Martial

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဟောင်း ဟိုဆေး မော်ရင်ဟို ဟာ အိုးလ် ထရပ်ဖို့ဒ် မှာ ရှိနေ ခဲ့စဉ် တုန်းက စိတ်ဓါတ်ပိုင်း ဆိုင်ရာ အားနည်းချက် ရှိနေ တယ်လို့ ယုံကြည် ခဲ့တာ ကြောင့် တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ အန်သိုနီ မာရှယ် ကို အသင်း မှ ထုတ်လို တဲ့ အထိ ဖြစ်ခဲ့ ပါ သေးတယ် ။

Martial

အထူးသဖြင့် မာရှယ် နဲ့ မော်ရင်ဟို အကြား မပြေလည် မှုတွေစတင် ခဲ့တဲ့ အချိန် က နံပါတ် 9 ဂျာစီ ကို မာရှယ် ထံမှ ရုပ်သိမ်း ခဲ့ခြင်း ကြောင့် ပါပဲ ။ ယူနိုက်တက် ဆီ ဇလာတန် အီဗရာဟီ မိုဗစ် ရောက်ရှိ လာတဲ့ အချိန် မှာ ဟိုဆေး မော်ရင်ဟို ဟာ မာရှယ် ဝတ်ဆင် တဲ့ နံပါတ် 9 ဂျာစီ ကို ဆွဲဒင် လက်ရွေးစင် ဆီ ပေးခဲ့ သလို လူကာကူ ရောက်ရှိ လာ ခဲ့တဲ့ အခါ မှာလည်း ဘယ်လ်ဂျီယံ သား ကပဲ နံပါတ် 9 စီကို သိမ်းပိုက် သွားနိုင် ခဲ့ ပါတယ် ။

ဒါ့အပြင် အန်သိုနီ မာရှယ် ဟာ ပွဲထွက် ကစား ရာ မှာလည်း အထောင် တိုက်စစ်မှူး အဖြစ် ကစား ရတာ ကို နှစ်သက် လှသူ ဖြစ် ပေမယ့် ဟိုဆေး မော်ရင်ဟို ရဲ့ လက်အောက် မှာတော့ သူဟာ များသော အားဖြင့် ဘယ်တောင်ပံ တိုက်စစ် ကစားသမား တစ်ဦး အဖြစ် သာ ပါဝင် ခွင့် ပိုင်ဆိုင် နိုင်ခဲ့ ပါတယ် ။

ဒါ့ကြောင့် ကိုယ့်ကိုယ်ကို စပါယ်ရှယ် ဝမ်း လို့ ခံယူ ထားပြီး သူ ပြောသလို သာ အပြည့်အဝ လိုက်နာ တက်တဲ့ ကစားသမား တွေကို အထူး ကစား ခွင့်တွေ ပေး တက်တဲ့ မော်ရင်ဟို နဲ့ သူ ဖြစ်ချင် တာကို ဖြစ်ခွင့် မရ တဲ့ မာရှယ် တို့ အကြား အက်ကြောင်း တွေ ဖြစ်လာ ခဲ့ရ ပါတယ် ။

The Times ရဲ့ ဖော်ပြချက် အရ တော့ ဟိုဆေး မော်ရင်ဟို ဟာ သူ့ရဲ့ ပြော စကား တွေကို သိပ်ပြီး နားထောင် ချင်ပုံ မပေါ် ခဲ့တဲ့ ၊ အသင်း အတွက် အားကုန် ကြိုးစား ကစား ပေးလို စိတ် မရှိ ဘူးလို့ ထင်မှတ် ခဲ့တဲ့ မာရှယ် ကို ရောင်းချ ပြီး အင်တာ မီလန် အသင်း မှ ပါရီဆစ် ကို ခေါ်ယူ ချင်ခဲ့ တာပဲ ဖြစ် ပါတယ် ။

မော်ရင်ဟို နဲ့ သူ့ရဲ့ နည်းပြ အဖွဲ့ဝင် အချို့ ကတော့ နံပါတ် 9 ဂျာစီ ဆုံးရှုံး ထားခဲ့ ရတဲ့ မာရှယ် ဟာ စိတ်ဓါတ် ပိုင်း ဆိုင်ရာ မှာ အားနည်းချက် ရှိပြီး သူ့ကို နားလည် နိုင်ဖို့ အတော် ပဲ ခက်ခဲ လှတဲ့ ၊ ဆိုက်ကို ဆန်တဲ့ စိတ်ထ မျိုးကို ပိုင်ဆိုင် ထားခဲ့ တယ်လို့ တောင် ထင်မှတ် ခဲ့ကြ ပါတယ် ။

ယူနိုက်တက် နဲ့ မော်ရင်ဟို ရဲ့ နည်းပြ အဖွဲ့ဝင် ဟောင်း တစ်ဦး ဖြစ်သူ ကတော့ မာရှယ် ရဲ့ စိတ်နေ သဘောထား ကို ဆန့်ကျင် တဲ့ ဆုံးဖြတ်ချက် တစ်ခုခု ကို အသင်း ဖက်မှ ချမှတ် လိုက်တဲ့ အခါတိုင်း မှာ ပြင်သစ် သားဟာ သိသိသာသာ ကြီးကို မကျေမနပ် ဖြစ်တက် ၊ စိတ်ဆိုး သွားတက် တယ်လို့ ခံစား ခဲ့မိ ကြောင်း ပြောကြား ခဲ့ပါ သေးတယ် ။

ဒါပေမယ့် ဒီနွေ အပြောင်း အရွှေ့ အတွင်း မှာတော့ အသင်း မှ နံပါတ် 9 ဂျာစီ ဝတ် တိုက်စစ်မှူး ရိုမီလူ လူကာကူ ဟာ အင်တာ မီလန် အသင်း ဆီ ပြောင်းရွှေ့ သွား ခဲ့တဲ့ နောက် မှာတော့ အန်သိုနီ မာရှယ် ဟာ သူ အလိုရှိ တဲ့ နံပါတ် 9 ဂျာစီ ကို တစ်ဖန် ပြန်လည် ဝတ်ဆင် ခွင့် ပိုင်ဆိုင် နိုင်ခဲ့ ပါတယ် ။

ဒါ့အပြင် လက်ရှိ ရာသီ မှာလည်း သူဟာ အသင်း အတွက် ကောင်းမွန်စွာ ကြိုးစား အားထုတ် ကစား ပေးရင်း 3 ပွဲမှာ 2 ဂိုး သွင်း ၊ 1 ဂိုး ဖန်တီး ပေးထား နိုင်ခဲ့ ပါတယ် ။ လက်ရှိ အချိန် မှာ သူဟာ ဒဏ်ရာ ပြသနာ ကြုံတွေ့ ခဲ့တဲ့ အတွက် နည်းပြ ဆိုးလ်ရှား အနေ နဲ့ ဘယ်သူ့ ကို ပွဲထွက် ကစား စေ မလဲ ဆိုတာ စိတ်ဝင်စား ဖွယ် ကောင်းနေ ခဲ့ ပါတယ် ။

#Sports_Myanmar