* အာဆင္နယ္ အသင္း နည္းျပ အူနုိင္း အမ္မရီဟာ ေသာၾကာေန႔ မွာ ယွဥ္ျပိဳင္ ကစားမယ့္ ယူရုိပါလိဂ္ အုပ္စု ပြဲစဥ္ျဖစ္တဲ့ ေဗာ့ဆကာ အသင္း နဲ႔ ပြဲမွာ ကြင္းလယ္လူ ေတာ္ရီးယား ကုိ ပြဲထြက္ အသုံးျပဳဖြယ္ ရွိတယ္လုိ႔ Daily Mail က ေဖာ္ျပ လုိက္ပါတယ္ ။ ေတာ္ရီးယားဟာ အူနုိင္း အမ္မရီ လက္ေအာက္မွာ လူစားဝင္ ကစားသမား အျဖစ္ သာ ငါးပြဲ ဆက္တုိက္ ကစားေနရတာပါ ။

ဒါ့အျပင္ ယခုႏွစ္ ေႏြရာသီ အေျပာင္းအေရႊ႕ ကမွ ေခၚယူ ထားတဲ့ ဂုိးသမား လီႏုိ နဲ႕ ေနာက္ခံလူ လက္ခ်္စတုိင္နာ တုိ႔လည္း ပြဲထြက္ လာဖြယ္ ရွိေနပါတယ္ ။

* အာဆင္နယ္ အသင္း အမႈေဆာင္ အရာရွိခ်ဳပ္ ဂါဇီဒစ္ဟာ အာဆင္နယ္ အသင္းကေန ေအစီမီလန္ အသင္းကုိ ေျပာင္းေရႊ႕ ေတာ့မွာလည္း ျဖစ္ပါတယ္ ။ ဂါဇီဒစ္ က ” လြန္ခဲ့တဲ့ ဆယ္ႏွစ္လုံးလုံး အာဆင္နယ္လုိ ၾကီးက်ယ္တဲ့ အသင္းၾကီးမွာ အလုပ္လုပ္ ခြင့္ရခဲ့ပါတယ္ ။ အာဆင္နယ္ အသင္းက လမ္းစ အသစ္ တစ္ခုကုိ ေလ်ွာက္လွမ္း ေနပါျပီ ။ က်ြန္ေတာ္ လုပ္နုိင္ သေလာက္ အားလုံး အားလုံး လုပ္ခဲ့ပါတယ္ ။ က်ြန္ေတာ့္ကုိ အားေပးတ့ဲ ပရိသတ္ေတြေရာ အၾကာၾကီး လက္တြဲခဲ့တဲ့ မိတ္ေဆြ ေတြကုိေကာ ေက်းဇူးတင္ပါတယ္ ။ အာဆင္နယ္ အသင္း က က်ြန္ေတာ့္ ႏွလုံးသား ထဲမွာ အျမဲ ရွိေနမွာပါ ။ ” လုိ႔ ေျပာၾကား သြားခဲ့ပါတယ္ ။

* အာဆင္နယ္ အသင္းကေန ထြက္ခြာေတာ့ မယ့္ ဂါဇီဒစ္ ရဲ႕ ေနရာကုိ Raul Sanllehi နဲ႔ Vinai Venkatesham ကုိ တာဝန္ ေပးလုိက္တယ္လုိ႔ သိရပါတယ္ ။ Raul Sanllehi ဟာ အာဆင္နယ္ အသင္း ေဘာလုံးအၾကီးအကဲ အျဖစ္ တာဝန္ယူ သြားမွာ ျဖစ္ျပီး Vinai ကေတာ့ မန္ေနဂ်င္း ဒါရုိက္တာ အျဖစ္ တာဝန္ ယူသြား မွာပါ ။

* ယေန႔ စက္တင္ဘာလ ၁၈ ရက္ေန႔ဟာ အာဆင္နယ္ အသင္း ဂႏၲဝင္ ေနာက္ခံလူ ဆုိးလ္ကမ္းဘဲလ္ ရဲ႕ ၄၄ ျပည့္ ေမြးေန႔လည္း ျဖစ္ပါတယ္ ။ ဆုိးလ္ကမ္းဘဲလ္ ဟာ အာဆင္နယ္ အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ ဖလား ႏွစ္ၾကိမ္ ၊ အက္ဖ္ေအ ဖလား ႏွစ္ၾကိမ္ ေအာင္ျမင္မႈ ရယူနုိင္ ခဲ့ပါတယ္ ။ Happy Birthday Sol Campbell !!!

