မန်ချက် စတာ ယူနိုက်တက် အသင်း ခေါင်းဆောင် ဟောင်း ဂယ်ရီ နဗီးလ် ကတော့ အသင်း ဟောင်း ယူနိုက်တက် အနေနဲ့ အောင်မြင်မှု လမ်းကြောင်း ပေါ် ကို တစ်ကျော့ပြန် လည် ရောက်ရှိ ဖို့ အတွက် စိတ်ရှည် သည်းခံပြီး ဖြတ်လမ်း နည်းတွေ ကို မေ့ပစ် ကြဖို့ တိုက်တွန်း အကြံပြု သွားခဲ့ ပါတယ် ။ နဗီးလ် ကတော့ လက်ရှိ နည်းပြ ဆိုးရှား ကို ထောက်ခံ သွားခဲ့ပြီး ဆိုးရှား အပေါ် စိတ်ရှည် ပေးကြဖို့ ကိုလည်း ပြောဆို သွားခဲ့ ပါတယ်

မန်ချက် စတာ ယူနိုက်တက် ဟာ နွေရာသီ တုန်းက နောက်တန်း ကို အားဖြည့် ခဲ့သလို ဆွမ်းဆိ တောင်ပံ ကစား သမား ဒန်နီရယ် ဂျိမ်းစ် ကို လည်း ခေါ်ယူ ခဲ့ ပါတယ် ။ အဖွင့် ပွဲမှာ ချဲလ်ဆီး ကို ဂိုးပြတ် နိုင်ခဲ့ ပေမယ့် ဒုတိယပွဲ မှာ ၀ုဗ် နဲ့ သရေ ကျခဲ့ပြီး တတိယ မြောက် ပွဲမှာတော့ ပဲလေ့စ် ကို အိမ်ကွင်းမှာ ရှုံးနိမ့် ခဲ့ရ ပါတယ် ။

ယူနိုက်တက် ဟာ ဆိုးရှား စတင် ကိုင်တွယ် ခဲ့တဲ့ ၂ လ နီးပါး မှာ ရလဒ်တွေ တဟုန်ထိုး တိုးတက် လာခဲ့ ပေမယ့် မတ်လ လောက်က စပြီး အခြေ အနေတွေ ဆက်တိုက် ကျဆင်းလာခဲ့ ကာ နည်းပြ ရဲ့ မပြတ် သားတဲ့ ဆုံးဖြတ်မှု တွေ ၊ ကစား သမားတွေ အပေါ် အလွန် အမင်း ကာကွယ် ပြောဆို ပေးမှု တွေ ကို ပရိသတ်တွေ မကျေ မနပ် ဖြစ်ခဲ့ ကြပါတယ် ။

ပဲလေ့စ် ကို အရေးနိမ့် အပြီး မှာတော့ ဆိုးရှား အပေါ် မကျေနပ် သူတွေ ပိုမို များပြား လာခဲ့ ကြပြီး အပြောင်း အလဲ အတွက် တောင်းဆိုမှု တွေ ရှိလာခဲ့ ပါတယ် ။ ဒါပေမယ့် ဂယ်ရီ နဗီးလ် ကတော့ ဆိုးရှား ဟာ မန်ချက် စတာ ယူနိုက်တက် အသင်း အတွက် သင့်တော်တဲ့ နည်းပြ တစ်ဦး လို့ မှတ်ယူ ထားပြီး အောင်မြင်မှု လမ်ြးောင်း ပေါ် ပြန်လည် ရောက်ရှိ ဖို့ အတွက် စိတ်ရှည် သည်းခံ ပေးကြဖို့ တိုက်တွန်း ပြောဆို သွားခဲ့ ပါတယ် ။

