ခရစ္စတယ် ပဲလေစ့် အသင်း ဥက္ကဌဟောင်း ဆိုင်မွန် ဂျော်ဒန် က အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီ ဟာ အပြောင်းအရွှေ့ပိတ်ခါနီးမှာ ဒေးဗစ်လူးဝဇ် လို အဝတ်လဲခန်းအတွင်း စည်းလုံးမှု ပြိုကွဲစေနိုင်တဲ့ ကစားသမား တစ်ဦးကို အစီအစဉ်မရှိဘဲ ခေါ်လိုက်တာကို မေးခွန်းထုတ် ဝေဖန် သွားခဲ့ပါတယ် ။

 

အာဆင်နယ် အသင်းဟာ အသင်းခေါင်းဆောင် ကော့စီရယ်နီ ထွက်ခွာ သွားတာကြောင့် ဗဟို နောက်ခံလူ တစ်ဦးကို မဖြစ်မနေ ခေါ်ယူဖို့ လိုအပ် ခဲ့ပြီး အပြောင်းအရွှေ့ ပိတ်ခါနီးမှာ ချဲလ်ဆီး အသင်းကနေ ဒေးဗစ်လူးဝဇ် ကို ပေါင် ၈ သန်း နဲ့ ခေါ်ယူ ခဲ့ပါတယ် ။

ပဲလေစ့် ဥက္ကဌဟောင်း ဆိုင်မွန် ဂျော်ဒန် က အာဆင်နယ် အသင်း နောက်တန်း ပြဿ နာတွေ အတွက် ဒေးဗဗစ်လူးဝဇ် ဟာ အဖြေ မဟုတ်ကြောင်း နဲ့ လူးဝဇ် လို တစ်ပါးသူကို အပြစ်ပုံချ တတ်တဲ့ ကစားသမားကို ခေါ်ယူခဲ့တဲ့ လုပ်ရပ်ကို နားမလည် နိုင်အောင် ဖြစ်မိကြောင်း ဆိုပါတယ် ။

ဒေးဗစ်လူးဝဇ် ဟာ ဘန်လေ နဲ့ လီဗာပူး နှစ်ပွဲဆက် ပွဲထွက် ကစားခွင့် ရခဲ့ပြီး အမှားတွေလည်း ကျူးလွန် ခဲ့ပါတယ် ။ ဘန်လေ အသင်း နဲ့ပွဲမှာ သူ့ရဲ့ ပွဲအပေါ် အာရုံ စူးစိုက်မှု နည်းပါးမှုကြောင့် ဂိုးတစ်ဂိုး ပေးခဲ့ ရသလို လီဗာပူး အသင်း နဲ့ ပွဲမှာလည်း သူ့ရဲ့ အမှားကြောင်း ဂိုးနှစ်ဂိုး ခွင့်ပြု လိုက်ရပါတယ် ။

 

ခရစ္စတယ် ပဲလေစ့် အသင်းရဲ့ ဥက္ကဌဟောင်း ဂျော်ဒန်က အာဆင်နယ် နည်းပြ အမ်မရီ ရဲ့ စွမ်းဆောင်ရည် အပေါ် ” အမ်မရီ နဲ့ ပတ်သက်ပြီး အထင်ကြီး စရာ ရှိတာက ဆီဗီလာ အသင်း နဲ့ အတူ ယူရိုပါလိဂ် ယူခဲ့တာပဲ ရှိပါတယ် ။ သူနဲ့ ပတ်သက်ပြီး တခြား မှတ်မှတ်ထင်ထင် ဖြစ်စရာ ဘာမှ မရှိပါဘူး ။ ”

” သူ အာဆင်နယ် အသင်းကို အစီအစဉ် တကျ တည်ဆောက်နေတယ်လို့ အစက ထင်ခဲ့ပေမယ့် လူးဝဇ် ကို ခေါ်လိုက်တဲ့ အချိန်မှာ သူ့မှာ ဘာအစီအစဉ်မှ မရှိဘူးဆိုတာ သွားတွေ့ရပါတယ် ။ ဒီရာသီ ကစားသမား ခေါ်ယူမှု အကောင်းဆုံး အသင်း အဖြစ် အာဆင်နယ် အသင်းကို သတ်မှတ်ထားကြပါတယ် ။ ”

” ဦးနှောက်ရှိတဲ့ လူတိုင်းကတော့ နောက်တန်းကို ဦးဆောင်ဖို့ စံပြ ကစားသမား တစ်ဦး လိုအပ်နေတဲ့ အချိန်မှာ လူးဝဇ် ကို ခေါ်လိုက်တဲ့ လုပ်ရပ်ကို မေးခွန်းထုတ် ကြမှာပါ ။ သူ က အသင်းဖော်တွေကို ပြစ်တင် ဝေဖန် တတ်သလို ပွဲအပေါ် အာရုံစူးစိုက်မှု မရှိဘဲ ပေါ့ပေါ့တန်တန် ကစားတတ်တဲ့ ကစားသမားလေဗျာ ။ ” လို့ ဝေဖန် ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR