လီဗာပူး အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ဂျေမီ ကာရေဂါ က မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ခရစ္စတီယာနိုကို ခေါ်ယူလိုက်ခြင်းက အသင်းလိုက် ကစားပုံကို ပိုပြီး ထူးကဲလာစေတာ မဟုတ်ကြောင်း သုံးသပ် ပြောကြားသွားခဲ့လိုက် ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယခင်ထဲက တစ်ဦးကောင်း ကစားသမားတွေ အတော်လေး ပိုင်ဆိုင်ထားခဲဲ့ပြီး လက်ရှိ အချိန်မှာတော့ အသင်းလိုက် စုဖွဲ့ ကစားပုံကို ပိုကောင်းစေနိုင်မယ့် ၊ အသင်းကို ချိတ်ဆက်ကစားပေးနိုင်မယ့် ကစားသမားမျိုး လိုအပ်နေခဲ့ပါတယ် ။

ဒါပေမဲ့ ယူနိုက်တက်တို့ဟာ နွေစျေးကွက်မှာ တစ်ကိုယ််တော် လှုပ်ရှားမှု စွမ်းရည် ကောင်းမွန်တဲ့ ဒေါ့မွန် ကြယ်ပွင့် ဂျေဒန် ဆန်ချို နဲ့ တိုက်စစ်မှူးဟောင်း တစ်ဦး ဖြစ်တဲ့ ပေါ်တူဂီ လက်ရွေးစင် ခရစ္စတီယာနို ရော်နယ်ဒို ၊ ရီးယဲ မက်ဒရစ် မှ ရာဖေးလ် ဗာရန်း တို့ကိုသာ ခေါ်ယူသွားခဲ့ပါတယ် ။

အဲ့ဒီထဲမှာ ရာဖေးလ် ဗာရန်းဟာ အသင်းသစ်မှာ အံ့ဝင်အောင် ကစားနိုင်ခဲ့ပေမဲ့ ဆန်ချို ကတော့ ပုံစံကောင်းတွေ ပြနိုင်ဖို့ ရုန်းကန်နေရဆဲပဲ ဖြစ်ပါတယ် ။ ယခင်က ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အစွမ်းပြခဲ့ဖူးတဲ့ ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ဒီပြိုင်ပွဲမှာ တစ်ဖန် ပြန်လည် တောက်ပပြနိုင်ခဲ့ ပါတယ် ။

စီ ရော်နယ်ဒိုဟာ ယူနိုက်တက် အသင်းအတွက် ပွဲထွက် ကစားခွင့် ရရှိခဲ့တဲ့ ပွဲစဥ် 6 ပွဲမှာ 5 ဂိုး အထိ သွင်းယူပေးရင်း ကမ္ဘာ့အဆင့် တိုက်စစ် ကစားသမား တစ်ဦး အဖြစ် ရှိနေသေးဆဲ ဖြစ််ကြောင်း သက်သေပြထားသွားနိုင်ခဲ့ ပါတယ် ။ ဒါဟာ ပရိသတ်တွေ အတွက်တော့ ကျေနပ်စရာပါပဲ ။

ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အသင်းလိုက်ကစားပုံကတော့ ဒီလိုကစားသမားတွေကြောင့် အခုထိ တိုးတက်ကောင်းမွန်လာခြင်း မရှိသေးတာကို မြင်တွေ့ခဲ့ရ ပါတယ် ။ ဒါ့ကြောင့် လီဗာပူး ဂန္တဝင် ကာရေဂါက ဒီအချက်ကို အကြီးမားဆုံး ပြနာလို့ ထောက်ပြသွားတာပဲ ဖြစ်ပါတယ် ။

ကာရေဂါ ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တစ်ဦးအတွက် တစ်ဦး အလုပ်တွေ ကြိုးစား ကစားပေးနေတဲ့ အသင်းအဖွဲ့တစ်ခု မဖြစ်နိုင်သေးပဲ တစ်ကိုယ််တော် စွမ်းရည်တွေသာ ကောင်းမွန်တဲ့ အသင်း တစ်သင်း အဖြစ် ရှိနေသေးဆဲဖြစ်ကြောင်း ​ထောက်ပြ ပြောဆိုသွားခဲ့လိုက် ပါတယ် ။

” သူတို့တွေဟာ ကောင်းမွန်တဲ့ အသင်းအဖွဲ့ တစ်ခုထက် ပိုပြီး သီးခြားစွမ်းရည်ကောင်းတဲ့ ကစားသမားတွေ အဖြစ််သာ ရှိနေကြသေးဆဲ ပါပဲ ။ ခရစ္စတီယာနို ရော်နယ်ဒိုက ဒီအချက်ကို ပြင်ပေးသူ မဟုတ်ခဲ့ရပဲ ဒီလို အသင်းမျိုးပဲ ဆက်ဖြစ်နေအောင် ဖြည့်စွက်ပေးလိုက်သူ တစ်ဦးပဲ ဖြစ်သွားခဲ့ရပါတယ်

” ဒါ့ကြောင့်လည်း သူတို့တွေဟာ အရမ်းကောင်းမွန်တဲ့ ကစားသမား စာရင်းရှိနေပေမဲ့ အခြား ပြိုင်ဖက် အသင်း သုံးသင်း နဲ့ တူညီတဲ့ အဆင့်အတန်း တစ်ခုကို မရောက်နိုင်ကြသေးတာပဲ ဖြစ်ပါတယ် ။ နောက်ဆုံး ကစားခဲ့ရတဲ့ အိမ်ကွင်း နှစ်ပွဲမှာ 5 မှတ်ထိ ဆုံးရှုံးခဲ့ရခြင်းက တည်ငြိမ်မှု မရှိတဲ့ သူတို့ရဲ့ အသင်းလိုက် စွမ်းဆောင်ရည်ကို လှစ်ဟ ပြလိုက်ခြင်းပါပဲ ” လို့ ကာရေဂါ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar