ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်း နည်းပြ ရောဘတ်တို မာတီနက်ဇ် က မန်ချက်စတာ ယူနိုက်တက် အသင်း မှ တိုက်စစ်မှူး ရိုမီရူ လူကာကူ ထွက်ခွာ သွားတဲ့ အတွက် ဝမ်းမြောက် ပျော်ရွှင် မိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒါ့အပြင် အသက် 26 နှစ် အရွယ် တိုက်စစ်မှူး ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း မှာ ဆက်လက် ရှိနေ ဖို့ ပျင်းရိ သွားတာ ကြောင့် အိုးလ် ထရပ်ဖို့ဒ် မှ ထွက်ခွာ ဖို့ ဆုံးဖြတ် ခဲ့တာ ဖြစ်ကြောင်း အဲဗာတန် နည်းပြ ဟောင်းက ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဘယ်လ်ဂျီယံ လက်ရွေးစင် လူကာကူ ဟာ ဒီနွေ အပြောင်း အရွှေ့ အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်း မှ အီတလီ ထိပ်သီး အင်တာ မီလန် အသင်း ဆီ ပေါင် 73 သန်း ဝန်းကျင် နဲ့ ပြောင်းရွှေ့ သွားခဲ့ သူ ဖြစ်ပြီး အသင်း သစ် အတွက် ပထမ ဆုံး ကစား ပေး ခဲ့တဲ့ စီးရီးအေ အဖွင့် ပွဲစဉ် မှာ တစ်ဂိုး သွင်းယူ ပေးနိုင် ခဲ့ ပါတယ် ။

သူဟာ အသင်း သစ် အတွက် ကစား ပေး ခဲ့တဲ့ ရာသီ ကြို ပွဲစဉ် နှစ်ပွဲ မှာလည်း ဂိုးတွေ သွင်းယူ ပေးနိုင် ခဲ့ပါ သေးတယ် ။ အခုတော့ သူဟာ သုံးပွဲဆက် သွင်းဂိုး တွေနဲ့ အတူ ဂိုးသွင်း ကောင်းတဲ့ တိုက်စစ်မှူး ဖြစ်ကြောင်း သက်သေ ပြနေ ခဲ့ပြီ ပဲ ဖြစ် ပါတယ် ။

အခုတော့ အဲဗာတန် နည်းပြ ဟောင်း ဖြစ်တဲ့ ရောဘက်တို မာတီနက်ဇ် က လက်ရွေးစင် အသင်း ရဲ့ နံပါတ် တစ် တိုက်စစ်မှူး ဖြစ်သူ မှ အခုလို ဆုံးဖြတ်ချက် ကို ပိုင်နိုင် စွာ ချမှတ် နိုင်ခဲ့တဲ့ အတွက် ဝမ်းမြောက် မိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ရိုမီလူ ( လူကာကူ ) ဟာ စိန်ခေါ် မှု အသစ် တစ်ခု ကို လိုအပ် နေခဲ့ ပါတယ် ။ တစ်ခါတလေ ကျတော့ ခင်ဗျား တို့ဟာ ကလပ် အသင်း တစ်ခု မှာ ပျင်းရိ သွားတက် ကြတယ် လေ ”

” ကွန်တီ နဲ့ လက်တွဲ အလုပ် လုပ်ခြင်း ၊ အင်တာ ရဲ့ စီမံကိန်း မှာ ပါဝင် နိုင်ခြင်း က သူ့ကို ကျေနပ် စေနိုင် မှာပါ ။ အင်တာ က ဆု ဖလား ကို ဆွတ်ခူး နိုင်ဖို့ ရည်မှန်း နေတယ် လေ ။ အခု လူကာကူ ပြန်လည် ရယ်မော နေတာ ကို ကျွန်တော် တွေ့နေ ရ ပါတယ် ။ အဲ့တာ က ကျွန်တော့် ကိုလည်း ပျော်ရွှင် စေပါတယ် ” လို့ မာတီနက်ဇ် က ပြောကြား သွားခဲ့ ပါတယ် ။

လက်ရှိ အချိန် မှာတော့ ဘယ်လ်ဂျီယံ လက်ရွေးစင် နည်းပြ မာတီနက်ဇ် ဟာ 2020 ယူရို ခြေစစ်ပွဲ အဖြစ် ဆမ်မာရီနို ၊ စကော့တလန် တို့နဲ့ ကစား ရမယ့် အတွက် ပရီးမီးယား လိဂ် ပြိုင်ပွဲ မှ ခြေစွမ်း ထက်မြက် လှတဲ့ ကစားသမား တွေကို အထူး စောင့်ကြည့် နေသူ ပဲ ပါတယ် ။

လက်ရှိ တော့တင်ဟမ် ဟော့ စပါး နည်းပြ ပိုချက်တီနို လက်အောက် မှာ ကောင်းမွန် လှတဲ့ အနေအထား တစ်ခု ကို ပိုင်ဆိုင် နိုင်ခြင်း မရှိ တဲ့ ဗာတွန်ဂမ် ကို မာတီနက်ဇ် က လက်ရွေးစင် အသင်း အတွက် ခေါ်ယူ ဖို့ တွေးတော နေ ပါတယ် ။

” ဂျန် ( ဗာတွန်ဂမ် ) ဟာ လွန် ခဲ့တဲ့ သုံး နှစ်တာ ကာလ အတွင်း ကျွန်တော် တို့ အသင်း အတွက် အမြဲလို ပုံမှန် ခြေစွမ်း ပြသ ထားနိုင် ခဲ့တဲ့ ကစားသမား တစ်ဦး ပါပဲ ”

” ပွဲစဉ် အတွက် သူ ကိုက်ညီ တဲ့ ခြေစွမ်း တွေ ပြသ နိုင်ဖို့ အတွက် ကျွန်တော် တို့ ကြိုးစား ကူညီ ပေး သွားဖို့ စီစဉ် နေကြ ပါတယ် ။ သူဟာ လွန်ခဲ့တဲ့ နှစ်လ အတွင်း မှာလည်း ခြေစွမ်း ကျဆင်း ခဲ့တာ မျိုး မရှိ ခဲ့ဘူး လေ ” လို့ မာတီနက်ဇ် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar