ချယ်လ်ဆီး အသင်း ရဲ့ လူငယ် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ဟာ ပြီးခဲ့တဲ့ တန်းတက် နောဝှစ်ခ်ျ အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ ကိုယ်တိုင် ဂိုး ၂ဂိုး သွင်းပြီး သူ့ရဲ့ ဖိအား တချို့ တဝက် ကို လျှော့ချ နိုင်ခဲ့ပါတယ် ။ အေဘရာဟမ် ဟာ လက်ရှိ မှာ တခြား အသင်းဖော် တိုက်စစ်မှူး ၂ဦး ဖြစ်တဲ့ အိုလီဗီယာ ဂျရူး ၊ မစ်ချီ ဘတ်ရှူဝါရီ တို့ကို ကျော်ပြီး လမ်းပတ် ရဲ့ နေရာ ပေးခြင်း ကို ရရှိ နေတဲ့ လူငယ် ကစားသမား လည်း ဖြစ်ပါတယ် ။

အရှေ့ ပွဲစဉ် တွေမှာ သွင်းဂိုး တွေ ရရှိဖို့ ရုန်းကန် နေခဲ့ရတာကြောင့် ချယ်လ်ဆီး အသင်း အတွက် ကစား ပေးဖို့ အရည်အသွေး ပြည့်မှီ ရဲ့လား ဆိုတဲ့ မေးခွန်း ထုတ်မှု တွေကိုလည်း အေဘရာဟမ် တယောက် ရင်ဆိုင် ခဲ့ရပါတယ် ။ သို့ပေမယ့် လည်း ထိုကဲ့သို့ ဝေဖန်မှု တွေကို အေဘရာဟမ် ဟာ နိုင်ပွဲ လိုအပ် နေတဲ့ ချယ်လ်ဆီး အသင်း အတွက် သွင်းဂိုး ၂ဂိုး သွင်းယူကာ ချေဖျက် ပြနိုင် ခဲ့ပါတယ် ။

တန်းတက် အသင်း နောဝှစ်ခ်ျ နဲ့ ရင်ဆိုင် ခဲ့ရတာ ဖြစ်လို့ ဒီထက် ပိုပြီး ခက်ခဲ တဲ့ ပွဲစဉ် တွေမှာ အေဘရာဟမ် ဘာတွေ ဆက်ပြီး စွမ်းဆောင် နိုင်ဦးမလဲ ဆိုတာ ဆက်လက် စောင့်ကြည့် ရမှာ ဖြစ်ပါတယ် ။ Sky Sports ရဲ့ ဘောလုံးပွဲ ဝေဖန်သူ ပေါလ်မာဆင် ကတော့ အေဘရာဟမ် ဟာ ချယ်လ်ဆီး အတွက် ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုး ကို ရရှိ ခဲ့ပြီး ဖြစ်တာကြောင့် လာမယ့် ပွဲစဉ် တွေမှာ သူ့ဆီကနေ နောက်ထပ် သွင်းဂိုး တွေကို ဆက်တိုက် မြင်တွေ့ ရဖို့ ရှိတယ် လို့ ခန့်မှန်း ပြောဆို လိုက်ပါတယ် ။

မာဆင် က ” နောဝှစ်ခ်ျ နဲ့ ပွဲက အေဘရာဟမ် ရဲ့ သွင်းဂိုး ၂ဂိုး ဟာ ချယ်လ်ဆီး အသင်း နဲ့ ချယ်လ်ဆီး လူငယ် အသင်း အတွက် အတော်လေး ကြီးမားတဲ့ အဖြစ်အပျက် လို့ ကျွန်တော် ထင်ပါတယ် ။ ဖိအား တွေ ရှိနေပေမယ့် အေဘရာဟမ် ကို အရဲစွန့် အသုံးပြု ခဲ့တဲ့ ဖရန့် လမ်းပတ် ရဲ့ ဆုံးဖြတ်ချက် ကို လေးစား ရမှာပါ ။ တန်းတက် အသင်း တသင်း နဲ့ ရင်ဆိုင် ခဲ့ဖူးတဲ့ အတွေ့အကြုံ တွေကို ရရှိ ထားတဲ့ အေဘရာဟမ် ကို ပွဲထုတ် ခဲ့တာ ဟာ အတော် ပြောင်မြောက်တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ် ။ ”

” အေဘရာဟမ် ကလည်း ရလာတဲ့ အခွင့်အရေး ကို အသုံးချပြီး ပြိုင်ဖက် ကို ပညာ ပေးနိုင် ခဲ့ပါတယ် ။ အကယ်၍ သူသာ နောဝှစ်ခ်ျ နဲ့ ပွဲမှာ ဂိုးမသွင်း နိုင်ခဲ့ဘူး ဆိုရင် သူ့ကို လူတွေက နောက်ပွဲ တွေမှာ ချယ်လ်ဆီး အတွက် ဂိုးတောင် သွင်းပေး နိုင်ပါ့မလား ဆိုပြီး မေးခွန်း များစွာ ထပ်ထုတ် လာနိုင်ပါတယ် ။ ဒါပေမယ့် သူဟာ ဒီ ဝေဖန်မှု တွေကို ပညာသား ပါပါ တုန့်ပြန် နိုင်ခဲ့ပါတယ် ။ ”

” ဟုတ်ပါတယ် ။ လာမယ့် ပွဲစဉ် တွေမှာ အေဘရာဟမ် ဟာ အခုထက် ပိုကောင်းတဲ့ ခံစစ် ကစားသမား တွေနဲ့ ရင်ဆိုင် ရဖို့ ရှိပါသေးတယ် ။ ဒါပေမယ့် အခု သွင်းဂိုး တွေက သူ့ကို ယုံကြည်မှု ၂ဆ တက်သွား စေပါပြီ ။ ခင်ဗျား သူ့ အကြောင်း သေချာ မသိလိုက်တဲ့ အချိန် မှာပဲ သူဟာ ချယ်လ်ဆီး အတွက် တပတ်ပြီး တပတ် ဂိုးတွေ ပုံမှန် သွင်းပေး သွားပါလိမ့်မယ် ။ ” လို့ သုံးသပ် ပြောဆို ခဲ့ပါတယ် ။

အေဘရာဟမ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ၃ခု ဆက်တိုက် အငှား ထွက် ကစား ခဲ့ရကာ ချန်ပီယံရှစ် မှာ ဘရစ္စတိုးလ် စီးတီး ၊ အက်စတွန် ဗီလာ အသင်း တွေမှာ အထူး ခြေစွမ်း ပြနိုင် ခဲ့ပြီး ကလပ် အသင်း တသင်းစီ ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ် ။ အခု အခါမှာတော့ သူ့ရဲ့ ငယ်ဘဝ အိပ်မက် တွေ ဖြစ်တဲ့ ချယ်လ်ဆီး အသင်း မှာ ပါဝင် ကစား နိုင်ဖို့ ၊ ချယ်လ်ဆီး အတွက် ဂိုးတွေ သွင်းပေးနိုင်ဖို့ ဆိုတဲ့ အခြေအနေ တွေ အားလုံး အကောင်အထည် ပေါ်လာပြီ ဖြစ်ပါတယ် ။

SPORTS MYANMAR