“အခု အချိန်တွေ ကတော့ ယူနိုက်တက် ပရိသတ် တစ်ယောက် အတွက် နာကျင် စရာ ကောင်းတဲ့ အချိန်တွေ ဖြစ် နေမှာပါ ။ ရှင်းပြ လို့ မရနိုင်တဲ့ ရှုံးပွဲတွေ ကိုလည်း ကြုံရ ဦးမှာပါ ။ ယူနိုက်တက် ဟာ အခု အချိန် မှာ မတည်ငြိမ် သေးတဲ့ အသင်းပါ ။ ချဲလ်ဆီး ကို နိုင်တယ် ၊ ၀ုဗ် နဲ့ ပွဲ မှာ ကစားပုံ ကောင်းပေမယ့် မနိုင်ဘူး ၊ ပဲလေ့စ် နဲ့ ပွဲမှာ တော့ ရှုံးပါ ရှုံး သွားခဲ့ ပါတယ်”

“ဒီလို ရလဒ် မတည်ငြိမ်မှု တွေ ဟာ အချိန်ပေး ပြီး တည်ဆောက် ပြုပြင် ရမယ့် အရာတွေ ပါ ။ ဖြတ်လမ်း လိုက်လို့ မဖြစ် ပါဘူး ။ ဒါကြောင့် ယူနိုက်တက် ပရိသတ်တွေ လုပ်ရမယ့် အရာက တစ်ခုတည်း ရှိ ပါတယ် ။ ဆိုးရှား ကို ဆက်ပြီး စိတ်ရှည် သည်းခံ ပေးကြဖို့ပါ” လို့ ဂယ်ရီ နဗီးလ် က သူ့ရဲ့ Sky Sports သုံးသပ်သူ ကဏ္ဍ မှာ ထုတ်ဖော် ပြောဆို သွားခဲ့ တာပဲ ဖြစ် ပါတယ် ။

ဒါ့ အပြင် ဂယ်ရီ နဗီးလ် က ဆိုးရှား ဟာ တစ်ချိန် က ဆာအဲလက်စ် ဖာဂူဆန် လျောက်ခဲ့တဲ့ လမ်းအတိုင်း လျောက်လှမ်းဖို့ ပြင်ဆင် နေပြီး လူငယ်တွေ နဲ့ အသင်းကို ပြန်လည် တည်ဆောက် နေသလို အပြောင်း အရွှေ့ မှာ လည်း မှန်ကန် တဲ့ ကစား သမားတွေ ကို ခေါ်ယူ နိုင်ခဲ့ တယ် လို့ ဆိုသွား ခဲ့ ပါတယ် ။

“ပြီးခဲ့တဲ့ အပြောင်း အရွှေ့ တုန်းက အိုလီ ဟာ မှန်ကန်တဲ့ ခေါ်ယူမှု တွေ ကို လုပ်ခဲ့ ပါတယ် ။ အရင် အပြောင်း အရွှေ့ တွေ တုန်းက လို အမှား တွေ မလုပ် ခဲ့ ကြပါဘူး ။ ဒါက တကယ် အရေးကြီးတဲ့ အချက် ပါ ။ အိုလီ ဟာ သူ့ရဲ့ လမ်းစဉ် နဲ့ ကိုက်ညီ မယ့် ကစား သမားတွေ က ဘယ်သူတွေ ဆိုတာ ကို ကောင်းကောင်း သဘော ပေါက် ပါတယ်”

“အခု အချိန် မှာတော့ ထိပ်ပိုင်း က အသင်း အချို့ နဲ့ အလှမ်းကွာ နေဦး မှာပါ ။ ဒါပေမယ့် နောက်ထပ် အပြောင်း အရွှေ့ ၂ ခု လောက် ပြီးရင်တော့ အိုလီ တည်ဆောက် နေတဲ့ အသင်းဟာ ကောင်းကောင်း ရုပ်လုံး ပေါ်လာ လောက် ပါပြီ ။ လောလောဆယ် တော့ ကျွန်တော်တို့ အားလုံး စိတ်ရှည် သည်းခံ ပေးဖို့ လိုအပ် ပါတယ်” လို့ နဗီးလ် က ပြောဆို သွားခဲ့ ပါတယ် ။

SPORTS MYANMAR