BT Sport ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ကို ထုတ်လွှင့်ပြသ ခဲ့ပြီး ၂၀၁၈-၁၉ ရာသီရဲ့ အကောင်းဆုံး ပွဲစဉ် ၁၀ပွဲကို ရွေးချယ်ပေးလိုက်ပါတယ်။
လီဗာပူး မန်နေဂျာ ယာဂန်ကလော့ အတွက် ကတော့ သူ့ရဲ့ နည်းပြသက်တမ်း တစ်လျှောက် အကြီးကြယ်ဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရုပ်သံလွှင်ဋ္ဌာန ဖြစ်တဲ့ BT Sport ကတော့ ပြီးခဲ့တဲ့ မေလက ဘာစီလိုနာ အသင်းကို လီဗာပူး အသင်းရဲ့ လှပတဲ့ ၄-၀ နိုင်ပွဲဟာ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံး ပွဲစဉ်အဖြစ် သတ်မှတ်ထားခဲ့ခြင်း မရှိခဲ့ပါဘူး။
ယာဂန်ကလော့ ရဲ့ အသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဘာစီလိုနာ ကို နူးကမ့်မှာ ၃-၀ နဲ့ ရှုံးနိမ့် ထားခဲ့တဲ့ အပြင် အန်ဖီးမှာ ကစားရမယ့် ဒုတိယအကျော့ ပွဲစဉ်မှာ ဆိုရင်လည်း အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ မိုဟာမက်ဆာလား ၊ ရော်ဘတ်တိုဖာမီနို တို့အပြင် ပုံစံကောင်း ရနေတဲ့ နာဘီကီတာ တို့ကိုလည်း လက်လွှတ်ခဲ့ ရတာကြောင့် နောက်တဆင့်ကို တက်ရောက်ဖို့ အလွန် ခက်ခဲတဲ့ အခြေအနေမှာ ရှိခဲ့ပါတယ်။
ဒါပေမယ့်လည်း လီဗာပူး ဟာ အန်ဖီးကွင်းမှာ ဒီဗို့အိုရီဂီ ၊ ဂျီနီဝိုင်နယ်ဒန် တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူကာ မက်ဒရစ် ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် ဖိုင်တွဲကို နှစ်ရာသီဆက်တိုက် တက်ရောက် နိုင်ခဲ့ပါတယ်။
အဆိုပါ ပွဲစဉ်နဲ့ ပက်သက်ပြီး ယာဂန်ကလော့ က “နောက်တဆင့်ကို တက်ရောက်နိုင်အောင် ကျွန်တော်တို့ လုပ်ပြခဲ့တဲ့ ပုံစံမျိုး ၊ ၄-၀ နဲ့ အနိုင်ရအောင် ကျွန်တော်တို့ ကစားခဲ့တဲ့ ပုံစံမျိုး စတာတွေဟာ လုံးဝကို မဖြစ်နိုင်တဲ့ အရာပါ။” လို့ ယခုနွေရာသီ က ပြောခဲ့ပါတယ်။
television broadcaster BT Sport အတွက်ကတော့ ဒါဟာ လုံလောက်မှု ရှိခဲ့ဟန် မရှိပါဘူး။ အန်ဖီးရဲ့ အံ့သြဖွယ် come-back အပြီး နောက်တနေ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် နောက်တစ်ပွဲမှာ ပထမအကျော့က အိမ်ကွင်းမှာ ၁-၀ နဲ့ ရှုံးထားခဲ့တဲ့ တော့တင်ဟမ်ဟာ အဝေးကွင်းမှာ အိုင်ယက်ရဲ့ နောက်ထပ် သွင်းဂိုး ၂ဂိုးကြောင့် ပထမပိုင်းအပြီး ၃-၀ နဲ့ လိုက်ကစား ခဲ့ရတဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။
တော့တင်ဟမ် အနေနဲ့ နောက်တဆင့်ကို တက်ရောက် နိုင်ဖို့အတွက် အဝေးဂိုး ၃ ဂိုး ရဖို့ လိုအပ်ခဲ့ပါတယ်။ အဆိုပ. လိုအပ်နေတဲ့ သွင်းဂိုး ၃ ဂိုးစလုံးကို လူးကပ်မော်ရာက သွင်းယူ ပေးခဲ့ပြီး ၎င်းရဲ့ ဟက်ထရစ် ဖြစ်စေမယ့် သွင်းဂိုးဟာ နာကျင် အချိန်ပိုရဲ့ နောက်ဆုံး မိနစ် နောက်ဆုံး စက္ကန့်မှာပဲ ဖြစ်ပါတယ်။ television broadcaster BT Sport ဟာ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် ရဲ့ အကောင်းဆုံး ပွဲစဉ် ၁၀ ပွဲကို ရွေးချယ် ပေးသွားခဲ့ပြီး တော့တင်ဟမ် ရဲ့ အကောင်းဆုံး comeback ဟာ အဲဒီပွဲ မတိုင်မီ ၂၄နာရီက ကစားခဲ့တဲ့ အန်ဖီး comeback ထက် ပိုမို ကောင်းမွန်တဲ့ ပွဲအဖြစ် သတ်မှတ် ခဲ့ပါတယ်။
လီဗာပူး ပရိတ်သတ် အများစုကတော့ သူတို့ အသင်း ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်ရဲ့ အဆင့်အတန်းကြောင့် BT Sport ရဲ့ ရွေးချယ်မှုကို သဘောမတူကြပါဘူး။ လီဗာပူး အတွက်ကတော့ ဒီသတ်မှတ်ချက်ဟာ ကိစ္စတော့ မရှိပါဘူး။ ယာဂန်ကလော့ ရဲ့ အသင်းဟာ ဗိုလ်လုပွဲမှာ တော့တင်ဟမ် ကို ၂-၀ နဲ့ အနိုင်ယူကာ တကယ့်ဆု စစ်စစ်ဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားကြီးကို ၆ ကြိမ်မြောက် ဆွတ်ခူး နိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။
2018-19 ဘောလုံးရာသီရဲ့ အကောင်းဆုံး ချန်ပီယံလိဂ် ပွဲစဉ် ၁၀ခု
၁~ အိုင်ယက် ၂ – ၃ တော့တင်ဟမ် (ဆီမီးဖိုင်နယ် ဒုတိယအကျော့)
၂~ လီဗာပူး ၄ – ၀ ဘာစီလိုနာ (ဆီမီးဖိုင်နယ် ဒုတိယအကျော့)
၃~ မန်စီးတီး ၄ – ၃ တော့တင်ဟမ် (ကွာတားဖိုင်နယ် ဒုတိယအကျော့)
၎~ ပီအက်ဂျီ ၁ – ၃ မန်ယူနိုက်တက် (၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့)
၅~ ယူဗင်တပ် ၃ – ၀ အက်သလက်တီကို (၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့)
၆~ ရီးရဲယ်မက်ဒရစ် ၁ – ၄ အိုင်ယက် (၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့)
၇~ မန်စီးတီး ၇ – ၀ ရှော်ကေး (၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့)
၈~ လီဗာပူး ၃ – ၂ ပီအက်ဂျီ (အုပ်စုစီ ပွဲစဉ် ၁)
၉~ အိုင်ယက် ၃ – ၃ ဘိုင်ယန်မြူးနစ် (အုပ်စုအီး ပွဲစဉ် ၆)
၁၀~ တော့တင်ဟမ် ၂ – ၄ ဘာစီလိုနာ (အုပ်စုဘီ ပွဲစဉ် ၂)
SM