မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပြီးခဲ့တဲ့ နွေ အပြောင်း အရွှေ့ အတွင်း ကစားသမား သစ် သုံးယောက် ခေါ်ယူ အင်အား ဖြည့်တင်း ထားနိုင် ခဲ့ ပါတယ် ။ ဒါပေမယ့် အဲ့တာ က ယူနိုက်တက် ကို ဟန်ချက် ညီစေ တဲ့ အသင်း ဖြစ်စေ ခဲ့ပြီ လား ?

ယူနိုက်တက် ဟာ ဒီနွေ အတွင်း ဆွမ်ဆီး မှ ဒန်နီယယ် ဂျိမ်းစ် ၊ ပဲလေ့စ် မှာ ဝမ် ဘစ်ဆာကာ နဲ့ လက်စတာ စီးတီး အသင်း မှ ဟယ်ရီ မက်ဂွားယား တို့ကို ခေါ်ယူ ဖို့ အတွက် ပေါင် 150 သန်း ဝန်းကျင် အသုံး ပြုခဲ့ ပြီး ထိပ်သီး လေးသင်း စာရင်း ကို ပြန်လည် ဝင်ရောက် နိုင်ဖို့ ပစ်မှတ် ထားနေ ခဲ့ ပါတယ် ။

လက်ရှိ အချိန် မှာတော့ အင်္ဂလန် မှာ အပြောင်း အရွှေ့ ရာသီ ပိတ်သိမ်း သွားခဲ့ ပြီ ဖြစ်ပေမယ့် ဥရောပ တစ်ဝှမ်း မှာတော့ က စားသမားတွေ ခေါ်ယူ လို့ ရနေ ဆဲ ပါပဲ ။ ဥရောပ တစ်ဝှမ်း က လိဂ် တွေရဲ့ အပြောင်း အရွှေ့ ဟာ စက်တင်ဘာ 2 ရက်နေ့ မှာ ပိတ်သိမ်း မှာပဲ ဖြစ် ပါတယ် ။

ထို့အတူ မန်ချက်စတာ ယူနိုက်တက် အသင်း မှာတော့ အဆင် မပြေ ဖြစ်နေ ကြတဲ့ ကစားသမား အနည်းငယ် ရှိနေ ကြပြီး ဒီ ဥရောပ အပြောင်း အရွှေ့ မပိတ်သိမ်း မီ အိုးလ် ထရပ်ဖို့ဒ် မှ ထွက်ခွာ ဖို့ သတင်းကြီး နေကြ ပါတယ် ။ ဥရောပ အပြောင်း အရွှေ့ မပိတ်သိမ်း မီ ဆိုးလ်ရှား ကိုင်တွယ် ဖြေရှင်း ရမယ့် ကိုင်တွယ် ဖြေရှင်း ရမယ့် ပြသနာ 3 ခုကို ဖော်ပြ ပေးလိုက် ပါတယ် ။

(1) ဆန်းချက် က လာမှာလား ? သွားမှာလား ?

ပြီးခဲ့တဲ့ တစ်ပါတ် တုန်းက အီတလီ မြေမှာ ဆေးစစ် ဖို့ သတင်းကြီး နေခဲ့တဲ့ ယူနိုက်တက် တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဟာ ဒီ တစ်ပါတ် မှာတော့ ကာရင်တန် လေ့ကျင့်ရေး ကွင်းထဲ ရောက်ရှိ နေခဲ့ ပါတယ် ။

လက်ရှိ အချိန် အသင်း ရဲ့ ဦးစားပေး တောင်ပံ တိုက်စစ် ကစား သမား ဖြစ်တဲ့ အန်သိုနီ မာရှယ် ဟာ ဒဏ်ရာ ရရှိ နေခဲ့ တဲ့ အတွက် ဆိုးလ်ရှား က ချီလီ လက်ရွေးစင် ကို အသင်း မှာပဲ ဆက်လက် ထိန်းသိမ်း လိုနေ ပါတယ် ။

ထို့အတူ အပြောင်း အရွှေ့ ကာလ ကုန်ဆုံး လာတာ နဲ့ အမျှ ဆန်းချက် ရဲ့ အပြောင်း အရွှေ့ ကိစ္စ ဟာ ဖြစ်လာ နိုင်ခြေ နည်းပါး လာခဲ့ ပါတယ် ။ ဒါ့ကြောင့် ဆိုးလ်ရှား အနေ နဲ့ ချီလီ လက်ရွေးစင် ရဲ့ အနာဂတ် ကို ဘယ်မှာ ရှိနေ စေလို သလဲ ဆိုတာ သေချာ ဆုံးဖြတ် ရပါ တော့မယ် ။

(2) နီမန်ဂျာ မာတစ် ကို သတိရပါ

ယခင် နည်းပြ ဟိုဆေး မော်ရင်ဟို လက်အောက် မှာ တုန်းက ယူနိုက်တက် ရဲ့ အရေး ပါတဲ့ ကစားသမား တစ်ဦး ဖြစ် ခဲ့တဲ့ ကွင်းလယ်လူ နီမန်ဂျာ မာတစ် ဟာ လက်ရှိ အချိန် အသင်းမှာ ရှိရော ရှိသေး သလား လို့ မေးရ လောက်အောင် ပျောက်နေ ခဲ့ ပါတယ် ။

ဒါ့အပြင် ရာသီ ကြို ခြေစမ်းပွဲ တွေမှာ လည်း သူ့ရဲ့ ကစား ပုံက လေးတိ လေးကန် နဲ့ အားရ စရာ မရှိ ခဲ့တဲ့ အတွက် ရာသီ သစ် မှာ နည်းပြ ဆိုးလ်ရှား က သူ့ အစား လူငယ် ကွင်းလယ် ကစား သမား လေး စကော့ မက် တော်မီနေး ကိုသာ အဓိက ပွဲထွက် ကစားသမား အဖြစ် နေရာ ပေး ကစား စေခဲ့ ပါတယ် ။

ဒီ တစ်ပါတ် ထွက်ပေါ် ခဲ့တဲ့ သတင်း တွေ အရ တော့ မာတစ် ဟာ ဒီ တစ်ပါတ် နည်းပြ ဆိုးလ်ရှား နဲ့ တွေ့ဆုံ ပြီး သူ့ရဲ့ အနာဂတ် အကြောင်း မေးမြန်း သွားဖို့ ရှိ နေတယ် လို့ သိရှိ ရ ပါတယ် ။ အကယ်လို့ ဆိုးလ်ရှား ရဲ့ အနာဂတ် စီမံကိန်း မှာ သူ မပါဝင် တော့ရင် ဆားဘီးယား သားဟာ အသင်း ပြောင်း သွားဖို့ ရှိနေ ပါတယ် ။

ဒါပေမယ့် မာတစ် ရဲ့ အနေအထား ဟာလည်း ဆန်းချက် လို ပါပဲ ။ ဒီ အတွက် ဆိုးလ်ရှား ဖက်မှ နောက်ဆုံး ဆုံးဖြတ်ချက် တစ်ခု ချမှတ် ဖို လိုအပ် နေ ပါတယ် ။ အကယ်လို့ လိုအပ်မယ် ဆိုရင် တော့ ဆိုးလ်ရှား အနေ နဲ့ ကစားသမား နှစ်ဦး ကို အသင်း မှာပဲ ဆက်လက် ရှိနေ စေဖို့ ကြိုးစား ရပါ လိမ့်မယ် ။

(3) လူကာကူ အတွက် အစားထိုးဖို့ ကစားသမား လိုအပ် နေလား ?

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနွေ မှာ တိုက်စစ်မှူး လူကာကူ ကို အင်တာ မီလန် အသင်း ဆီ ဆုံးရှုံး ခဲ့ရ ပါတယ် ။ ဘယ်လ်ဂျီယံ လက်ရွေးစင် ဟာ ယူနိုက်တက် မှာ ရုန်းကန် ခဲ့ရ ပေမယ့် အသင်း သစ် အတွက် ကစား ပေးခဲ့ တဲ့ ပထမဆုံး ပွဲစဉ် မှာ ခြေစွမ်း ပြ ဂိုး သွင်းယူ နိုင်ခဲ့ ပါတယ် ။

ယူနိုက်တက် ဖက်မှ တော့ လူကာကူ ရဲ့ နေရာ ကို အစား ထိုးဖို့ အတွက် တိုက်စစ် ကစားသမား တွေကို ပစ်မှတ် ထားနေ ခဲ့ ပေမယ့် အပြောင်း အရွှေ့ ပိတ်သိမ်း တဲ့ အထိ ခေါ်ယူ ခြင်း မရှိ ခဲ့ ပါဘူး ။ ဆိုးလ်ရှား ကတော့ တိုက်စစ် အတွက် ရပ်ရှ်ဖို့ နဲ့ ဒဏ်ရာ ရရှိ သွား ခဲ့တဲ့ မာရှယ် တို့ကို အထူး အားကိုး နေခဲ့ ပါတယ် ။

ဒါ့အပြင် လက်ရှိ ယူနိုက်တက် အသင်း မှာ ဂိုးတွေ သွင်းယူ ပေးထား ခဲ့တဲ့ တိုက်စစ် ကစားသမား သစ် ဒန်နီယယ် ဂျိမ်းစ် ကလည်း အသင်း သစ်မှာ တစ်စ ထက် တစ်စ နေရာ ရလာ နိုင်ခြေ ရှိနေ ပါတယ် ။ ဒါ့အပြင် တိုက်စစ် နေရာ အတွက် ဂျက်စီ လင်ဂတ် ကိုလည်း အသုံးပြု နိုင်ပါ သေးတယ် ။ ဒါပေမယ့် လက်ရှိ အချိန် အထိ တော့ သူဟာ ပုံစံ ကောင်း မပြ နိုင်သေး ပါဘူး ။

လင်ဂတ် ကို တိုက်စစ် ပိုင်းမှာ ထားပြီး ကစား ဖြစ်ခဲ့ ပါက ယူနိုက်တက် ကွင်းလယ် အတွက် ကစား ပေးဖို့ ပါရဲရား နဲ့ ဖရက်ဒ် တို့ ရှိနေ ကြ ပါတယ် ။ ဒါ့အပြင် အကယ်ဒမီ ထွက် လူငယ်လေး တွေကို လည်း အလျင်း သင့်သလို အသုံးပြု နိုင်ပါ သေးတယ် ။

Rashford

ဒါပေမယ့် သူတို့ အားလုံး ဟာ ယူနိုက်တက် တိုက်စစ် မှာ ဂိုးတွေ ရရှိ ဖို့ အာမခံချက် ပေးနိုင် မလား ဆိုတာ တော့ မသေချာ ပါဘူး ။ လက်ရှိ အချိန် မှာတော့ အပြောင်း အရွှေ့ ပိတ်သိမ်း ခဲ့ ပေမယ့် ယူနိုက်တက် ဟာ တိုက်စစ် ကစားသမ ကောင်း တစ်ဦး ဖြစ်တဲ့ လော်ရန်တေး ကို အလွတ် ပြောင်းရွှေ့ ကြေနဲ့ ခေါ်ယူ နိုင်ပါ သေးတယ် ။

လော်ရန်တေး ကိုသာ ယူနိုက်တက် တို့ ခေါ်ယူ နိုင်မယ် ဆိုရင် အသင်း ရဲ့ တိုက်စစ် ပိုင်း ပွဲထွက် ခွင့် တစ် နေရာ အတွက် ကစားသမား တိုင်းက ကြိုးစား တိုက်ပွဲ ဝင်ဖို့ တွန်းအား တွေ ပိုမို ဖြစ်လာ နိုင်ပါ လိမ့်မယ် ။ ဒါ့ကြောင့် ဆိုးလ်ရှား ဟာ တိုက်စစ် အင်အား ဖြည့်တင်း မလား ဆိုတာ စိတ်ဝင်စား ဖွယ် ပါပဲ ။

#Sports_Myanmar