Bury

ကလပ် အသင်း ကို ၀ယ်ယူ မယ့် သူ ကို အပူ တပြင်း လိုက်လံ ရှာဖွေ ခဲ့ ပေမယ့် မအောင် မြင်ခဲ့ ပါဘူး ။ နောက်ဆုံး မှာတာ့ သက်တမ်း ၁၃၄ နှစ် ရှိပြီ ဖြစ်တဲ့ အင်္ဂလိပ် ကလပ် ဘာရီ ဟာ ဘောလုံး လိဂ် ကနေ ထုတ်ပယ် ခြင်း ခံ ခဲ့ရပြီး အပျော်တမ်း အသင်း တစ်သင်း အဆင့် ကို ရောက်ရှိ သွားခဲ့ပြီ ပဲ ဖြစ်ပါတယ် ။ တစ်ချိန်တုန်းက ပရီးမီးယားလိဂ် ကလပ်ဟောင်း ဘော်တန် ၀မ်းဒါးရား ဟာလည်း ဘာရီ လိုမျိုး ကပ်ဆိုး ဆိုက်ဖို့ လက်တကမ်း အလို ကို ရောက်နေပြီး ၀ယ်ယူသူ ကို အမြန်ရှာဖွေ လျက်ရှိ နေပါတယ် ။

ပြီးခဲ့တဲ့ အင်္ဂါနေ့ ညပိုင်း ၊ သတ်မှတ် ထားတဲ့ နောက်ဆုံး အချိန် မှာ ဘာရီ ကို ၀ယ်ယူ ဖို့ ကြိုးစားမှု ရှိ ခဲ့ ပေမယ့် မအောင်မြင် ခဲ့ ပါဘူး ။ ဒါကြောင့် အင်္ဂလိပ် ဘောလုံး လိဂ် အဖွဲ့ချုပ် ဟာ ဘာရီ ကို ပြိုင်ပွဲ ကနေ ထုတ်ပယ် ခဲ့ရတာ ပဲ ဖြစ်ပါတယ် ။ FA Cup ကို ၂ ခါ ရယူ ခဲ့ဖူးတဲ့ ဘာရီ ကတော့ ၁၉၉၂ ခုနှစ် နောက်ပိုင်း ပြိုင်ပွဲ ကနေ ထုတ်ပယ် ခံ ခဲ့ရတဲ့ ကလပ် အသင်း ဖြစ်လာခဲ့ ပါတယ် ။

ဘဏ္ဍာရေး ဆိုင်ရာ အကျပ် အတည်းတွေ ကို မဖြေရှင်း နိုင်တာ ကြောင့် ဘာရီ ပိုင်ရှင် စတိဗ် ဒေးလ် ဟာ သတ်မှတ်ချိန် မတိုင် ခင် မှာ အသင်း ကို ရောင်းချ ဖို့ ကြိုးစား ခဲ့ ပါတယ် ။ C&N Sporting Risk Group နဲ့ ချိတ်ဆက် မိခဲ့ ပြီး ရောင်းချ ဖို့ ကြိုးစား ခဲ့ ပေမယ့် နောက်ဆုံး အချိန် ရောက်ဖို့ မိနစ် ၉၀ ခန့် အလိုမှာ ညှိနှိုင်းမှု အဆင်မပြေ ဖြစ်ကာ ပျက်စီး ခဲ့ရ ပါတယ်။

ဘာရီ ကို ထုတ်ပယ် လိုက်တဲ့ အတွက် လိဂ်ဝမ်း ဟာ ကလပ် ၂၃ သင်းသာ ကျန်ရှိတော့ ပြီး ရာသီ အကုန် မှာ ယခင် ၄ သင်း တန်းဆင်း ရမယ့် အစား ၃ သင်းသာ တန်းဆင်း စေတော့ မှာ ဖြစ်တယ် လို့ ကြားသိရ ကာ တစ်ပတ် တစ်ပတ် တိုင်းမှာ အသင်း တစ်သင်း ဟာ ပွဲ ကစားရမှာ မဟုတ်ဘဲ နားနေရ တော့မှာ ပဲ ဖြစ်ပါတယ် ။

ဘာရီ အသင်းရဲ့ သမိုင်းကြောင်း အကျဉ်း –
၁၈၈၅ ခုနှစ် ဧပြီ လ ၂၄ ရက်နေ့ မှာ စတင် တည်ထောင် ခဲ့ ပါတယ် ။ ၁၈၉၂ ခုနှစ် မှာ လန်ကတ်ရှိုင်းယား ဒေသ ဖလား ကို ရရှိပြီး ကလပ် သမိုင်း ရဲ့ ပထမဆုံး ဖလား ဖြစ်လာခဲ့ ပါတယ် ။ ၁၉၀၀ မှာတော့ ပထမဆုံး FA Cup ကို ဆောက်သမ်တန် ကို အနိုင် ကစားပြိး ရရှိ ခဲ့ ပါတယ် ။ နောက် ၃ နှစ် အကြာ မှာလည်း FA Cup ကို ဒုတိယ အကြိမ်မြောက် ရရှိ ခဲ့ပြန် ပါတယ် ။

