sanchez

• ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အဲရစ်ဆင် ရဲ့ အေးဂျင့် ဖြစ်သူ နဲ့ စပါး ဥက္ကဌ ဒန်နီရယ် လီဗိုင်းတို့ တွေ့ဆုံမှု အပြီးမှာတော့ ၊ ကစားသမား ရဲ့ စပါးမှာ ဆက်ရှိမယ့် အရေးဟာ ပိုပြီးတော့တောင် မသေချာပဲ ဖြစ်သွားခဲ့ပါတယ်။ သို့သော် အဲရစ်ဆင် လက်ရှိ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ထက် ၊ ဇန်န၀ါရီ (သို့) ရာသီအကုန်မှပဲ ဖြစ်နိုင်ချေက ပိုများလျှက် ရှိနေပါတယ်။

• ရီးရဲ ဆိုစီဒက် အသင်းဟာ အာဆင်နယ် နောက်တန်း ကစားသမား မွန်ရီရယ် ကို ခေါ်ယူဖို့ အလျှင်အမြန် လုပ်ဆောင်နေပြီး 2 နှစ် စာချုပ် + 1 နှစ် အလိုအလျှောက် သက်တမ်းတိုးခွင့် နဲ့ ကမ်းလှမ်းထားပြီးပြီ ဖြစ်ပါတယ်။ သတင်းတွေ အရတော့ လာလီဂါ အပြောင်းအရွှေ့ မပိတ်သိမ်းမီ အရ ခေါ်ယူနိုင်ဖို့ မျှော်လင့်လျှက် ရှိနေတယ်လို့ ဆိုပါတယ်။

• ရိုးမားဟာ လီဗာပူး နောက်တန်း ကစားသမား လိုဗရန် ကို ခေါ်ယူဖို့ အတွက် နောက်တစ်ကြိမ် ချဉ်းကပ်မှုတွေ ပြုလုပ်လာနေပါတယ်။ ပထမ အကြိမ် ကြိုးစားခဲ့စဉ်ကတော့ လီဗာပူးက သူတို့ လိုချင်တဲ့ ပုံစံမျိုး လက်ခံ ရရှိခြင်း မရှိခဲ့တာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ထားခဲ့တာပါ။ သတင်းတွေ အရ လီဗာပူးဟာ လိုဗရန် ရဲ့ အပြောင်းအရွှေ့ ကနေ ပေါင် သန်း 20 ရရှိဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။

• ၀က်စ်ဟမ်းဟာ သူတို့ရဲ့ အာဂျင်တီးနား ကွင်းလယ် ကစားသမား လန်ဇီနီ ကို 2023 ခုနှစ် အထိ စာချုပ် သက်တမ်းတိုး ချုပ်ဆိုနိုင်ဖို့ အလွန်ကို နီးစပ် နေပြီ ဖြစ်ပါတယ်။

• လီဗာပူး အသင်းဟာ ဖီအိုရင်တီးနား အသင်းက ခေါ်ယူဖို့ ချဉ်းကပ်နေတဲ့ လူငယ် ကစားသမား လေး ဒွန်ကမ် ကို လုံးဝ ရောင်းချမှာ မဟုတ်ကြောင်း တုန့်ပြန်လိုက်ပါတယ်။

• ချန်ပီယံလိဂ် အုပ်စု အဆင့်ကို တက်ရောက် လာခဲ့တဲ့ အိုလံပီယာကော့စ် အသင်းဟာ လက်စတာ အသင်းရဲ့ အသက် 27 နှစ် အရွယ် ညာတောင်ပံ ကစားသမား ဂီဇယ် ကို ခေါ်ယူဖို့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

• ပြီးခဲ့တဲ့ စနေနေ့ကမှ ယူနိုက်တက်ကို အိုးထရက်ဖို့မှာ အနိုင်ယူခဲ့တဲ့ ပဲလေ့ဟာ မနေ့ညက ကစားခဲ့တဲ့ ကာရာဘောင် ဖလားပွဲစဉ်မှာတော့ ဒုတိယ တန်း ကလပ် ကိုချက်စတာ အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရှုံးပေးလိုက်ပြီး ၊ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

LONDON, ENGLAND – AUGUST 27: Wilfried Zaha of Crystal Palace and teammates look on during the Carabao Cup Second Round match between Crystal Palace and Colchester United at Selhurst Park on August 27, 2019 in London, England. (Photo by Bryn Lennon/Getty Images)

• ယူနိုက်တက် တိုက်စစ်မှုး အလက်ဆစ် ဆန်းချက်ဟာ အင်တာမီလန် ကို တစ်ရာသီ အငှားနဲ့ လာရောက် ကစားဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပြီး ၊ ဒီညပိုင်းမှာ အီတလီ ကို ဆေးစစ်မှုတွေ ခံယူဖို့ ရောက်ရှိ လာမှာ ဖြစ်ပါတယ်။ သူ့ရဲ့ အငှားစာချုပ်မှာ အပြီးသတ် ခေါ်ယူခွင့် သဘောတူညီမှု ပါဝင်ခြင်း မရှိပဲ ၊ အင်တာမီလန် က လစာ ပမာဏ ကို ယူရို 5 သန်း အထိ ပေးချေမှာ ဖြစ်ပြီး ၊ ကျန်တဲ့ ပမာဏကိုတော့ ယူနိုက်တက်ဘက် က ဆက်လက် ပေးချေသွားမှာ ဖြစ်ပါတယ်။ ဆန်းချက် ဟာ လူကာကူ နဲ့ အင်တာမီလန် မှာ ပြန်လည် ဆုံဆည်းခွင့် ရတော့မှာပါ။

• အင်တာမီလန် ကွင်းလယ် ကစားသမား ဂျိုအာအို မာရီယို ဟာ လိုကိုမိုးတစ် မော်စကို အသင်းကို တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ယူရို 18 သန်း နဲ့ အပြီးသတ် ခေါ်ယူခွင့် သဘောတူညီချက်ပါ ထည့်သွင်း ချုပ်ဆိုသွားခဲ့ပါတယ်။

Mario

• ဘာစီလိုနာ အသင်းရဲ့ အသက် 20 အရွယ် ကွင်းလယ် လူငယ် ကစားသမားလေး အိုရီယို ဘုစကွက် ဟာ ဟော်လန် ကလပ် တွမ်တီး အသင်းထံကို တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ သွားခဲ့ပြီ ဖြစ်ပါတယ်။

• နာပိုလီ အသင်းဟာ PSV အသင်းရဲ့ မက္ကဆီကို တောင်ပံ ကစားသမား လိုဇာနို ကို တရားဝင် ခေါ်ယူလိုက်ပြီ ဖြစ်ပြီး 5 နှစ် စာချုပ် ချုပ်ဆိုသွားခဲ့ပါတယ်။ သတင်းတွေ အရ သူ့ရဲ့ ပြောင်းရွှေ့ကြေးကို ယူရို သန်း 40 အထိ ပေးချေလိုက်ရတယ်လို့ သိရပါတယ်။

SPORTS MYANMAR