UEFA ဟာ ဂျုဗင်တပ် တိုက် စစ် မှုး ရိုနယ်လ်ဒို ရဲ့ အနီ ကဒ် အပြစ်ဒဏ် အပေါ် စုံစမ်း စစ်ဆေး မှု စတင် ပြုလုပ် တော့မယ် လို့ ကြားသိ ရ ပါတယ် ။ ဒါကြောင့် ရိုနယ်လ်ဒို အနေနဲ့ အနီကဒ် အပြစ် ဒဏ် ကနေ ကင်းလွတ် သွားနိုင် ဖို့ အလား အလာ ရှိ လာခဲ့ပြီ လို့ ကြား သိရ ပါတယ် ။

ရိုနယ်လ်ဒို အနီကဒ် ထိ ခဲ့တဲ့ သတင်း က တော့ ယနေ့ ထုတ် ဥရောပ အား ကစား သတင်း စာတွေ ရဲ့ မျက်နှာဖုံး မှာ ပါဝင် ကြီးစိုး ခဲ့ ပါတယ် ။ စပိန် အ ခြေ စိုက် သတင်း စာတွေ က တော့ ရိုနယ်လ်ဒို ထုတ်ပယ် ခံ ရမှု ကို အားပေး တဲ့ ပုံစံ မျိုး တွေ ရေးသား ဖော်ပြ ခဲ့ ပြီး အီတလီ မီဒီယာ တွေ က တော့ ရိုနယ်လ်ဒို ဘက် ကနေ ရပ်တည် ရေးသား ခဲ့ကြ ပါတယ် ။

ဗြိတိန် အခြေစိုက် Sky Sports သတင်း ဌာန က တော့ သူတို့ ရဲ့ ရုပ်သံ မှတ်တမ်း တွေ ကို ပြန်လည် ကြည့် ရှု ခဲ့ပြီး ရိုနယ်လ်ဒို ဟာ သူ ဘာ မှ မလုပ် ခဲ့ ကြောင်း ကွင်းလယ် ဒိုင် ကို ပြောပြ ခဲ့တယ် လို့ ထုတ်ဖော် ခဲ့ သလို ဂိုး စည်း ကြပ် ဒိုင် ဖီးလစ် ဟာ ရိုနယ်လ်ဒို ကို အနီကဒ် ပြသင့် ကြောင်း ကွင်းလယ်ဒိုင် ကို ၂ ကြိမ် တိုင် ပြောဆို ခဲ့ တယ် လို့ ထုတ် ဖော် သွားခဲ့ ပါတယ် ။

မန် ချက် စတာ ယူ နိုက်တက် တိုက် စစ် မှုး လူကာကူ က တော့ ပ ရီး မီး ယား လိဂ် ဂိုး ၁၀၀ ပြည့် မြောက် သွားပြီ ဖြစ်တဲ့ အတွက် ပရီးမီးယား လိဂ် အဖွဲ့ ချုပ် က ဂုဏ် ပြု ဆု ချီးမြှင့် သွားခဲ့ ပါတယ် ။

လီဗာပူး ကစား သမား ဟောင်းကြီး ဂရေ မီ ဆောင်းနက် က တော့ ယူနိုက်တက် အတွက် နောက် ပိုင်း ပွဲ တွေ မှာ ခြေစွမ်း ပြနေ တဲ့ ကွင်းလယ် လူ ပေါ့ဘာ ဟာ ယခင် က ထက် ပိုမို တိုးတက် လာခြင်း မရှိ သေးပါဘူး လို့ ဝေဖန် ပြောဆို သွားခဲ့ ပါတယ် ။

ရီးရဲ အသင်း ရဲ့ ကျောနံပါတ် ၇ လက်သစ် လေး မာရီယာနို ဒီယာ့ဇ် က တော့ သူ ဟာ စပိန် လက် ရွေး စင် အသင်း အတွက် ပါဝင် ကစား ပေးဖို့ ဆန္ဒ ရှိ နေပြီး လက် ရွေး စင် နည်းပြ အင်းနရစ် ဆင့်ခေါ် မယ့် အချိန် ကို စောင့်ဆိုင်း နေတယ် လို့ ဆို သွားခဲ့ ပါတယ် ။

