နည်းပြကြီး ဂျာဂန်ကလော့ပ်ရဲ့ လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ခံစစ်အကောင်းဆုံးအသင်း အဖြစ်ရပ်တည်နိုင်ခဲ့ပြီးတိုက်စစ် ပိုင်းစွမ်းဆောင်ရည်မှာလည်း ချန်ပီယံ မန်စီးတီး အသင်းရဲ့နောက်အကောင်းဆုံး အဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။

ယမန် နှစ်ရာသီ မှာ သူတို့ရဲ့ သမိုင်းတလျှောက် ဆဋ္ဌမမြောက် ချန်ပီယံလိဂ် ဆုဖလားကြီးကို ကိုင်မြောက်ခွင့်ရခဲ့တဲ့ လီဗာပူး အသင်းရဲ့ တိုက်စစ် ပိုင်းစွမ်းဆောင်ရည်နဲ့ ခံစစ်ကောင်း တွေကို မျှခြေဖြစ်အောင်စွမ်းဆောင်ပေးနေခဲ့တာကတော့ ဗန်ဒိုက် ဦးဆောင်တဲ့ ခံစစ်အစုအဖွဲ့ဖြစ်ပါတယ်။

ကမ္ဘာ့ဈေးအကြီး ဆုံး ခံစစ်မှူး အဖြစ် လီဗာပူးကို ရောက်လာတဲ့ ဒီဟော်လန်သားကြောင့် လီဗာပူး ခံစစ်က လုံးဝအသွင်ပြောင်းသွားခဲ့တာဖြစ်ပြီး သူ့ရဲ့ ခေါင်းတိုက်ဘောတွေကလည်း အသင်းရဲ့သွင်းဂိုးတွေထဲမှာ ပါဝင်ပတ်သက်နေခဲ့တာဖြစ်ပါတယ်။သူနဲ့အတူခံစစ်အစွန်မှာ တွဲဖက်ကစားတဲ့ ရော်ဘတ်ဆန်နဲ့ အာနိုးတို့ကြောင့် လည်းလီဗာပူးတို့ တိုက်စစ်နဲ့ ခံစစ်စွမ်းဆောင်ရည်ကောင်းကို ရရှိနေတာဖြစ်ပါတယ်။

 

စနေနေ့ မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူး အသင်းက အာဆင်နယ်အသင်းကို ၃ -၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ဒါကြောင့်လည်း ရာသီသစ်မှာ ၃ပွဲကစား ရာနှုန်းပြည့်အနိုင်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်သွားနိုင်ခဲ့ပါတယ်။

အဆိုပါ ပွဲစဉ်ဟာ ဘယ်နောက်ခံလူ ရော်ဘတ်ဆန် အတွက်တော့ လီဗာပူး ကစာသမား ဘဝ အန်ဖီးလ်ကွင်းမှာကစားခဲ့တဲ့ ၄၁ ပွဲမြောက်ပွဲစဉ် ဖြစ်ပြီး ဒီစကော့တလန်သားလေး ရှုံးပွဲတပွဲ တလေတောင် ကြုံတွေ့ထားခြင်း မရှိခဲ့သေးတလည်းဖြစ်ပါတယ်။

ကစားသမားဘဝ တလျှောက်လုံး အန်ဖီးလ်မြေမှာ ရော်ဘတ်ဆန် အရှုံးနဲ့ရင်ဆိုင်ခဲ့ရဖူးတဲ့ ပွဲစဉ်ကလည်း တပွဲသာရှိထားသေးတာဖြစ်ပြီး ဟူးစီးတီး အသင်း အသင်းသား တဦးအဖြစ် လာရောက်ကစား စဉ် မှာ အရေးနိမ့်ခဲ့ရဖူးတာဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၁၇ ခုနှစ်မှာပေါင် ၈.၁ သန်းနဲ့ လီဗာပူး အသင်းကိုရောက်လာအပြီး မှာတော့ အန်ဖီးလ်ဟာ ရော်ဘတ်ဆန် အတွက် အောင်မြေတခုဖြစ်တယ်ဆိုတာကို မှတ်တမ်းကောင်းတွေက ပြသနေခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့် သူ့အတွက် လီဗာပူး ကစားသ မား ဘဝ ဟာပန်းခင်းလမ်းတော့ မဖြစ်ခဲ့ ပဲ ရုန်းကန် ခဲ့ရလို့ မိုရီနိုရဲ့ နောက် အရံတဦး အဖြစ်သာ ပွဲတွေကို ပါဝင်ထားခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့် နည်းပြကြီး ကလော့ပ်ရဲ့ စီမံ အုပ်ချုပ်မှုတွေအောက်မှာ ပထမဦးစားပေး ဘယ်နောက်ခံလူတဦးအဖြစ် တောက်ပလာခဲ့တာဖြစ်ပါတယ်။

ကစားသမား တဦးအတွက် အကောင်းဆုံး အသက်အရွယ် အပိုင်းအခြားဖြစ်တဲ့ ၂၅ နှစ်အရွယ်မှာ ကြံ့ခိုင်မှု ကောင်းကောင်းနဲ့ ကစားနိုင်နေပြီး ကျစ်လစ်တဲ့ ခံစစ်ကစားပုံ နဲ့ အတူ တိုက်စစ်လိုက်ပါရာ မှာ လည်း ပြိုင်ဘက်အသင်းအတွက်ခြိမ်းခြောက်မှု တခုအဖြစ်ရှိနေခဲ့တာဖြစ်ပါတယ်။

စကော့တလန်အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ရော်ဘတ်ဆန်ဟာ ၂၀၁၇ -၁၈ ဘောလုံးရာသီမှာ လီဗာပူးအတွက်လိဂ်ပွဲ ၁၃ပွဲ၊ ချန်ပီယံလိဂ် ၂ပွဲ၊ FA ဖလားပွဲတပွဲကို အိမ်ကွင်းမှာ ကစာပေးခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီမှာတော့ လိဂ်ပွဲ၁၈ပွဲ၊ ချန်ပီယံလိဂ် ၅ပွဲတို့ကို အန်ဖီးလ်မှာကစားပေးထားခဲ့ပါတယ်။

သူ ဟာ ဒီရာသီမှာလည်း နော့ဝှစ်ခ်ျ၊ အာဆင်နယ်တို့ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ၂ပွဲမှာပါဝင်ပေးထားခဲ့ပါတယ်။လီဗာပူး အသင်းသားဘဝ အန်ဖီးလ်မှာ၄၁ ပွဲမြောက်အထိရှံးပွဲမတွေ့ထားသေးတာလည်းဖြစ်ပါတယ်။အန်ဖီးလ်မှာ သူအရှုံးအရသာကိုမြည်းစမ်းခဲ့ရတဲ့ ပွဲကတော့ ၂၀၁၆ စက်တင်ဘာလ မှာ ဟူးစီးတီးအသင်းသားတဦးအဖြစ်လီဗာပူးကို ၅-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်ဖြစ်ပါတယ်။

SM