* အာဆင္နယ္ ယူ-၂၃ အသင္းဟာ ဘလက္ဘန္း ယူ-၂၃ အသင္းနဲ႔ ဂုိးမရွိ သေရက် သြားပါတယ္ ။ အာဆင္နယ္ အသင္းဟာ ေနာက္ထပ္ ပြဲစဥ္ အျဖစ္ လီဗာပူူး ယူ-၂၃ အသင္း နဲ႔ ယွဥ္ ျပိဳင္ ကစားသြား ရမွာလည္း ျဖစ္ပါတယ္ ။

* အာဆင္နယ္ ယူ-၁၈ အသင္း နဲ႔ ေဆာက္သမ္တန္ ယူ-၁၈ အသင္းတုိ႔ ယွဥ္ျပိဳင္ ကစားခဲ့တဲ့ ပြဲမွာ အာဆင္နယ္ ယူ-၁၈ အသင္းက တစ္ဂုိး ဂုိးမရွိနဲ႔ အႏုိင္ ရရွိ သြားခဲ့ပါတယ္ ။ အာဆင္နယ္ ယူ-၁၈ အသင္း အတြက္ တစ္လုံးတည္းေသာ ဂုိးကုိေတာ့ ယခုႏွစ္ ေႏြရာသီ အေျပာင္းအေရႊ႕ မွာမွ ဆန္းဒါးလန္း အသင္း ကေန ေျပာင္းေရႊ႕ လာတဲ့ ဆမ္ ဂရင္းဝုဒ္က သြင္းယူ ေပးခဲ့တာပါ ။

* အာဆင္နယ္ အသင္း ကြင္းလယ္ ကစားသမား ေဟာင္း ဝီလ္ရႈိင္းယား ဟာ ေျခက်င္းဝတ္ ဒဏ္ရာ ေၾကာင့္ ေျခာက္ပတ္ ခန္႔ အနားယူ ရေတာ့မွာလည္း ျဖစ္ပါတယ္ ။ အာဆင္နယ္ အသင္း ပရိသတ္ အခ်ဳိ႕ ကေတာ့ တြစ္တာမွာ ဝီလ္ရႈိင္းယား ၾကံ႕ ခုိင္မႈ ျပည့္ဝ ေနဖုိ႔ ဆုိတာ မျဖစ္နုိင္ဘူး လုိ႔ စေနာက္ ေရးသား ထားၾကပါတယ္ ။

* အာဆင္နယ္ အသင္း ကြင္းလယ္လူ အုိေဇးလ္ ရဲ႕ ေအးဂ်င့္ ျဖစ္သူ ေဒါက္တာ အာဂတ္ဆုိဂတ္က အုိေဇးလ္ တူရကီ သမၼတ နဲ႔ ဓါတ္ပုံ တြဲရုိက္တာဟာ လုံးဝ မမွားယြင္း ေၾကာင္း န႔ဲ သမၼတ က ဖိတ္ေခၚလုိ႔ ေလးစား သမႈ နဲ႔ သြားေရာက္ ေတြ႔ဆုံ ခဲ့ျခင္းတာ ျဖစ္ေၾကာင္း ေျပာၾကား သြားခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ
=====================

* အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီဟာ သောကြာနေ့ မှာ ယှဉ်ပြိုင် ကစားမယ့် ယူရိုပါလိဂ် အုပ်စု ပွဲစဉ်ဖြစ်တဲ့ ဗော့ဆကာ အသင်း နဲ့ ပွဲမှာ ကွင်းလယ်လူ တော်ရီးယား ကို ပွဲထွက် အသုံးပြုဖွယ် ရှိတယ်လို့ Daily Mail က ဖော်ပြ လိုက်ပါတယ် ။ တော်ရီးယားဟာ အူနိုင်း အမ်မရီ လက်အောက်မှာ လူစားဝင် ကစားသမား အဖြစ် သာ ငါးပွဲ ဆက်တိုက် ကစားနေရတာပါ ။

ဒါ့အပြင် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ ကမှ ခေါ်ယူ ထားတဲ့ ဂိုးသမား လီနို နဲ့ နောက်ခံလူ လက်ချ်စတိုင်နာ တို့လည်း ပွဲထွက် လာဖွယ် ရှိနေပါတယ် ။

