန် ဆန်ချို ၊ ဗဟို ခံစစ် နေရာအတွက် ရီးယဲ မက်ဒရစ်မှ ရာဖေးလ် ဗာရန်း ၊ တိုက်စစ်မှူး နေရာအတွက် ဂျူဗင်တပ် အသင်းမှ ခရစ္စတီယာနို ရော်နယ်ဒို တို့ကို ခေါ်ယူဖြစ်ခဲ့တယ် ။

ဒါ့ကြောင့် ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ပရီးမီးယားလိဂ် အမှတ်ပေး ဇယား အဆင့် 2 နေရာမှာ ရာသီ ကုန်ဆုံးစေခဲ့တဲ့ ယူနိုက်တက်တို့ဟာ ဒီနှစ်တော့ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်စွမ်း ရှိလာလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပါတယ် ။ ထင်ကြေး ပေးခံခဲ့ရတဲ့ အတိုင်းပဲ ယူနိုက်တက်တို့ ရာသီသစ် ဖွင့်လှစ်ပုံ လှခဲ့ကြပါသေးတယ် ။

ဒါပေမဲ့ နောက်ပိုင်း ပွဲစဥ်တွေမှာတော့ ယူနိုက်တက်တို့ရဲ့ စွမ်းဆောင်ရည်တွေဟာ တည်ငြိမ်မှု ကင်းမဲ့နေခဲ့ပြီး အဲဗာတန် နဲ့ ဆောက်သမ်တန်ကို သရေ ၊ ယန်းဘွိုင်းစ် ၊ ဝက်စ်ဟမ်း ၊ အက်စတွန် ဗီလာ အသင်းတွေကို ရှုံးနိမ့်ခဲ့ပြီး ကာရာဘောင်း ဖလား ပြိုင်ပွဲမှ စောစောစီးစီး နှုတ်ထွက်လာခဲ့ရပါတယ် ။

ထို့အတူ တည်ငြိမ်တဲ့ စွမ်းဆောင်ရည် မပြသနိုင်ခြင်း ၊ ရလဒ်တွေ တည်ငြိမ်မှု ကင်းမဲ့ခြင်းတွေကြောင့် ယူနိုက်တက််တို့ဟာ အမှတ်ပေး ဖလားဆုကို စိန်ခေါ်နိုင်စွမ်းရှိတဲ့ အသင််းတွေ အလေးပေးမှုမှာ လျှော့ကျ သွားခဲ့ရ ပါတယ် ။ ဒါဟာ အောင်မြင်မှုကို စောင့်ဆိုင်းနေတဲ့ ပရိသတ်တွေအတွက််တော့ စိတ်ပျက်စရာ ဖြစ်သွားခဲ့ရပါတယ် ။

အခုတော့ ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်ဖို့ ချဲလ်ဆီး ၊ မန်စီးတီး နဲ့ လီဗာပူး အသင်းတွေက ရေပန်း အစားဆုံး ဖြစ်နေကြပါပြီ ။ ဒီလို အနေအထားမှာ talksport ရဲ့ သတင််းသုံးသပ်သူ ဖြစ်တဲ့ ဒါးရင်းဘန့် က နွေမှာ ယူနိုက်တက််တို့ ကွင်းလယ် ခံစစ် ကစားသမားကောင်း မခေါ်ယူခဲ့ခြင်းက အခုလို ဖြစ်စေခဲ့ကြောင်း သုံးသပ်လိုက်ပါတယ် ။

” မန်ချက်စတာ ယူနိုက်တက် အသင်းကို ပရီးမီးယားလိဂ် အမှတ်ပေး ဖလား စိန်ခေါ်နိုင်စွမ်းရှိတဲ့ အသင်း စာရင်း ပြင်ပဆီ ရောက်ရှိစေခဲ့တဲ့ အကြောင်းအရင်း တစ်ခုက ကွင််းလယ်ပဲလို့ ကျွန်တော် ထင်ပါတယ် ။ ခံစစ် 4 ယောက်ရဲ့ အရှေ့မှာ ကစားရတဲ့ ဒီကဏ္ဍက အရမ်းကို အရေးကြီးလှပါတယ် ”

” ဒီနေရာမှာ တစ်ယောက်ထားပြီး ကစားတာပဲ ဖြစ်ဖြစ် ၊ နှစ်ယောက် ထားပြီး ကစားတာပဲ ဖြစ်ဖြစ် ကစားသမားကောင်း ရှိနေဖို့ တကယ်ပဲ အရေးကြီးလှပါတယ် ။ မန်ချက််စတာ ယူနိုက်တက် အသင်းကတော့ ဒါကို သတိမထားမိပဲ ကွင်းလယ်ခံစစ် ကစားသမားကောင်း တစ်ဦးကို ခေါ်ယူဖို့ ပျက်ကွက်သွားခဲ့ပါတယ် ”

” အဲ့ဒီ နေရာအတွက်သာ လူခေါ်နိုင်ခဲ့ရင် ပေါ့ဂ်ဘာနဲ့ ဘရူနို တို့ဟာ ပိုပြီး လွတ်လပ်စွာ ကစားခွင့် ရနိုင်ခဲ့ကြမှာပါ ။ ယူနိုက်တက် အနေနဲ့ ကွင်းလယ် ခံစစ် နေရာမှာ တစ်ဦးပဲ ထားပြီး ကစားစေသင့်တဲ့ အစုအဖွဲ့မျိုး ရှိနေပါတယ် ။ ဒါပေမဲ့ ဆိုးလ်ရှား က တစ်ယောက်ထဲ ထားဖို့ ယုံကြည်မှု မရှိပါဘူး ”

” အသင်းမှာ ကွင်းလယ် ခံစစ် ကစားဖို့ မက် တော်မီနေး ရှိနေပါတယ် ။ ပြီးတော့ ဖရက်ဒ်လည်း ရှိနေပါသေးတယ် ။ ဒါပေမဲ့ ဆိုးလ်ရှားက သူတို့ကို တစ်ယောက်ထဲ ထားပြီး မကစားရဲပါဘူး ။ အဲဗာတန် က အဲ့ဒီ အချက်ကိုပဲ အခွင့်အရေး ကောင်းကောင်း ယူသွားခဲ့တာလို့ ကျွန်တော် ထင်ပါတယ် ”

” သူတို့တွေဟာ ကောင်တာ တိုက်စစ်ကို ကောင်းကောင်း ကစားပြသွားနိုင်ခဲ့ကြပါတယ် ။ သူတို့အသင်းမှာ ကောင််တာ တိုက်စစ်ဆင် ကစားပေးနိုင်တဲ့ လျှင်မြန်လှတဲ့ ကစား သမားတွေ ရှိနေကြတယ်လေ ။ ဒါကို သူတို့ အကောင်းမွန်ဆုံး လုပ်ပြသွားနိုင်ခဲ့ကြတယ်လို့ ကျွန်တော် ထင်ပါတယ် ” လို့ ဒါးရင်းဘန့် က ထောက်ပြသွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar