Geard Pique

လက်ရှိ အချိန် မှာတော့ PSG နဲ့ ဘရာဇီး စတား နေမာ ဟာ ဘာစီလိုနာ အသင်း ဆီ ပြန်လည် ပြောင်းရွှေ့ လာ နိုင်ဖို့ အတွက် အထူး ရေပန်းစား နေသူ တစ်ဦး ပဲ ဖြစ် ပါတယ် ။ အခုတော့ ဘာစီလိုနာ အသင်း ရဲ့ ဝါရင့် နောက်ခံလူ ဂျာရတ် ပီးကေး က သူဟာ ဒီ ကြားထဲ နေမာ နဲ့ စကား တွေ ပြောဖြစ် ခဲ့ကြောင်း ဖွင့်ဟ သွားခဲ့ ပါတယ် ။

Pique

အထူးသဖြင့် ဥရောပ အပြောင်း အရွှေ့ ကာလ ဟာ စက်တင်ဘာ 2 ရက် နေ့မှာ ပိတ်သိမ်း မှာ ဖြစ်တာ ကြောင့် အပြောင်း အရွှေ့ ကိစ္စ တွေ ပြုလုပ် ဖို့ အချိန် များစွာ မရှိ တော့တဲ့ အတွက် နေမာ ဟာ အမြန်ဆုံး အသင်း ပြောင်းရွှေ့ နိုင်ဖို့ စိတ်အား ထက်သန် နေတာ ပဲ ဖြစ် ပါတယ် ။

လက်ရှိ ထွက်ပေါ် နေတဲ့ သတင်း တွေ အရ တော့ ဘာစီလိုနာ အသင်း ရဲ့ တာဝန် ရှိသူ တွေဟာ ပြင်သစ် မြေကို ရောက်ရှိ နေတယ် လို့ သိရှိ ရပြီး နေမာ ရဲ့ အပြောင်း အရွှေ့ ဖြစ်ပေါ် နိုင်ရေး အတွက် PSG အသင်း ရဲ့ တာဝန် ရှိသူ တွေနဲ့ တွေ့ဆုံ နေတယ် လို့ သိရ ပါတယ် ။ ဒါ့အပြင် ဘာကာ ဟာ နေမာ ကို ခေါ်ယူ နိုင်ဖို့ အလားအလာ ကောင်းမွန် နေတယ် လို့လည်း သတင်း တွေ ထွက်ပေါ် လာခဲ့ ပါတယ် ။

နေမာ ဟာ လွန်ခဲ့တဲ့ နှစ်နှစ် လောက်က ဘာစီလိုနာ မှ ပြင်သစ် မြေဆီ ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ ကြေးနဲ့ ရောက်ရှိ လာခဲ့ သူ ဖြစ်ပြီး အဆင် မပြေ ဖြစ်ခဲ့ ရတာ ကြောင့် အသင်း ပြန်လည် ပြောင်းရွှေ့ လိုနေ ခဲ့တာ ပဲ ဖြစ်ပါတယ် ။ လက်ရှိ အချိန် မှာ သူနဲ့ အသင်း အကြား အနေ အထား တွေက လည်း တိုးတက် ကောင်းမွန် လာဖို့ ရှိ မနေ ပါဘူး ။

အခုတော့ Daily Express ရဲ့ အင်တာဗျူး မှာ အသင်း ဖော် ဟောင်း နေမာ ရဲ့ အပြောင်း အရွှေ့ အကြောင်း အမေး ခံလိုက် ရတဲ့ အချိန် မှာတော့ ဘာကာ နောက်ခံလူ ပီကေး က သူနဲ့ အဆက်အသွယ် ရှိ သလို စကား တွေလည်း ပြောဖြစ် သေးကြောင်း ၊ ဒါပေမယ့် ဒါဟာ ပုဂ္ဂိုလ်ရေး အရ ပဲ ပြောခဲ့ တဲ့ စကား တွေ ဖြစ်ကြောင်း ဖွင့်ဟ သွားခဲ့ ပါတယ် ။

” ဟုတ်တယ် ၊ ကျွန်တော် ဟာ နေမာ နဲ့ စကား တွေ ပြောဖြစ် ခဲ့ ပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့ ပုဂ္ဂိုလ်ရေး အရ စကား တွေပဲ ပြောဖြစ် ခဲ့ကြ တာပါ ။ လက်ရှိ အနေအထား တွေကို တော့ ကျွန်တော် မသိ ပါဘူး ။ ဒါကို သိရှိ နိုင်ဖို့ တစ်ကယ် ပဲ ခက်ခဲ လှ ပါတယ် ”

” အသင်း ဖက်က တော့ သူ့ကို ခေါ်ယူ နိုင်ဖို့ အတော်လေး ကြိုးစား နေတယ် ဆိုတာ ပဲ ကျွန်တော် သိ ပါတယ် ။ ဒါပေမယ့် အဲ့တာ တွေက ထင် သလောက် မလွယ်ကူ ပါဘူး ။ သူဟာ လက်ရှိ ဘာစီလိုနာ အသင်း ရဲ့ ကစားသမား တစ်ယောက် မဟုတ် လို့လေ ။ ကျွန်တော် တို့တွေ ကတော့ သူ ပြန်လာ မယ် ဆိုတဲ့ သတင်း ကို နှစ်သက် သဘောကျ ကြ ပါတယ် ”

” ဒါ့ကြောင့် နောက် တစ်ပါတ် အတွင်း ဘာတွေ ဖြစ်လာ နိုင် မလဲ ဆိုတာ ကိုပဲ ကျွန်တော် တို့ စောင့်ကြည့် ကြရ ပါ တော့မယ် ။ သူ ပြန်လာ နိုင် မလား ဆိုတာ ကိုတော့ ကျွန်တော် တို့ စောင့်ကြည့် ကြရ တာ ပေါ့ဗျာ ” လို့ ပီကေး က ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar