ဗုဒၶဟူး ေန့ က ကစား ခဲ့တဲ့ ပြဲစဥ္ အျပီး ရွံဳးနိမ့္ သြားခဲ့တဲ့ ျပိဳင္ဖက္ ဘာစီလိုနာ အသင္း မွ ကစား သမား ေတြ ရဲ့ တုန့္ျပန္ မွဳ က အရုပ္ဆုိး အက်ဥ္းတန္ ခဲ့တယ္ လို႔ လီဂါနက္စ္ အသင္း ရဲ့ ဂိုးသ မား အိုင္ဗန္ ကူးလား က ထုတ္ေဖာ္ ေျပာၾကား သြား ခဲ့ ပါတယ္ ။
  အဆုိပါ ပြဲစဥ္ ရဲ့ ပထမပိုင္း အေစာပိုင္း မိနစ္ မွာ ဘာစီလိုနာ ဟာ အဓိက ကစားသမား မက္ဆီ ရဲ့ ဂိုး ဖန္တီး ေပးမွဳ က တစ္ဆင့္ ေကာ္တင္ဟို အဆံုးသတ္ ေကာင္းမြန္ ခဲ့တဲ့ အတြက္ အဖြင့္ ဦးေဆာင္ ဂိုး ကို ရရွိ ထားျပီး ပြဲစဥ္ ကို အေကာင္းဆံုး ဦးေဆာင္ ထား နုိင္ခဲ့ ပါတယ္ ။
  သို့ေပမဲ့ ပြဲခ်ိန္ ဒုတိယ ပိုင္း အတြင္း လီဂါနက္စ္ အသင္း ဖက္မွ 69 စကၠန့္ အတြင္း ႏွစ္ဂိုး ျပန္လည္ သြင္းယူ ျပီး ပြဲစဥ္ ကို ဦးေဆာင္မွဳ ရယူ နုိင္ ခဲ့ကာ အံ့အား သင့္ဖြယ္ အနုိင္ ရလာဒ္ ထြက္ေပၚ လာေအာင္ လုပ္ေဆာင္ သြားနုိင္ ခဲ့ ပါတယ္ ။
  အခုလို မိမိ တုိ့ အသင္း ဖက္မွ လက္ရွိ ခ်န္ပီယံ ကို အိမ္ကြင္း မွာ အနုိင္ ယူ နုိင္ ခဲ့တဲ့ အတြက္ ျပိဳင္ဖက္ အသင္း ဖက္မွ ခ်ီးက်ဴး ဂုဏ္ျပဳ စကား ေျပာၾကား ခဲ့သင့္ ေပမဲ့ ကတ္တလန္ သား တုိ့ အဲ့သလုိ မျပဳလုပ္ ခဲ့ၾကတဲ့ အေပၚ လီဂါနက္စ္ အသင္း ရဲ့ ဂိုးသ မား ကူးလား က မေက်မနပ္ ျဖစ္ေန ခဲ့ ပါတယ္ ။
  ” အသင္း တစ္သင္း ရွံဳးနိမ့္ သြားတဲ့ အခါ မွာ အနုိင္ ယူ သြားတဲ့ အသင္း ရဲ့ ေျခစြမ္း ကို အသိအမွတ္ ျပဳတဲ့ အေန နဲ့ ဂုဏ္ျပဳ စကား ေလး ေတာ့ ေျပာၾကား ဖုိ့ လိုအပ္ ပါတယ္ ။ တစ္ခါ တစ္ေလ ေတာ့ သူတုိ့ ေတြ က မလုပ္တက္ ၾက ပါဘူး ”
  ” အခု လည္း သူတုိ့ ေတြ က်ြန္ေတာ္ တုိ့ ကို ဂုဏ္ျပဳ စကား ေလးေတာင္ မေျပာခဲ့ ၾကဘူး ။ က်ြန္ေတာ္ တုိ့ ထဲ က တစ္ေယာက္ ေတာင္ သူတုိ့ ရဲ့ ခ်ီးက်ဴး မွဳ ကို မရရွိ ခဲ့ၾက ပါဘူး ။ ဒါဟာ အေတာ္ ေလး အရုပ္ဆုိး အက်ဥ္းတန္ တယ္ လို့ က်ြန္ေတာ္ ထင္ ပါ တယ္ ” လို့ ကူးလား က ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ ပါတယ္ ။
  အဆုိပါ နုိင္ပြဲ ဟာ လီဂါနက္စ္ အတြက္ ေတာ့ ဒီ ရာသီ အတြက္ ပထမ ဆံုး နုိင္ပြဲ ျဖစ္ခဲ့ ျပီး ဘာစီလိုနာ လို အသင္း မ်ိဳး ကို စတင္ အနုိင္ ကစားရင္း သံုးမွတ္ အျပည့္ ရယူ နုိင္ ခဲ့တဲ့ အတြက္ တစ္ကယ့္ ကို ေပ်ာ္ရႊင္ စရာ ပြဲစဥ္ တစ္ခု ျဖစ္ခဲ့ ရ ပါတယ္ ။
  တစ္ဖက္ မွာ ေတာ့ ဘာစီလိုနာ ဟာ ျပီးခဲ့တဲ့ တစ္ပါတ္ က ဂီရိုနာ ကို 2 – 2 ဆုိ တဲ့ ရလာဒ္ နဲ့ သေရ က်ခဲ့ ျပီးေနာက္ ေနာက္ တစ္ၾကိမ္ အမွတ္ ဆံုးရွံဳး ခဲ့ ရတဲ့ ပြဲစဥ္ ပဲ ျဖစ္ ခဲ့ ရ ပါတယ္ ။
  အဆုိပါ ပြဲစဥ္ တုန္း ကေတာ့ ဘာစီလိုနာ အသင္း ရဲ့ နည္းျပ ျဖစ္သူ အာနက္စတုိ ဗယ္လ္ ဗာဒီ က ပြဲထြက္ ကစား သမား စာ ရင္း မွာ အေျပာင္း အလဲ ေတြ ျပဳလုပ္ ထားခဲ့ျပီး အဓိက တုိက္စစ္မွဴး ဆြာရက္ ၊ ေနာက္ခံလူ ေဂ်ာ္ဒီ အယ္လ္ဘာ တုိ့ကို အနား ေပး ထားခဲ့ ပါတယ္ ။
  အခုလို အေျပာင္း အလဲ ေတြ ျပဳလုပ္ ထားခဲ့ ေပမဲ့ ဘာစီလိုနာ တုိ့ အေပါင္း လကၡဏာ ေဆာင္တဲ့ ေျပာင္းလဲမွဳ မျပဳလုပ္ နုိင္ခဲ့ ၾက ပါဘူး ။ လက္ရွိ အခ်ိန္ မွာ ေတာ့ အနုိင္ ရယူ သြားနိုင္ ခဲ့တဲ့ လီဂါနက္စ္ အသင္း ဟာ တန္းဆင္းဇုန္ ကေန လြတ္ေျမာက္ ေရးအတြက္ စိတ္ဓါတ္ ခြန္အား နဲ့ ယံုၾကည္မွဳ ေတြ ပိုင္ဆုိင္ သြား နုိင္ ခဲ့ ပါျပီ ။
#Sports_Myanmar
Unicode

ရှုံးပွဲ တွေ့ခဲ့ရတဲ့ ဘာစီလိုနာရဲ့ ပွဲအပြီး လုပ်ဆောင်ပုံက အရုပ်ဆိုး အကျဉ်းတန် ခဲ့တယ် လို့ ပြောကြား လိုက်တဲ့ လီဂါနက်စ် ဂိုးသမား #အိုင်ဗန်ကူးလား

================

ဗုဒ္ဓဟူး နေ့ က ကစား ခဲ့တဲ့ ပွဲစဉ် အပြီး ရှံုးနိမ့် သွားခဲ့တဲ့ ပြိုင်ဖက် ဘာစီလိုနာ အသင်း မှ ကစား သမား တွေ ရဲ့ တုန့်ပြန် မှု က အရုပ်ဆိုး အကျဉ်းတန် ခဲ့တယ် လို့ လီဂါနက်စ် အသင်း ရဲ့ ဂိုးသ မား အိုင်ဗန် ကူးလား က ထုတ်ဖော် ပြောကြား သွား ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် ရဲ့ ပထမပိုင်း အစောပိုင်း မိနစ် မှာ ဘာစီလိုနာ ဟာ အဓိက ကစားသမား မက်ဆီ ရဲ့ ဂိုး ဖန်တီး ပေးမှု က တစ်ဆင့် ကော်တင်ဟို အဆုံးသတ် ကောင်းမွန် ခဲ့တဲ့ အတွက် အဖွင့် ဦးဆောင် ဂိုး ကို ရရှိ ထားပြီး ပွဲစဉ် ကို အကောင်းဆုံး ဦးဆောင် ထား နိုင်ခဲ့ ပါတယ် ။

သို့ပေမဲ့ ပွဲချိန် ဒုတိယ ပိုင်း အတွင်း လီဂါနက်စ် အသင်း ဖက်မှ 69 စက္ကန့် အတွင်း နှစ်ဂိုး ပြန်လည် သွင်းယူ ပြီး ပွဲစဉ် ကို ဦးဆောင်မှု ရယူ နိုင် ခဲ့ကာ အံ့အား သင့်ဖွယ် အနိုင် ရလာဒ် ထွက်ပေါ် လာအောင် လုပ်ဆောင် သွားနိုင် ခဲ့ ပါတယ် ။

အခုလို မိမိ တို့ အသင်း ဖက်မှ လက်ရှိ ချန်ပီယံ ကို အိမ်ကွင်း မှာ အနိုင် ယူ နိုင် ခဲ့တဲ့ အတွက် ပြိုင်ဖက် အသင်း ဖက်မှ ချီးကျူး ဂုဏ်ပြု စကား ပြောကြား ခဲ့သင့် ပေမဲ့ ကတ်တလန် သား တို့ အဲ့သလို မပြုလုပ် ခဲ့ကြတဲ့ အပေါ် လီဂါနက်စ် အသင်း ရဲ့ ဂိုးသ မား ကူးလား က မကျေမနပ် ဖြစ်နေ ခဲ့ ပါတယ် ။

” အသင်း တစ်သင်း ရှံုးနိမ့် သွားတဲ့ အခါ မှာ အနိုင် ယူ သွားတဲ့ အသင်း ရဲ့ ခြေစွမ်း ကို အသိအမှတ် ပြုတဲ့ အနေ နဲ့ ဂုဏ်ပြု စကား လေး တော့ ပြောကြား ဖို့ လိုအပ် ပါတယ် ။ တစ်ခါ တစ်လေ တော့ သူတို့ တွေ က မလုပ်တက် ကြ ပါဘူး ”

” အခု လည်း သူတို့ တွေ ကျွန်တော် တို့ ကို ဂုဏ်ပြု စကား လေးတောင် မပြောခဲ့ ကြဘူး ။ ကျွန်တော် တို့ ထဲ က တစ်ယောက် တောင် သူတို့ ရဲ့ ချီးကျူး မှု ကို မရရှိ ခဲ့ကြ ပါဘူး ။ ဒါဟာ အတော် လေး အရုပ်ဆိုး အကျဉ်းတန် တယ် လို့ ကျွန်တော် ထင် ပါ တယ် ” လို့ ကူးလား က ထုတ်ဖော် ပြောကြား သွားခဲ့ ပါတယ် ။

အဆိုပါ နိုင်ပွဲ ဟာ လီဂါနက်စ် အတွက် တော့ ဒီ ရာသီ အတွက် ပထမ ဆုံး နိုင်ပွဲ ဖြစ်ခဲ့ ပြီး ဘာစီလိုနာ လို အသင်း မျိုး ကို စတင် အနိုင် ကစားရင်း သုံးမှတ် အပြည့် ရယူ နိုင် ခဲ့တဲ့ အတွက် တစ်ကယ့် ကို ပျော်ရွှင် စရာ ပွဲစဉ် တစ်ခု ဖြစ်ခဲ့ ရ ပါတယ် ။

တစ်ဖက် မှာ တော့ ဘာစီလိုနာ ဟာ ပြီးခဲ့တဲ့ တစ်ပါတ် က ဂီရိုနာ ကို 2 – 2 ဆို တဲ့ ရလာဒ် နဲ့ သရေ ကျခဲ့ ပြီးနောက် နောက် တစ်ကြိမ် အမှတ် ဆုံးရှံုး ခဲ့ ရတဲ့ ပွဲစဉ် ပဲ ဖြစ် ခဲ့ ရ ပါတယ် ။

အဆိုပါ ပွဲစဉ် တုန်း ကတော့ ဘာစီလိုနာ အသင်း ရဲ့ နည်းပြ ဖြစ်သူ အာနက်စတို ဗယ်လ် ဗာဒီ က ပွဲထွက် ကစား သမား စာ ရင်း မှာ အပြောင်း အလဲ တွေ ပြုလုပ် ထားခဲ့ပြီး အဓိက တိုက်စစ်မှူး ဆွာရက် ၊ နောက်ခံလူ ဂျော်ဒီ အယ်လ်ဘာ တို့ကို အနား ပေး ထားခဲ့ ပါတယ် ။

အခုလို အပြောင်း အလဲ တွေ ပြုလုပ် ထားခဲ့ ပေမဲ့ ဘာစီလိုနာ တို့ အပေါင်း လက္ခဏာ ဆောင်တဲ့ ပြောင်းလဲမှု မပြုလုပ် နိုင်ခဲ့ ကြ ပါဘူး ။ လက်ရှိ အချိန် မှာ တော့ အနိုင် ရယူ သွားနိုင် ခဲ့တဲ့ လီဂါနက်စ် အသင်း ဟာ တန်းဆင်းဇုန် ကနေ လွတ်မြောက် ရေးအတွက် စိတ်ဓါတ် ခွန်အား နဲ့ ယုံကြည်မှု တွေ ပိုင်ဆိုင် သွား နိုင် ခဲ့ ပါပြီ ။

#Sports_Myanmar