ဂန်းနား တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ် က အာဆင်နယ် အသင်း နည်းပြ မီခေးလ် အာတီတာ အနေနဲ့ အသင်း ကနေ ထွက်ခွာတော့မယ့် လာကာဇက် နေရာမှာ ဆီဗီးလား တိုက်စစ်မှူး Youssef En-Nesyri နဲ့ အစားထိုးသင့်ကြောင်း အကြံဉာဏ် ပေးလိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ လာမယ့် နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် တိုက်စစ်မှူး လာကာဇက် နေရာအတွက် တိုက်စစ်မှူးသစ် ရှာဖွေနေပြီး အဲဗာတန် တိုက်စစ်မှူး ကယ်ဗက်လီဝင်၊ ဖီအိုရင်တီးနား တိုက်စစ်မှူး ဗလာဟိုဗစ် နဲ့ အက်စတွန်ဗီလာ တိုက်စစ်မှူး အိုလီဝက်ကင်းစ် ကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်နေပါတယ် ။

လာကာဇက် ထွက်ခွာသွားပါက အာဆင်နယ် အသင်းမှာ စီနီယာ တိုက်စစ်မှူးဆိုလို့ အော်ဘာမီယန်း တစ်ဦးသာ ရှိတော့မှာ ဖြစ်တာကြောင့် ဂန်းနားတို့ဟာ ဈေးကွက်မှာ တိုက်စစ်မှူး တစ်ဦး ရှာဖွေ စောင့်ကြည့် နေတာ ဖြစ်ပါတယ် ။

နောက်ဆုံး ထွက်ပေါ် နေတဲ့ သတင်းတွေအရ အာဆင်နယ် အသင်းဟာ En-Nesyri ကို ခေါ်ယူဖို့လည်း စောင့်ကြည့် နေတယ်လို့ သိရပါတယ် ။ အသက် ၂၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဆီဗီးလား တိုက်စစ်မှူး En-Nesyri ဟာ ပြီးခဲ့ရာသီက ၂၄ ဂိုးအထိ သွင်းယူ နိုင်ခဲ့သူ ဖြစ်ပါတယ် ။

ဒီရာသီမှာလည်း En-Nesyri ဟာ ဆီဗီးလား အသင်းအတွက် ၆ ပွဲ ကစား ၊ ၃ ဂိုး သွင်းယူ ပေးထားပါတယ် ။ ဒါ့အပြင် En-Nesyri ဟာ နိုင်ငံ အသင်း ဖြစ်တဲ့ မော်ရိုကို အသင်း အတွက်လည်း ပွဲ ၄၀ ကစားပြီး သွင်းဂိုး ၁၁ ဂိုး သွင်းယူ ပေးခဲ့ပါတယ် ။

အာဆင်နယ် တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ်ကတော့ En-Nesyri ရဲ့ တိုးတက်မှုကို အားရ ကျေနပ် နေပြီး သူဟာ အာဆင်နယ် အသင်း တိုက်စစ်ကို သေချာပေါက် အင်အား တောင့်တင်းစေမယ့် ကစားသမားလို့ ချီးကျူး သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်း နဲ့ သတင်းတွေ ထွက်နေတဲ့ ​ယူရို ၄၅ သန်းတန် တိုက်စစ် ကစားသမားအကြောင်း မေးရာမှာ ကီဗင်ကမ်းဘဲလ် က ” ကစားသမားကောင်း တစ်ဦးပါ ၊ တကယ်ကောင်းတဲ့ ကစားသမားပါ ။ ”

” ကျွန်တော်ကတော့ သူသာ အာဆင်နယ် ကို ရောက်လာရင် အသင်း တိုက်စစ် က ပြိုင်ဘက်ကို ခြိမ်း​ခြောက်နိုင်မှု အပြည့် ရှိလာမှာလို့ ပြောနိုင်ပါတယ် ။သူ့မှာ ကောင်းမွန်တဲ့ ဖွဲ့စည်းပုံရှိသလို ၊ မြန်လည်းမြန် ဂိုးပေါက်ဘယ်မှာ ရှိမှန်းလည်း သိပါတယ် ၊ နောက်ပြီး သူက skillful လည်း ဖြစ်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM