တော့တင် ဟမ် ဟော့စပါး အသင်း ကို ပရီးမီးယားလိဂ် ချန်ပီယံ လောင်း စာရင်း ထဲကနေ ထုတ်ပယ် ထားလို့ ရနေ ပါပြီ လို့ Sky Sports မှာ သုံးသပ် တင်ဆက်သူ အဖြစ် လုပ်ကိုင် နေတဲ့ အာဆင်နယ် ကွင်းလယ်လူ ဟောင်း ပေါလ် မာဆွန် က ပြောဆို သွားခဲ့ ပါတယ် ။ ရာသီသစ် စတင် တာ ၃ ပွဲသာ ရှိသေး ပေမယ့် စပါး ဟာ အဆင့် ၁ က လီဗာပူး နဲ့ ၅ မှတ် အထိ ကွာဟ နေခဲ့ပြီ ဖြစ်ကာ ဒီ အမှတ်ကွာဟ မှု ကို လိုက်နိုင်မှာ မဟုတ်ဘူး လို့ မာဆွန် က ဆိုသွား ခဲ့ ပါတယ် ။

 

စပါး ဟာ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် မှာ တန်းတက် လာတဲ့ အက်စ်တွန် ဗီလာ ကို နောက်ကနေ လိုက် ကစား ခဲ့ပြီး အနိုင် ရရှိခဲ့ ပါတယ် ။ မန်စီးတီး ပွဲမှာ သရေ ကျခဲ့ ပေမယ့် အပြန် အလှန် ကစားနိုင် ခြင်း မရှိခဲ့ ဘဲ ကံဖေးမ မှုကြောင့်သာ သရေ ကျခဲ့တာလို့ သုံးသပ်မှု တွေ ရှိခဲ့ ပါတယ် ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က ကစားခဲ့ တဲ့ နယူးကာဆယ် နဲ့ ပွဲ မှာ တော့ စပါး ဟာ ဧည့်သည် နယူး ကာဆယ် ရဲ့ ဗျုဟာ မှာ အငိုက်မိ ခဲ့ပြီး အိမ်ကွင်း မှာ အရှုံး ရလဒ် နဲ့ ရင်ဆိုင် ခဲ့ရ ပါတယ် ။ ဒီအချိန် မှာ လီဗာပူး ဟာ အာဆင်နယ် အပါ အ၀င် ရာသီ အဖွင့် ၃ ပွဲ စလုံး ကို အနိုင် ကစားပြီး ရမှတ် ၉ မှတ် နဲ့ အဆင့် ၁ နေရာ မှာ ရပ်တည် နေခဲ့ ပါတယ် ။

အာဆင်နယ် အသင်း မှာ ၁၉၉၀ နှစ်များ က ကစားခဲ့တဲ့ ကွင်းလယ်လူဟောင်း ပေါလ် မာဆွန် ကတော့ စပါး ရဲ့ ရလဒ် ပိုင်းသာမက ခြေစွမ်း နဲ့ ပုံစံ တွေ ဟာ ဒီနှစ် ချန်ပီယံ ဆု အတွက် ယှဉ်ပြိုင်မယ့် အသင်း တစ်သင်း အနေ အထားမှာ ရှိမနေ ဘဲ ချန်ပီယံ လောင်း စာရင်း ကနေ ထုတ်ပယ်လို့ ရနေ ပါပြီ လို့ ပြောဆို သွားခဲ့ ပါတယ် ။

“စပါး က နယူး ကာဆယ် ကို အိမ်ကွင်း မှာ ရှုံးနိမ့် လိမ့်မယ် လို့ ကျွန်တော် မထင်မိ ပါဘူး ။ စပါး ဟာ ရာသီ အစ မှာပဲ စိုးရိမ် ပူပန်စိတ်တွေ ၊ အစီအစဉ် မကျမှု တွေ နဲ့ ခရီးဆက် နေရ ပါပြီ ။ ၃ ပွဲ ပဲ ကစားရ သေး ပေမယ့် အဆင့် ၁ နဲ့ ၅ မှတ်တောင် ကွာသွား ခဲ့ ပါပြီ”

“တစ်ချို့ ကတော့ ၃၅ ပွဲ ကျန်သေးတယ် လို့ ပြောချင် ကြမှာပါ ။ ဒါပေမယ့် အဆင့် ၁ နေရာ က လီဗာပူး ဟာ မနှစ် တုန်းက ၁ ပွဲပဲ ရှုံးခဲ့ ပါတယ် ။ လက်ရှိ မှာလည်း ခြေစွမ်း က အကောင်းဆုံး အနေ အထားမှာ ရှိနေ ပါတယ် ။ ဒါကြောင့် အမြင့်ဆုံး မျှော်လင့် နိုင်တာ က သရေပွဲ ပါ ။ စပါးတို့ လီဗာပူး ကို လိုက်မီ ဖို့ ဘယ်နှစ်ပွဲ ကစား ရမှာလဲ ။ တစ်ပွဲ တစ်မှတ် ဆိုရင်တောင် ၅ ပွဲ လောက် လို နေမှာပါ ။ လီဗာပူးက ဒီလောက် ခြေချော် ဖို့ ဆိုတာ မလွယ်ကူ ပါဘူး”

“ရာသီ မစခင် တုန်းက စပါး တော့ ဒီနှစ် ပိုကောင်း လာမယ်လို့ ထင်မိ ခဲ့ ပါတယ် ။ ဒါပေမယ့် သူတို့ ဟာ မနှစ် က ချန်ပီယံလိဂ် ဖိုင်နယ် ကို ရောက်ခဲ့တဲ့ အသင်း နဲ့ တခြားစီ ဖြစ်သွား ခဲ့ပါပြီ ။ လူသစ်တွေ ဖြည့်ထား ပေမယ့် အစီအစဉ် မကျသေး ပါဘူး ။ တကယ်ကို အံ့သြ မိပါတယ်”

“နည်းပြ ပိုချက်တီနို ရဲ့ အတွေး ထဲ မှာ ဘာတွေ ရှိနေလဲ ဆိုတာ ကျွန်တော် မသိပါဘူး ။ အဲရစ်ဆင် ဟာ စပါး ရဲ့ အကောင်းဆုံး ကစား သမားပါ ။ ဖန်တီးနိုင်စွမ်း လည်း အမြင့်ဆုံး ပါပဲ ။ ဒီလို ကစား သမားမျိုး ဟာ အရန်ခုံ မှာပဲ ရှိနေ ပါတယ် ။ ဟယ်ရီကိန်း ရဲ့ အရန် ကိုလည်း မ၀ယ်နိုင် ခဲ့ ပါဘူး ။ ပရီးမီးယားလိဂ် ပြီးဖို့ နောက်ထပ် ၉ လ လိုပါ သေးတယ် ။ စပါးတို့ ဘယ်လို ရှေ့ဆက် မလဲ ဆိုတာ ကျွန်တော် တွေးပြီး ရင်လေး မိပါတယ်”

“ဗီလာ နဲ့ ကစားခဲ့တဲ့ ပွဲ ကတည်းက သူတို့ အခြေ အနေ မကောင်းခဲ့ တာပါ ။ မန်စီးတီး ကို သရေ ကျခဲ့ တယ် ဆိုပေမယ့် ဒါက ကံကောင်းခဲ့တာ လို့ ပြောနိုင် ပါတယ် ။ နယူးကာဆယ် နဲ့ ပွဲမှာတော့ သူတို့ ရဲ့ လစ်ဟာမှု တွေ ကို ရှင်းရှင်း လင်းလင်း မြင်တွေ့ ခဲ့ရ ပါပြီ ။ ဒီပုံစံ နဲ့ သူတို့ မန်စီးတီး ၊ လီဗာပူး ကို ဖိအားပေး နိုင်မှာ မဟုတ်ပါဘူး ။ ၃ ပွဲ ပဲ ကစားရ သေး ပေမယ့် စပါး ကို ချန်ပီယံ လောင်း စာရင်း က နေ ထုတ်ထားလိုက် လို့ ရနေ ပါပြီ”

“အာဆင်နယ် မှာ ကစားခဲ့ လို့ ဒီစကားမျိုး ပြောတာ မဟုတ်ပါဘူး ။ လတ်တလော မှာတော့ စပါး ဟာ ကျွန်တော် စိတ် အပျက်ရ ဆုံး အသင်းပါပဲ” လို့ ပေါလ် မာဆွန် က ပြောဆို သွားခဲ့ ပါတယ် ။ စပါး ဟာ လာမယ့် အပတ် မှာ လန်ဒန် မြို့ခံ ပြိုင်ဘက် အာဆင်နယ် နဲ့ ယှဉ်ပြိုင် ကစား ရမှာ ဖြစ်ပြီး ဂိုးပြတ် ရှုံးလိမ့်မယ် လို့လည်း မာဆွန် က ခန့်မှန်း ပြောဆို သွားခဲ့ ပါတယ် ။

SPORTS MYANMAr