* အာဆင်နယ် အသင်း အမှုဆောင် အရာရှိချုပ် ဂါဇီဒစ်ဟာ အာဆင်နယ် အသင်းကနေ အေစီမီလန် အသင်းကို ပြောင်းရွှေ့ တော့မှာလည်း ဖြစ်ပါတယ် ။ ဂါဇီဒစ် က ” လွန်ခဲ့တဲ့ ဆယ်နှစ်လုံးလုံး အာဆင်နယ်လို ကြီးကျယ်တဲ့ အသင်းကြီးမှာ အလုပ်လုပ် ခွင့်ရခဲ့ပါတယ် ။ အာဆင်နယ် အသင်းက လမ်းစ အသစ် တစ်ခုကို လျှောက်လှမ်း နေပါပြီ ။ ကျွန်တော် လုပ်နိုင် သလောက် အားလုံး အားလုံး လုပ်ခဲ့ပါတယ် ။ ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်တွေရော အကြာကြီး လက်တွဲခဲ့တဲ့ မိတ်ဆွေ တွေကိုကော ကျေးဇူးတင်ပါတယ် ။ အာဆင်နယ် အသင်း က ကျွန်တော့် နှလုံးသား ထဲမှာ အမြဲ ရှိနေမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

* အာဆင်နယ် အသင်းကနေ ထွက်ခွာတော့ မယ့် ဂါဇီဒစ် ရဲ့ နေရာကို Raul Sanllehi နဲ့ Vinai Venkatesham ကို တာဝန် ပေးလိုက်တယ်လို့ သိရပါတယ် ။ Raul Sanllehi ဟာ အာဆင်နယ် အသင်း ဘောလုံးအကြီးအကဲ အဖြစ် တာဝန်ယူ သွားမှာ ဖြစ်ပြီး Vinai ကတော့ မန်နေဂျင်း ဒါရိုက်တာ အဖြစ် တာဝန် ယူသွား မှာပါ ။

* ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ဟာ အာဆင်နယ် အသင်း ဂန္တဝင် နောက်ခံလူ ဆိုးလ်ကမ်းဘဲလ် ရဲ့ ၄၄ ပြည့် မွေးနေ့လည်း ဖြစ်ပါတယ် ။ ဆိုးလ်ကမ်းဘဲလ် ဟာ အာဆင်နယ် အသင်းနဲ့အတူ ပရီးမီးယားလိဂ် ဖလား နှစ်ကြိမ် ၊ အက်ဖ်အေ ဖလား နှစ်ကြိမ် အောင်မြင်မှု ရယူနိုင် ခဲ့ပါတယ် ။ Happy Birthday Sol Campbell !!!

* အာဆင်နယ် ယူ-၂၃ အသင်းဟာ ဘလက်ဘန်း ယူ-၂၃ အသင်းနဲ့ ဂိုးမရှိ သရေကျ သွားပါတယ် ။ အာဆင်နယ် အသင်းဟာ နောက်ထပ် ပွဲစဉ် အဖြစ် လီဗာပူူး ယူ-၂၃ အသင်း နဲ့ ယှဉ် ပြိုင် ကစားသွား ရမှာလည်း ဖြစ်ပါတယ် ။

* အာဆင်နယ် ယူ-၁၈ အသင်း နဲ့ ဆောက်သမ်တန် ယူ-၁၈ အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲမှာ အာဆင်နယ် ယူ-၁၈ အသင်းက တစ်ဂိုး ဂိုးမရှိနဲ့ အနိုင် ရရှိ သွားခဲ့ပါတယ် ။ အာဆင်နယ် ယူ-၁၈ အသင်း အတွက် တစ်လုံးတည်းသော ဂိုးကိုတော့ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ မှာမှ ဆန်းဒါးလန်း အသင်း ကနေ ပြောင်းရွှေ့ လာတဲ့ ဆမ် ဂရင်းဝုဒ်က သွင်းယူ ပေးခဲ့တာပါ ။

* အာဆင်နယ် အသင်း ကွင်းလယ် ကစားသမား ဟောင်း ဝီလ်ရှိုင်းယား ဟာ ခြေကျင်းဝတ် ဒဏ်ရာ ကြောင့် ခြောက်ပတ် ခန့် အနားယူ ရတော့မှာလည်း ဖြစ်ပါတယ် ။ အာဆင်နယ် အသင်း ပရိသတ် အချို့ ကတော့ တွစ်တာမှာ ဝီလ်ရှိုင်းယား ကြံ့ ခိုင်မှု ပြည့်ဝ နေဖို့ ဆိုတာ မဖြစ်နိုင်ဘူး လို့ စနောက် ရေးသား ထားကြပါတယ် ။

* အာဆင်နယ် အသင်း ကွင်းလယ်လူ အိုဇေးလ် ရဲ့ အေးဂျင့် ဖြစ်သူ ဒေါက်တာ အာဂတ်ဆိုဂတ်က အိုဇေးလ် တူရကီ သမ္မတ နဲ့ ဓါတ်ပုံ တွဲရိုက်တာဟာ လုံးဝ မမှားယွင်း ကြောင်း နဲ့ သမ္မတ က ဖိတ်ခေါ်လို့ လေးစား သမှု နဲ့ သွားရောက် တွေ့ဆုံ ခဲ့ခြင်းတာ ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR