Barcelona

ဘာစီလိုနာ ရဲ့ နူးကမ့် ကွင်းကို လာရောက် တဲ့ သူတွေ အနေနဲ့ ကွင်းရဲ့ မျက်နှာစာ ဘက်မှာ ၁၀ ပေလောက် မြင့်တဲ့ ပိန်ပိန် ပါးပါး ကြေးရုပ်တု တစ်ခု ကို မြင်တွေ့ ရတော့ မှာ ဖြစ်ပါတယ် ။ ဒီရုပ်တု ကတော့ ဘာစီလိုနာ အသင်း ရဲ့ သမိုင်း ကြောင်းမှာ မေ့ပျောက် ထားလို့ လုံးဝ မဖြစ်နိုင်တဲ့ ဂန္ထ၀င် သူရဲကောင်း တစ်ဦး ရဲ့ ရုပ်တု ပဲ ဖြစ်ပါတယ် ။ ဒီ ရုပ်တု ကို ယမန်နေ့ က ဘာစီလိုနာ အသင်း တာဝန် ရှိသူတွေ က ဖွင့်လှစ် ပေးခဲ့တာ ဖြစ်ပြီး အရန် အသင်းရဲ့ ကွင်းအမည် ကို လည်း ဂုဏ်ပြု တဲ့ အနေနဲ့ ပြောင်းလဲ မှည့် ခေါ်ပေးခဲ့ ပါတယ် ။

ဒီ လို ခမ်းနားတဲ့ ဂုဏ်ပြုမှု နဲ့ ထိုက်တန် ခဲ့သူ ကတော့ ယိုဟန် ခရပ် ပါပဲ ။ နယ်သာလန် ကစား သမားကြီး ယိုဟန် ခရပ် ဟာ Total Football လို့ ခေါ်တဲ့ လှပ ညက်ညော တဲ့ ဘောလုံး ကစားဟန် ကို တီထွင် ခဲ့တဲ့ သူတွေ ထဲမှာ ဦးစီး ဦးဆောင်ပြုခဲ့ သူ တစ်ဦး ဖြစ်ပြီး သူ့ရဲ့ ဘောလုံး အတွေး အမြင် အယူ အဆ တွေ ဟာ ဘာစီလိုနာ ကို အကြီး အကျယ် ပြောင်းလဲ စေခဲ့ ပါတယ် ။

ယနေ့ ဘာစီလိုနာ အသုံးများ တဲ့ တီကီတာကာ ကစားကွက် ဟာ ယိုဟန် ခရပ် မျိုးစေ့ ကြဲပေး ခဲ့တဲ့ ဘောလုံး အတွေး အခေါ် တွေ အပေါ် မှာ အခြေခံ ခဲ့တာ ဖြစ်ပြီး ခရပ်ဖ် ဟာ ဘာစီလိုနာ ကို ကစား သမား ဘ၀ မှာ ရော နည်းပြ ဘ၀ မှာ ပါ ကြီးမားတဲ့ ကောင်းကျိုးတွေ ဖြစ်ပေါ် စေခဲ့ ပါတယ် ။

ယိုဟန် ခရပ်ဖ် ဟာ ဘာစီလိုနာ ကို ၁၉၇၃ ခုနှစ် ကနေ ၁၉၇၈ ခုနှစ် အထိ ၅ နှစ် ကြာ လာရောက် ကစားခဲ့ သလို ၁၉၈၈ ကနေ ၁၉၉၆ ခုနှစ် အထိ လည်း နည်းပြ အဖြစ် နဲ့ လုပ်ကိုင် ခဲ့ သူဖြစ် ပါတယ် ။

နူးကမ့် ကွင်း အရှေ့မှာ ထားရှိတဲ့ ခရပ်ဖ် ရဲ့ ကြေးရုပ်တု ဟာ ၃.၅ မီတာ မြင့်ပြီး ၁၉၇၃ ကန ၁၉၇၈ အတွင်း ဘာစီလိုနာ မှာ ကစားခဲ့စဉ် က ပုံစံ အတိုင်း သွန်းလုပ် ထားတာ ဖြစ်တယ် လို့ သိရ ပါတယ် ။ အဆိုပါ ကြေးရုပ်တု ကို နယ်သာလန် ပညာရှင် Corry Ammerlaan Van Niekerk က အချိန် ၄ လ ယူကာ ပြုလုပ် ဖန်တီး ပေးခဲ့တာ ဖြစ်တယ် လို့ သိရ ပါတယ် ။

ရုပ်တု ဖွင့်ပွဲ ကို ယိုဟန် ခရပ်ဖ် ရဲ့ မိသားစု ၀င်တွေ တက်ရောက် ခဲ့ကြပြီး သားဖြစ်သူ ဂျော်ဒီ ခရပ်ဖ် က ရုပ်တု ကို ဖွင့်လှစ် ပေးခဲ့ ပါတယ် ။ ဒါ့အပြင် မက်ဆီ အပါ အ၀င် လက်ရှိ ဘာစီလိုနာ အသင်းသား အချို့ နဲ့ ကစား သမား ဟောင်းတွေ ဖြစ်ကြတဲ့ ပူယိုးလ် ၊ လက်ရှိ ဥက္ကဌ ဘာတိုမြူ တို့ လည်း တက်ရောက် လာခဲ့ ကြတယ် လို့ သိရ ပါတယ် ။

ဒါ့အပြင် ဘာစီလိုနာ အရန် အသင်း ( ဘီ အသင်း ) ရဲ့ ကွင်းအမည် ကို လည်း ယိုဟန် ခရပ် ရဲ့ အမည် ပြောင်းလဲ မှည့် ခေါ် ခဲ့ ကာ ရုပ်တု ဖွင့်ပွဲ အဖြစ် ဘာကာ အကယ်ဒမီ နဲ့ အမျိုးသမီး အသင်း တို့ ချစ်ကြည်ရေး ပွဲ ကစားခဲ့ ကြတယ် လို့ သတင်း ရရှိ ပါတယ် ။

SPORTS MYANMAR