စပါး အသင်း ရဲ့ ဒဏ်ရာ ကစား သမား ၂ ဦး ဖြစ် ကြ တဲ့ ဆစ် ဆို ခို နဲ့ အယ်လီ တို့ ကတော့ အသင်း နဲ့ လေ့ကျင့် ခန်း အပြည့် ပြန် လည် ပြုလုပ် နေပြီ လို့ သိရ ပါတယ် ။ ဂိုး သမားကြီး လိုရစ် ကတော့ ပေါင် ဒဏ် ရာ ကို ဆက်လက် ကုသ နေ ဆဲ ဖြစ်ပြီး လာမယ့် နိုင်ငံ တကာ ပွဲစဉ် တွေ ပြီးမှ သာ ပြန် ကစား နိုင် ဖို့ ရှိ တယ် လို့ သိရ ပါတယ် ။

လီဗာပူး ကစား သမား တွေ က တော့ မျက် လုံး ဒဏ် ရာ ကြောင့် မျက်မှန် တပ် ကာ လေ့ကျင့်ခန်း ဆင်း နေတဲ့ တိုက် စစ် မှုး ဖာမီနို ကို အဂ္ဂါ ဒါးဗစ် ပြန် လာ ပြီ ( တစ်ချိန် က ကျော်ကြား ခဲ့သည့် နယ်သာလန် ကွင်းလယ် ကစား သမားကြီး ) လို့ နောက် ပြောင် ကျီစယ် နေကြ တယ် လို့ သိရပါတယ် ။

ဝက်စ်ဟမ်း ကစား သမား ၀ီလ် ရှိုင်းယား က တော့ ပြီး ခဲ့တဲ့ ခြေကျင်း ၀တ် ခွဲစိတ် မှု က ဒဏ် ရာ ဟာ အကင်း မသေ သေးဘူး လို့ သိရပြီး ကြံ့ခိုင်မှု ပိုင်း မှာ အနည်းငယ် ပြဿနာ ရှိ နေ ခဲ့ တယ် လို့ ကြားသိ ရပါတယ် ။

ဂျုဗင်တပ် အသင်း ကတော့ ကွင်းလယ်လူ ခီဒီယာ ဟာ ယမန်နေ့ ညက ပွဲမှာ ပေါင် ကြွက်သား ဒဏ် ရာရရှိ ခဲ့ တယ် လို့ အတည်ပြု ထုတ်ပြန် သွားခဲ့ ပါတယ် ။

စီးရီးအေ ရဲ့ သက်တော် ရှည် တိုက်စစ် မှုး တစ်ဦး ဖြစ် ပြီး ၂၀၀၆ ခုနှစ် ကမ္ဘာ့ ဖလား ချန်ပီယံ အီတလီ အသင်း မှာ ပါဝင် ကစား ခဲ့တဲ့ တိုက်စစ်မှုးကြီး ဂီလာဒီနို က တော့ သူ ဟာ ဘောလုံး သမား ဘ၀ ကို အဆုံးသတ် အနားယူ တော့မယ် လို့ ဆုံးဖြတ် လိုက်ပြီ ဖြစ်ကြောင်း ကြေငြာ သွားခဲ့ ပါတယ် ။ တစ်ချိန် က ကွင်းဘေး စည်း မှာ တယောထိုး အောင်ပွဲခံ တဲ့ စတိုင် နဲ့ ဂီလာဒီနို ရဲ့ ပုံရိပ် တွေ ကတော့ အဇူရီ တို့ နဲ့ အတူ ရှိ နေဦးမှာပါ

ယခု အပတ် ကစား ခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် ၁ ရဲ့ အ ကောင်းဆုံး Fantasy Football Team of the Week

ဆက်ဇ်နီ ( ဂျုဗင်တပ် – ၁၂ မှတ် )
မာဆယ်လို ( ရီးရဲ – ၉ မှတ် ) ။ တာ ဂလီယာဖီကို ( အေဂျက် – ၁၇ မှတ် ) ။ ဘိုနူချီ ( ဂျုဗင်တပ် – ၈ မှတ် ) ။ အလာဘာ ( ဘိုင်ယန် – ၉ မှတ် ) ။ ကန်ဆယ်လို ( ဂျုဗင်တပ် – ၈ မှတ် )
ပေါ့ဘာ ( မန်ယူနိုက်တက် – ၁၆ မှတ် ) ။ ယာနစ် ( ဂျုဗင်တပ် – ၁၃ မှတ် ) ။ ဗလာဆစ် ( CSKA – ၁၀ မှတ် )
Krmencik ( ဗစ်တိုးရီးယား ပါလာဇန် – ၁၀ မှတ် ) ။ လီယွန်နယ် မက်ဆီ ( ဘာစီလိုနာ – ၁၄ မှတ် )