၁၈၉၄-၉၅ ရာသီ မှာ ဒုတိယ တန်း ချန်ပီယံ ဖြစ်ခဲ့ပြီး အဆင့်မြင့်တန်း ( ပရီးမီးယားလိဂ် ) ကို တန်းတက် ခွင့် ရခဲ့ ပါတယ် ။ ၁၉၂၅ ခုနှစ် မှာတော့ ဘာရီ ဟာ အဆင့်မြင့်တန်း မှာ စတုတ္ထ ရခဲ့ပြီး သမိုင်း တစ်လျာက် အမြင့်ဆုံး လှမ်းတက် နိုင်ခဲ့တဲ့ အဆင့် လည်း ဖြစ်ခဲ့ ပါတယ် ။

၁၉၂၉ မှာ ဒုတိယတန်း ကို တန်းဆင်း ခဲ့ရပြီး ဆက်တိုက် ကျဆင်း သွားခဲ့ကာ ၁၉၇၁ ခုနှစ် မှာတော့ စတုတ္ထ အဆင့် လိဂ် အထိ ရောက်ရှိ သွားခဲ့ ပါတယ် ။ နည်းပြ စတန်တားနန့် ရဲ့ ဦးဆောင်မှု နဲ့ အတူ ၂ နှစ်ဆက်တိုက် တန်းတက် ခဲ့ပြီး ဒုတိယ တန်း ကို ၁၉၉၇ မှာ ပြန်လည် ရောက်ရှိ ခဲ့ ပါတယ် ။

ဒါပေမယ့် ဘဏ္ဍာရေး ဆိုင်ရာ အကျပ်အတည်းတွေ ၂၀၀၁ မှာ စတင် ပေါ်ပေါက် လာခဲ့ပြီး ပရိသတ်တွေ က ငွေကြေး ၀ိုင်းဝန်း ထောက်ပံ့မှု တွေ ပြုလုပ် ခဲ့ရ ပါတယ် ။ ၂၀၁၈ – ၁၉ ရာသီ အကုန် မှာ ဘာရီ ဟာ လိဂ်တူး မှာ ဒုတိယ ရရှိပြီး လိဂ် ၀မ်း ကို တန်းတက် ခွင့် ရခဲ့ ပါတယ် ။ ဒါပေမယ့် ဘဏ္ဍာရေး ဆိုင်ရာ အကျပ် အတည်း တွေ ကို သတ်မှတ်ချိန် အတွင်း မဖြေရှင်းနိုင် တဲ့ အတွက် အင်္ဂလိပ် ဘောလုံး အဖွဲ့ချုပ် က ကြီးမှုး ကျင်းပ နေတဲ့ ပြိုင်ပွဲတွေ ကနေ ထုတ်ပယ် ခြင်း ကို ခံ ခဲ့ရတာပဲ ဖြစ် ပါတယ် ။

ဘာရီ အသင်းလိုမျိုး ဘဏ္ဍာရေး ဆိုင်ရာ အကျပ်အတည်း နဲ့ ရင်ဆိုင် နေရပြီး ပြိုင်ပွဲ ကနေ ထုတ်ပယ် ခံရမယ့် အရေး နဲ့ ရင်ဆိုင် နေရတဲ့ နောက်ထပ် တစ်သင်း ကတော့ တစ်ချိန် တုန်းက ပရီးမီးယားလိဂ် ရဲ့ အလယ် အလတ် အဆင့် အထိ တက်လှမ်းနိုင် ခဲ့တဲ့ ဘော်တန် ၀မ်းဒါးရား အသင်းပဲ ဖြစ် ပါတယ် ။

အင်္ဂလိပ် ဘောလုံး အဖွဲ့ချုပ် ကတော့ ဘော်တန် ကို ဘဏ္ဍာရေး ဆိုင်ရာ အခက်အခဲတွေ ဖြေရှင်းဖို့ အချိန်ပေး ထားသေး ပြီး ၁၄ ရက်သာ ကျန်ရှိတော့ တယ်လို့ သိရ ပါတယ် ။ အကယ်၍ ဘော်တန်လည်း အချိန်မီ မဖြေရှင်း နိုင်ခဲ့ ပါက ဘာရီ အသင်းလိုမျိုး ပြိုင်ပွဲ ကနေ ထုတ်ပယ် ခံရပြီး အပျော်တမ်း ကလပ် အသင်း တစ်သင်း အဖြစ် ကို ရောက်ရှိ သွားတော့ မှာပဲ ဖြစ်ပါတယ် ။

SPORTS MYANMAR