saha

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီနွေ အပြောင်းအရွှေ့ အတွင်း အသင်း ရဲ့ ကွင်းလယ်ပိုင်း ကို အင်အား ထပ်မံ တိုးမြှင့် ဖို့ ကြံရွယ် ခဲ့သေး ပေမယ့် တစ်ကယ် တမ်း မှာတော့ ခံစစ် နဲ့ ညာ တောင်ပံ တိုက်စစ် ကိုသာ အင်အား ဖြည့်တင်း နိုင်ခဲ့ ပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ်မှူး ဟောင်း တစ်ဦး ဖြစ်တဲ့ လူးဝစ် ဆာဟာ က အသင်း ဟောင်း တို့ နွေ အပြောင်း အရွှေ့ မှာ စပို့တင်း လစ္စဘွန်း ကွက်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ကို မခေါ်ယူ ခြင်းက ကြီးမား တဲ့ အမှား တစ်ခု ကျူးလွန်ခြင်း ဖြစ်ခဲ့ ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ပြီးခဲ့တဲ့ နွေ အပြောင်း အရွှေ့ တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ တော့တင်ဟမ် ဟော့ စပါး အသင်း တို့ဟာ ကွင်းလယ် နေရာ ကို အင်အား ဖြည့်တင်း ဖို့ အတွက် ဘရူနို ဖာနန်ဒက်စ် ကို ချိတ်ဆက် ခဲ့ကြ သေး ပေမယ့် တစ်ကယ် တမ်း မှာတော့ ပေါ်တူဂီ လက်ရွေးစင် ကို မခေါ်ယူ နိုင်ခဲ့ ကြ ပါဘူး ။

လက်ရှိ အချိန် ယူနိုက်တက် ဟာ ခံစစ်ပိုင်း နဲ့ တိုက်စစ် ပိုင်းမှာ ကောင်းမွန် တဲ့ ကစားသမား တွေကို ပိုင်ဆိုင် ထား ပေမယ့် ကွင်းလယ်ပိုင်း မှာတော့ ဖန်တီးမှု အားနည်း နေခဲ့ ပါတယ် ။ အခု တော့ ယူနိုက်တက် တိုက်စစ်မှူး ဟောင်း ဆာဟာ က အင်အား နည်းပါး သွားတဲ့ ကွင်းလယ်ပိုင်း ကို တောင့်တင်း စေဖို့ အသင်း ဟောင်း အနေ နဲ့ ပေါ်တူဂီ လက်ရွေးစင် ဖာနန်ဒက်စ် ကို မဖြစ် မနေ ခေါ်ယူ ခဲ့သင့်ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ ပါတယ် ။

Bruno Fernandes

” ဘရူနို ဖာနန်ဒက်စ် ဟာ ယူနိုက်တက် ရဲ့ ပွဲစဉ် တွေမှာ မတူ ညီတဲ့ အရာ တွေကို အထူး ပြုလုပ် ပေးနိုင် တဲ့ ၊ နည်း စနစ် ပိုင်း ဆိုင်ရာ ကြွယ်ဝ လှတဲ့ ကစားသမား ကောင်း တစ်ဦး ပဲ ဖြစ် ပါတယ် ။ အဲ့တာ တွေထက် ပိုတာ က သူဟာ ခေါင်းဆောင် သူ အဖြစ် မွေးဖွား လာသူ တစ်ဦး ပဲ ဖြစ် ပါတယ် ။ ယူနိုက်တက် မှာ လိုအပ် နေတာ အဲ့ဒီလို ကစားသမား တစ်ဦး ပါ ”

” ဒါကို တော့ အချိန် က စကား ပြော သွားမှာ ပါ ။ ဖြစ်တာ က ဖြစ်ခဲ့ ပြီး ပါပြီ ၊ ပြိုင်ငြင်း နေလို့ မရ နိုင် ပါဘူး ။ ဒါပေမယ့် ယူနိုက်တက် ဖက်က ဖန်တီးမှု အားကောင်း လှတဲ့ ဘရူနို ဖာနန်ဒက်စ် လို ကစားသမား ကို မခေါ်ယူ ခဲ့ခြင်း က ကြီးမားတဲ့ အမှား တစ်ခု ကျူးလွန် လိုက်ခြင်း ပါပဲ ” လို့ ဆာဟာ က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဘရူနို ဖာနန်ဒက်စ် ကို အရ ခေါ်ယူ ချင်ခဲ့ ပေမယ့် ကြီးမား တဲ့ ပြသနာ တစ်ခု က ကစားသမား အတွက် သတ်မှတ် ထားတဲ့ ပေါင် သန်း 70 ဆိုတဲ့ ပြောင်းရွှေ့ ကြေးပဲ ဖြစ်ခဲ့ ရ ပါတယ် ။ ဒါပေမယ့် စပို့တင်း ဖက်မှ ကစားသမား အတွက် ဒီလောက် တောင်းဆို ခြင်းက မှန်ကန် ခဲ့ကြောင်း ဆာဟာ က ထောက်ခံ သွားခဲ့ ပါတယ် ။

” သံသယ ရှိနေ စရာ မလို ပါဘူး ၊ ဘရူနို ဟာ တစ်ကယ့် ကို ကောင်းမွန် လှတဲ့ ကစားသမား တစ်ဦး ပါ ။ သူ့ရဲ့ လက်ရှိ ပြောင်းရွှေ့ ကြေး ကြောင့် မန်ချက်စတာ ယူနိုက်တက် လို အသင်း မျိုး က ခေါ်ယူ ရေးမှာ လုံးဝ တွေဝေ မနေ သင့် ပါဘူး ”

” ထပ်ပြော ရမယ် ဆိုရင် စပို့တင်း လစ္စဘွန်း ဖက်က လည်း သူတို့ ရဲ့ အကောင်းဆုံး ကစားသမား တစ်ဦး အတွက် ဒီလောက် တောင်းဆို တယ် ဆိုတာ မှန်ကန် သင့်တော် တဲ့ အရာ တစ်ခု ပါပဲ ။ ဘရူနို ဖာနန်ဒက်စ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက အရမ်း ကို ထူးခြား ကောင်းမွန် ခဲ့တယ် လေ ” လို့ ဆာဟာ က အဆုံးသတ် ပြောကြား သွားခဲ့ ပါတယ် ။

#Sports_Myanmar