အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြ ဂါရတ် ဆောက်ဂိတ် က ဂျက် ဂရီလစ်ရှ် ကို လူစားလဲ ခဲ့တာဟာ အင်္ဂလန် အသင်းရဲ့ ကစားပုံ အပေါ် ဆိုးကျိုးတွေ သက်ရောက် စေခဲ့တယ်လို့ ယမန်နေ့ ညက ဟန်ဂေရီ အသင်းနဲ့ သရေကျ ခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အပြီးမှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

အင်္ဂလန် ဟာ ဝင်ဘာလေ ကွင်းမှာ ဟန်ဂေရီ ကို ဧည့်ခံ ကစားခဲ့ပြီး ဧည့်သည် အသင်းရဲ့ ပင်နယ်တီ ဦးဆောင်ဂိုး ကို နောက်ကနေ လိုက်လံ ချေပ ခဲ့ရ ပါတယ် ။

အင်္ဂလန် အသင်းမှာ လူစုံ ပါဝင် ခဲ့ပေမယ့် ဟန်ဂေရီ ကို ချေပဂိုးထက် ပိုပြီး မသွင်း နိုင်ခဲ့တာကြောင့် သရေရလဒ် နဲ့ ပြီးဆုံး ခဲ့ရပြီး ခြေစစ်ပွဲ အောင်မြင်ဖို့ အတွက် နောက်ထပ် ပွဲတွေကို ဆက်လက် ယှဉ်ပြိုင် ရဦး မှာပဲ ဖြစ်ပါတယ် ။

အင်္ဂလန် နည်းပြ ဆောက်ဂိတ် က သူဟာ ဂျက် ဂရီလစ်ရှ် ကို လူစားလဲ ခဲ့တာဟာ အသင်းရဲ့ ခံစစ်ကို ပိုမို ကျစ်လျစ် စေဖို့ အတွက် ရည်ရွယ် ခဲ့တာ ဖြစ်ပြီး ဒီလို လုပ်ခဲ့တာဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို ထိခိုက် သွား စေခဲ့တာကိုတော့ ဝန်ခံ ရပါမယ်လို့ ပွဲအပြီးမှာ ပြောဆို သွားခဲ့ ပါတယ် ။

“အသင်းကို ပိုပြီး ပုံစံကောင်းမွန် စေဖို့ ၊ အထူးသဖြင့် ခံစစ်ပိုင်း ကို ပိုကျစ်လျစ်စေ ချင်လို့ ဒါကို လုပ်ခဲ့တာပါ ( ဂရီလစ်ရှ် ကို ထုတ်ပြီး ဆာကာ ကို လူစားလဲ ထည့်ခဲ့မှု ) ။ ဒါပေမယ့် တန်ပြန် တိုက်စစ် နဲ့ တိုက်စစ် ပုံဖော်မှု အပိုင်းတွေ မှာ အားနည်း သွားခဲ့ရ ပါတယ်”

“ဒါက ကျွန်တော်တို့ ကို ပိုပြီး အားနည်း သွားစေခဲ့တာ အမှန်ပါပဲ ။ သူ ( ဂရီလစ်ရှ် ) ထွက်သွား အပြီးမှာ အသင်းက အသင်းလိုက် ကစားပုံထက် တဦးကောင်း တယောက်ကောင်း ပုံစံမျိုး ဖြစ်သွားခဲ့ ပါတယ်” လို့ ဆောက်ဂိတ် က ပြောဆို သွားခဲ့ ပါတယ် ။

အဆိုပါ ပွဲကို တင်ဆက် သုံးသပ် ခဲ့တဲ့ အီယန်ရိုက် ကလည်း ဂရီလစ်ရှ် ကို လူစားလဲ ထုတ်ခဲ့မှု နဲ့ ပတ်သက်ပြီး အံ့အားသင့် ခဲ့ရကြောင်း နဲ့ ဟန်ဂေရီ ရဲ့ ကစားပုံဟာ သရေ တမှတ် အတွက် ထိုက်တန် ခဲ့ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

“ဟန်ဂေရီ ရဲ့ ကစားပုံကို ချီးကျူး ရမှာပါ ။ သူတို့ ဝင်ဘာလေ ကို စွမ်းအားတွေ အပြည့် နဲ့ လာခဲ့ ကြပြီး ရှေ့ လယ် နောက် ကစားပုံ ကောင်းခဲ့ ပါတယ် ။

ဂရီလစ်ရှ် ကို လူစားလဲ ခဲ့တာကိုတော့ ကျွန်တော် တကယ်ပဲ စိတ်ပျက် မိပါတယ် ။ သူက တစုံတခု ကို ပြောင်းလဲ ပေးနိုင်တဲ့ မီးပွားလေး တပွင့်ကို အစပြု ပေးနိုင်တဲ့ သူမျိုးပါ ။

ဆောက်ဂိတ် က နောက်ထပ် ဂိုးထပ်မပေး ရဖို့ကိုပဲ အဓိက အာရုံစိုက် ခဲ့ပုံ ပေါ်ပါတယ် ။

ဒါကြောင့်လည်း ဒီလို ရလဒ် ထွက်ပေါ် ခဲ့တာပါ”

“အင်္ဂလန် မှာ ကစားသမားကောင်းတွေ ရှိပါတယ် ။ ဒါပေမယ့် ဆောက်ဂိတ် က ပုံစံ တမျိုးတည်း ၊ ကစားကွက် တမျိုးတည်းနဲ့ပဲ ကစားတတ် ပါတယ် ။ ဒါက သူတို့ကို အားနည်းစေမှာ အမှန်ပါပဲ” လို့ အီယန် ရိုက်က ပြောဆို ဝေဖန် သွားခဲ့ ပါတယ် ။

ဒီသရေ ရလဒ်ကြောင့် အင်္ဂလန် ဟာ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ဖို့ အတွက် လာမယ့် နိုဝင်ဘာလ ထဲမှာ ကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ မှာ ဆမ်မာရီနို နဲ့ အယ်ဘေးနီးယား တို့ကို အနိုင် ကစားဖို့ လိုအပ် လာခဲ့ပြီပဲ ဖြစ်ပါတယ် ။

SPORTS MYANMAR