Sky Sports နဲ့ ပရီးမီးယားလိဂ်ရဲ့ official beer ဖြစ်တဲ့ Budweiser တို့ဟာ အပတ်စဉ် Power Rankings ကို ထပ်မံ ထုတ်ပြန်ပေးလိုက် ပါတယ်။ နော့ဝှစ်စတား တီမူပူကီဟာ နော့ဝှစ်တို့ ချဲလ်ဆီးကို အိမ်ကွင်းမှာ ၃ဂိုး ၂ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ မှာ အသင်းဖော် တော့ကန့်ဝဲလ်ရဲ့ သွင်းဂိုးကို ဖန်တီး ပေးခဲ့တဲ့အပြင် သူကိုယ်တိုင်လည်း လိဂ်ပွဲစဉ် ၃ ပွဲမှာ ၅ ဂိုးမြောက်ဂိုးကို ရယူနိုင်ခဲ့ ပါတယ်။ ဒါ့ကြောင့် အသက် ၂၉ နှစ်အရွယ် နော့ဝှစ် တိုက်စစ်မှုးဟာ Power Rankings ရဲ့ ထိပ်ဆုံးနေရာကို ဆက်လက် ထိန်းသိမ်း ထားနိုင်ခဲ့ပါတယ်။
ဘုန်းမောက်ကို အဝေးကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ မန်စီးတီးအတွက် တစ်ဂိုးသွင်းပေး ခဲ့တဲ့ ရာဟင်စတားလင်းဟာ ၂ပတ် ဆက်တိုက် ဒုတိယနေရာမှာ ရပ်တည် နိုင်ခဲ့ပြီး အဆိုပါပွဲမှာ ၂ ဂိုးသွင်းယူခဲ့တဲ့ ၎င်းရဲ့ အသင်းဖော် ဆာဂျီယိုအဂွေးရိုး ကတော့ အဆင့် ၄နေရာကို တက်လာ ခဲ့ပါတယ်။ ဘန်လေနဲ့ ဝုဖ်အသင်းတို့ တစ်ဂိုးစီသရေ ကျခဲ့တဲ့ ပွဲမှာ ဧည့်သည် ဘန်လေအတွက် အဖွင့်ဂိုးကို လှလှပပ သွင်းယူကာ ဒီရာသီ ၃ ပွဲဆက်တိုက် ဂိုးသွင်းယူထားတဲ့ တိုက်စစ်မှုး အက်ရှ်လေဘန်း (နံပါတ် ၃) ဟာ အဆိုပါ ဇယားမှာ ၎င်းရဲ့ နေရာကို ဆက်ထိန်းထား နိုင်ခဲ့ပါတယ်။
မေဆင်မောင့် (နံပါတ် ၅) ဟာ ချဲလ်ဆီး အသင်း Carrow Road မှာ အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်း ၁၇ မိနစ်မှာ သွင်းပေးခဲ့တဲ့ သွင်းဂိုး ၁ ဂိုး အပြင် နောက်ထပ် အကောင်းဆုံး ပုံစံကို ပြသခဲ့ပြန်တာကြောင့် အင်္ဂလန် လက်ရွေးစင် အသင်းကြီးမှာ ရွေးချယ် ခံရမယ့် အခွင့်အရေး ပိုမို ကောင်းမွန် သွားခဲ့ပါတယ်။ မိုဟာမက်ဆာလား (နံပါတ် ၆) ဟာ လီဗာပူး တို့ အာဆင်နယ် ကို အန်ဖီးမှာ ၃ ဂိုး ၁ဂိုးနဲ့ ခြေစွမ်းပြ အနိုင်ရရှိ ခဲ့တဲ့ ပွဲမှာ ပွဲကို အဆုံးအဖြတ် ဖြစ်စေတဲ့ တစ်ဦးချင်း အရည်အသွေးကောင်းတွေကို ပြသခဲ့ပြီး ဒေးဗစ်လူးဝစ် ၎င်းရဲ့ အင်္ကျီကို ဆွဲခဲ့တာကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီ ကို အကောင်းဆုံး အဆုံးသတ် ခဲ့တဲ့အပြင် နောက်ထပ် ၁၀မိနစ် အကြာမှာ ဂန်းနားတို့ရဲ့ နောက်တန်းကို ကျော်ဖြတ်ကာ လီဗာပူး တို့ ၃-၀ နဲ့ ဦးဆောင်စေမယ့် ဂိုးကို ရယူပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်က အက်စတွန်ဗီလာ နဲ့ပွဲဦးထွက်မှာ အသင်းအတွက် အနိုင်ဂိုးကို အဝေးကန်ချက်နဲ့ သွင်းယူ ပေးခဲ့တဲ့ ဟယ်ရီဝယ်ဆင် (နံပါတ် ၇) ဟာ မန်ချက်စတာစီးတီး အသင်းကိုလည်း ဖရီးကစ် ကနေတဆင့် လှလှပပ သွင်းယူကာ ဒီဇယားရဲ့ အဆင့် ၇ နေရာကို တက်လှမ်း လာခဲ့ပါတယ်။ မန်စီးတီး ကွင်းလယ်လူ ကယ်ဗင်ဒီဘရိုင်းဟာ ဘုန်းမောက် နဲ့ပွဲမှာ ဆာဂျီယိုအဂွေးရိုး ရဲ့ အဖွင့်ဂိုးကို ဖန်တီး ပေးခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ် မှာ ဂိုးဖန်တီးမှု ၄ကြိမ် ရှိသွားပြီ ဖြစ်ပေပမယ့်လည်း အဆင့် ၈ နေရာကို ကျသွားခဲ့ပါတယ်။
လက်စတာစီးတီး နောက်ခံလူ ဆိုယွန်ချူဟာ ရှက်ဖီးယူနိုက်တက်ကို အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ ပွဲမှာ အသင်းအတွက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့တာကြောင့် အဆင့် ၉ နေရာမှာ ရပ်တည် နိုင်ခဲ့ပြီး ဝက်ဖို့ဒ်ကို အဝေးကွင်းမှာ ၃ – ၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ လှပတဲ့ ဂိုးနှစ်ဂိုး နဲ့အတူ ဝက်ဟမ်း ကစားသမား ဘဝ ဈေးဦးပေါက် ဂိုးတွေ ရခဲ့တဲ့ ကလပ်စံချိန်တင် ပြောင်းရွေ့ကြေးရှင် ဆီဘတ်စတီယန်ဟယ်လာဟာ အဆင့် ၁၀ အတွင်း ဝင်သွားခဲ့ပါတယ်။
အောက်ပါဇယားမှာတော့ ကလပ်အသင်း တစ်သင်းချင်းစီ အလိုက် အကောင်းဆုံး ပုံစံ ပြသနေတဲ့ ကစားသမားတွေကို ဖော်ပြပေးထားပါတယ်။
SM