ဒီတစ်ပါတ် ကစားခဲ့တဲ့ ဥရောပ နေးရှင်းလိဂ် ပြိုင်ပွဲရဲ့ ဆီမီး ဖိုင်နယ် အဆင့် မှာတော့ ပေါ့ဂ်ဘာ ၊ ဗာရန်းတို့ ပွဲထွက် ကစားခဲ့ကြတဲ့ ပြင်သစ် လက်ရွေးစင် အသင်းဟာ ဘယ်လ်ဂျီယံကို 2 – 3 နဲ့ အနိုင် ကစားပြီး ဖိုင်နယ် တက်သွားခဲ့ပါတယ် ။

ဖိုင်နယ်ကိုတော့ ဒီည 1:15 AM မှာ ပြင်သစ်တို့ဟာ စပိန် လက်ရွေးစင် အသင်းနဲ့ ကစားရမှာပဲ ဖြစ်ပါတယ် ။ ဒီည ဖလားကို ဆွတ်ခူးမဲ့ အသင်းက ဒီဂီယာရဲ့ စပိန်လား (သို့) ပေါ့ဂ်ဘာ ၊ မာရှယ် နဲ့ ဗာရန်း တို့ရဲ့ ပြင်သစ်လား ဆိုတာကို စောင့်ကြည့်ရပါတော့မယ် ။

မနေ့ညကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် စကော့တလန် တို့ဟာ အစ္စရေး လက်ရွေးစင် အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး စကော့ မက် တော်မီနေးရဲ့ နာကျင်ချိန်ပို နောက်ဆုံးမိနစ်မှ အသည်းခွဲဂိုးကြောင့် အနိုင်ရရှိသွားခဲ့ကာ အမှတ််ပေးဇယား ဒုတိယနေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ကြပါတယ် ။ ဒီပွဲကိုတော့ ယူနိုက်တက် နည်းပြဟောင်း ဆာ အဲလက်စ် ဖာဂူဆန် ကိုယ်တိုင် သွားရောက် ကြည့်ရှုခဲ့ပါတယ် ။

ဒီနေ့ နံနက်မှာတော့ ဆန်ချို ၊ လင်ဂတ်တို့ ပွဲထွက် ကစားခွင့် ရရှိခဲ့ကြတဲ့ အင်္ဂလန် လက်ရွေးစင် အသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် အန်ဒိုရာ အသင်းနဲ့ ကစားခဲ့ရပြီး 5 – 0 ဆိုတဲ့ ရလဒ်နဲ့ အနိုင် ရရှိသွားခဲ့ပါတယ် ။ ဒီပွဲမှာတော့ ယူနိုက်တက် အတွက် ခြေစွမ်းပြဖို့ ရုန်းကန်နေရဆဲ ဆန်ချိုက ဘန်ချီဝဲလ် နဲ့ တမ်မီ အေဘရာဟမ် တို့ရဲ့ ဂိုးတွေကို ဖန်တီးပေးခဲ့ပြီး ပြန်လည်တောက်ပပြနိုင်ခဲ့ ပါတယ် ။

ဒီ​နေ့ နံနက်မှာတော့ ပေါ်တူဂီ တို့ဟာ ကာတာ အသင်းနဲ့ ခြေစမ်းပွဲ ကစားခဲ့ပြီး ပထမပိုင်း ပါဝင်ခွင့်ရရှိခဲ့တဲ့ ရော်နယ်ဒိုက အဖွင့်ဂိုးသွင်းယူကာ သွင်းဂိုးတွေအတွက် အာမခံချက် ပေးနိုင်သူဖြစ်ကြောင်း သက်သေပြသွားခဲ့ပြန်ပါတယ် ။

ဒေးဗစ် ဘက်ခမ်းရဲ့ အင်တာ မီယာမီ အသင်းကတော့ ဒီ​နေ့နံနက် နယူးယောက် ရက်ဘူးလ် အသင်းကို 1 – 0 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ် ။ ဒါဟာ အမေရိကမှာ ဘက်ခမ်း ရှိနေခဲ့စဥ်က ရလဒ်တွေ ဆက်တိုက် ကောင်းမွန်ခဲ့တဲ့ နည်းပြ ဖီးလ် နဗီးလ် အတွက် ငါးပွဲဆက် ရှုံးပွဲ ဖြစ်သွားခဲ့ရပါတယ် ။

ယူနိုက်တက် နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့် ကွင်းလယ်လူ ပေါ့ဂ်ဘာကို ခေါ်ယူဖို့ အသင်းဟောင်း ဂျူဗင်တပ်က ပြန်လည် စိတ်ဝင်စားမှု ပြသနေပြီလို့ သိလိုက်ရပါတယ် ။

ဒါ့အပြင် ဂျူဗင်တပ်ဟာ ယူနိုက်တက် ကွင်းလယ်လူ ဒွန်နီ ဗန်ဒီ ဘိခ် ကိုလည်း စောင့်ကြည့်နေတယ်လို့ သိလိုက်ရပါတယ် ။ စပိန် ထိပ်သီး ဘာစီလိုနာ အသင်းဟာလည်း နယ်သာလန်သားကို စိတ်ဝင်စားနေတယ်လို့ သတင်းထွက််နေခဲ့ပါတယ် ။

ကမ္ဘာ့ အချမ်းသာဆုံး ကလပ် ဖြစ်လာတဲ့ နယူးကာဆယ် အသင်းကတော့ ယူနိုက်တက်မှာ ပွဲထွက် ကစားခွင့်တွေ ဆုံးရှုံးနေခဲ့တဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဖြစ်သူ ဂျက်စီ လင်ဂတ်ကို ခေါ်ယူလိုနေတယ်လို့ သတင်းတွေ ထွက်လာခဲ့ ပါတယ် ။

