“ ကျနော့် ခေါင်းထဲကနေ ထုတ်မရတဲ့ အတွေးတခု ရှိတယ်ဗျ။ လီဗာပူး ကနေ မထွက်ခွာခင် ၊ အသင်းက တစ်နှစ် စာချုပ်သက်တမ်းတိုး ကမ်းလှမ်းခဲ့တာကို ၊ လက်မှတ်ထိုးခဲ့သင့်သလားပေါ့။ တကယ်လို့သာ ထိုးလိုက်မယ် ဆိုရင် ကျနော်ဟာ ယာဂန် ကလော့ပ် နဲ့ လက်တွဲပြီး အလုပ်လုပ်ခွင့်ရမှာပါ။ Squad Player ဖြစ်ရင်လဲ မနည်းပါဘူး။

ဒီအကြောင်းတွေ တွေးမိတိုင်း ၊ ငါ ကိုယ်တိုင် ဆုံးဖြတ်ချက် ချခဲ့တာပါလေ ဆိုပြီး အမြဲတမ်း ဖြေသိမ့်ရပါတယ်။ ကျနော့် ရဲ့ လီဗာပူး ကစားသမားဘ၀ ဖြတ်သန်းခဲ့ပုံနဲ့ ပတ်သက်ပြီး ကျေနပ်ပြီးသားပါ။ ဒါပေမယ့် ကလော့ပ် ရောက်လာချိန်မှာ ကျနော့် ကို လူစားဝင် ကစားသမားအဖြစ် သုံးရင်း ပုံမှန် ပွဲကစားခွင့် 15 မီးနစ်လောက်တော့ ပေးမယ် ထင်ပါတယ်။

အဲဒီလို ကစားခွင့်ရရင်တောင် ကျနော် က ကျေကျေနပ်နပ် နဲ့ ရယူမယ့်သူပါ”

ဒီစကားလုံးတွေဟာ လီဗာပူး အသင်းခေါင်းဆောင်ဟောင်းကြီး စတီဗင် ဂျရတ် ရဲ့ ရင်ဘတ်ထဲက ထွက်ကျလာတဲ့ စကားတွေပါ။

အယ်အေ ဂလက်ဆီ အသင်းကို ပြောင်းရွှေ့သွားတဲ့ ဘောလုံးရာသီမှာပဲ ဘရန်ဒန် ရော်ဂျာ် ထုတ်ပယ်ခံလိုက်ရသလို ၊ အဲဒီနေရာကို ယာဂန် ကလော့ပ် ရောက်တာနဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်တွေကို မကြာခဏ ဖွင့်ချလေ့ရှိပါတယ်။

ဂျရတ်လို ကစားသမား တယောက်က သူ့ခေတ် အလွန် အောင်မြင်မှုတွေ ရယူမယ့် အသင်းတသင်းရဲ့ ကနဦး တည်ဆောက်မှုတွေမှာ ပါဝင်ခွင့်ရချင်တာ သံသယ ဖြစ်နေစရာ မလိုပါဘူး။ လီဗာပူး အပေါ် သူထားတဲ့ သံယောဇဉ်တွေကြောင့်ပဲ ၊ လက်ရှိ ကလော့ပ်ရဲ့ အသင်း ကစားပုံတွေကို မြင်တွေ့ရတိုင်း သူ ဘယ်လောက်အထိ ပါဝင် ကစားခွင့် ရချင်မလဲ ဆိုတာ ခန့်မှန်းကြည့်လို့ ရပါတယ်။

ဂျရတ်ဟာ လီဗာပူး ကစားသမားဘ၀ ဖြတ်သန်းခဲ့တဲ့ 17 နှစ်တာ ကာလ အတွင်းမှာ ပွဲပေါင်း 710 အထိ ကစားပေးခဲ့သလို ဥရောပ ရဲ့ အမြင့်ဆုံး ဆုဖလားကြီးတွေကိုလဲ ဆွတ်ခူး ပေးနိုင်ခဲ့ပါတယ်။

နည်းပြ ယာဂန် ကလော့ပ်ကလဲ တကယ်လို့သာ သူ့မှာ အခွင့်အရေး ရှိခဲ့မယ် ဆိုရင် ဂျရတ် ကို သူ့ရဲ့ လီဗာပူး အသင်းမှာ ပြန်ကစားပေးတာမျိုး မြင်ချင်တဲ့ အကြောင်း This is Anfield နဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

“ ဘောလုံး သမိုင်းကြောင်းထဲက ကစားသမား တစ်ယောက်ကို ပြန်ခေါ်ပြီး ကစားခိုင်းလို့ ရမယ်ဆိုရင် ဂျရတ် ကို ပြန်ခေါ်ချင်တာပေါ့ဗျာ။ ဒါကို အကြာကြီး စဉ်းစားနေစရ မလိုပါဘူး။

ကျနော် ဒီကလပ်ကို ရောက်ခါစ အစောပိုင်း နှစ်မှာတုန်းက ဆစ်ဒနီ မှာ ပွဲတစ်ပွဲ ကစားခဲ့ကြသေးတယ်လေ ၊ အဲဒီပွဲ အတွက် မက်နာမန် ၊ အက်ဂါ ၊ ကာရေဂါ ၊ ဂျရတ် တို့ကိုလဲ ဖိတ်ခဲ့ပါတယ်။

SPORTS MYANMAR