ယူနိုက်တက် အသင်းရဲ့ ခံစစ်မှူးဟောင်း တစ်ဦးဖြစ်တဲ့ ဂျွန်အိုကိန်း ကတော့ စရောက်ခဲ့စဥ်တုန်းက ပရိသတ်တွေရဲ့ ချစ်ခင်လေးစားမှုကို ရရှိခဲ့တဲ့ ဆိုးလ်ရှားဟာ ဒီအသင်းကို ကိုင်တွယ်ဖို့ လုံလောက်စွာ အရည်အသွေး ပြည့်ဝမှု မရှိကြောင်း ဒဲ့ဝေဖန်သွားခဲ့လိုက် ပါတယ် ။

ယူနိုက်တက် ဂိုးသမားဟောင်း တင်ဟောင်းဝက်ဘ် က ချန်ပီယံလိဂ် ပြိုင်ပွဲမှာ မော်ရင်ဟိုရဲ့ ပေါ်တို အသင်းကို ရင်ဆိုင်ခဲ့စဥ်က ကျူးလွန်ခဲ့တဲ့ အမှားဟာ ကစားသမား ဘဝရဲ့ အဆိုးရွားဆုံး အမှားတစ်ခု ဖြစ်ကြောင်း ဝန်ခံခဲ့လိုက် ပါတယ် ။

ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ဖြစ်သူ ရွိုင်ကိန်းကတော့ မန်ချက်စတာဟာ ဒေါ့မွန်နဲ့ ခြားနားတဲ့အသင််းဖြစ်ပြီး ဒီက ပရိသတ်တွေဟာ မျှော်လင့်ချက် ကြီးမားကြကြောင်း ဆန်ချိုကို ရှင်းပြရင်း ဆိုးလ်ရှား အနေနဲ့ သူ့ကို အခွင့်အရေးတွေ ထပ်မံပေးသင့်ကြောင်း အကြံပေး တိုက်တွန်း သွားခဲ့လိုက်ပါတယ် ။

” အကယ်လို့ ကျွန်တော်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ကစားပြီး ပရီးမီးယားလိဂ် ဖလားကို ရနိုင်မလားလို့ ငယ်စဥ်က ကျွန်တော့်ကို မေးခဲ့ရင်….. ဒီဆုဖလားကို လူတိုင်း ဆွတ်ခူးချင်ကြပါတယ် ။ ကျွန်တော့်အတွက်တော့ ဒါကို ရယူနိုင်ခဲ့တာ ကြီးကျယ် ခမ်းနားလှပါတယ် ” #ဖီးလ်ဂျုံးစ်

ယူနိုက်တက် နောက်ခံလူဟောင်း ဒါလေ ဘလိုင်းရဲ့ ဖခင်ဖြစ်သလို နည်းပြဟောင်း လူးဝစ် ဗန်ဟားလ်ရဲ့ လက်ထောက်နည်းပြလည်း လုပ်ဆောင်ခဲ့ဖူးတဲ့ ဒန်နီဘလိုင်း က ဆိုးလ်ရှားဟာ နည်းစနစ် Plan ရှိသူ မဟုတ်ကြောင်း အမှန်အကန် ထိုးနှက်သွားခဲ့လိုက်ပါတယ် ။

တံခါးပိတ်ပွဲ ကစားပြီး ဂိုးတွေ သွင်းယူခဲ့တဲ့ ယူနိုက်တက် တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ ကတော့ စီနီယာ အသင်းအတွက် ပြန်လည် ကစားပေးဖို့ အရမ်းကို နီးစပ်နေပြီ ဖြစ်ကြောင်း သိလိုက်ရပါတယ် ။

ယူနိုက်တက် တိုက်စစ်မှူး စီ ရော်နယ်ဒို ကတော့ ဂျူဗင်တပ်မှ အသင်းဖော်ဟောင်း ဖြစ်သူ ဖက်ဒရီကို ချီဆာကို မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ခေါ်ယူစေချင်နေတယ်လို့ သတင်း တစ်ရပ် ထွက်ပေါ်လာခဲ့ပါတယ် ။

ယူနိုက်တက် ပရိသတ်တွေကတော့ ဇန်နဝါရီမှာ စျေးကွက််မှာ ကွင်းလယ််ခံစစ် ကစားသမား တစ်ဦးကို မဖြစ်မနေ ခေါ်ယူဖို့ အသင်းကိုတိုက်တွန်းနေကြပါတယ် ။ ယူနိုက်တက်် ဂန္တဝင် ပေါလ် စခိုးလ် ကတော့ တော်မီနေးဟာ အသင််းရဲ့ ကွင်းလယ် ပြသနာကို ဖြေရှင်းနိုင်စွမ်း ရှိသူ တစ်ဦး ဖြစ်ကြောင်း ချီးမွမ်းသွားခဲ့ပါတယ် ။

PSG နဲ့ အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ် မက်ဆီက ချန်ပီယံလိဂ် ပြိုင်ပွဲမှာ သတိထားရမယ့် အသင်းစာရင််းထဲ မန်ချက်စတာ ယူနိုက်တက် အသင်းကိုပါ ထည့်သွင််း သွားခဲ့လိုက် ပါတယ် ။

အင်္ဂလန် နည်းပြ ဂါးရတ် ဆောက်ဂိတ် ကတော့ ခြေစွမ်းကောင်း မပြနိုင်သေးတဲ့ ဂျေဒန် ဆန်ချို အပေါ် စိတ်ရှည်ပေးဖို့ လိုအပ်ကြောင်း ယူနိုက်တက် ပရိသတ်တွေကို အကြံံပေး တိုက်တွန်းသွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar