ဘာစီလိုနာ အသင်း ရဲ့ ကစားသမား နှစ်ဦး ဖြစ်ကြ တဲ့ ပီကေး နဲ့ ဗီဒယ် တို့ဟာ ဘာစီလိုနာ မှာ ကျင်းပ ခဲ့တဲ့ ဥရောပ ပိုကာ စတား ပြိုင်ပွဲ မှာ ပါဝင် ကစား ခဲ့ ကြပြီး အဆင့် 2 နဲ့ အဆင့် 5 နေရာ ကို ကိုယ်စီ ရယူ နိုင်ခဲ့ ကြ ပါတယ် ။ အဆိုပါ ပြိုင်ပွဲ မှ သူတို့ နှစ်ဦး ပေါင်း ဆုငွေ ယူရို 487410 ကို နိုင်ခဲ့ ကြ ပါတယ် ။

ပီကေး – အဆင့် 2 – ဆုငွေ 352950 ယူရို
ဗီဒယ် – အဆင့် 5 – ဆုငွေ 134460 ယူရို

ဘာစီလိုနာ အသင်း ဟာ ကွင်းလယ်လူ ရာကီတစ် ကို ဂျူဗင်တပ် အသင်း ဆီ တစ် ရာသီ အငှားချ နိုင်ဖွယ် ရှိ နေတယ် လို့ သိရှိ ရ ပါတယ် ။

ပြီးခဲ့တဲ့ တစ်ပါတ်က ဘာစီလိုနာ အသင်း အတွက် အထူး ခြေစွမ်း ကောင်းတွေ ပြသရင်း 2 ဂိုး သွင်း ၊ 1 ဂိုး ဖန်တီး ပေးနိုင် ခဲ့တဲ့ တိုက်စစ်မှူး ဂရစ်ဇ်မန်း ဟာ All Football ရဲ့ တစ်ပါတ်တာ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ် ခံခဲ့ရ ပါတယ် ။

Transfer Markt မှ ချီးမြှင့် လိုက်တဲ့ 2018 – 19 ခုနှစ် လာလီဂါ ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုကို ဘာစီလိုနာ စတား လီယွန်နယ် မက်ဆီ က ရယူ ဆွတ်ခူး သွားနိုင် ခဲ့ ပါတယ် ။

 

ထွက်ပေါ် လာတဲ့ သတင်း တွေ အရ နေမာ ဟာ ဘာစီလိုနာ အသင်း ဆီသာ ပြောင်းရွှေ့ လိုကြောင်း PSG အသင်းကို ပြောကြား ထားတယ် လို့ သိရှိ ရ ပါတယ် ။

လက်ရှိ အချိန် မှာတော့ ဘာစီလိုနာ အသင်း ရဲ့ တာဝန် ရှိသူ တွေဟာ နေမာ ရဲ့ အပြောင်း အရွှေ့ ကိစ္စ ကို သဘော တူညီမှု ရယူ နိုင်ဖို့ ပြင်သစ် မြေကို ရောက်ရှိ နေကြ တယ်လို့ သိရှိ ရပြီး အပြောင်း အရွှေ့ ဖြစ်ပွား ဖို့ နီးစပ် နေပြီ လို့ သတင်း ထွက်ပေါ် လာ ပါတယ် ။

နေမာ ကို ဘာကာ ဆီ ပြန်လည် ပြောင်းရွှေ့ ဖို့ အင်စတာဂရမ် ပေါ်မှာ တိုက်တွန်း ထားတဲ့ ရီဗယ်လ်ဒို ရဲ့ သတင်း ကို နေမာ ရဲ့ ဖခင် က Like ပေးခဲ့ ပါတယ် ။ ဘာစီလိုနာ အသင်း ရဲ့ တာဝန် ရှိသူ တွေဟာ နေမာ နဲ့ မတွေ့ခင် သူ့ရဲ့ ဖခင် နဲ့ အရင် တွေ့ဆုံ ခဲ့ကြ တယ်လို့ သိရှိ ရ ပါတယ် ။

နောက်ဆုံး ထွက်ပေါ် လာတဲ့ သတင်း တစ်ရပ် က PSG အသင်း ဟာ နေမာ အတွက် ဘာစီလိုနာ ရဲ့ ယူရို 170 သန်း ကမ်းလှမ်းမှု ကို လက်ခံ ခဲ့တယ် လို့ သိရှိ ရ ပါတယ် ။ ဘာကာ အသင်း ရဲ့ ဥက္ကဋ္ဌ ဘော့ဒက်စ် က နေမာ ကို ခေါ်ယူ ဖို့ နီးစပ် နေပြီ လို့ အတည်ပြု ခဲ့ ပါတယ် ။

ဘာစီလိုနာ အသင်း ဟာ အသက် 20 နှစ် အရွယ် လူငယ် ကွင်းလယ် ကစားသမား လေး အော်ရီယို ဘက်စ်ကွက် ကို တွမ်တီး အသင်း ဆီ တစ် ရာသီ အငှား ချဖို့ သဘော တူညီမှု ရရှိ ခဲ့ပြီ လို့ သိရှိ ရ ပါတယ် ။

အေဂျက် အသင်း ရဲ့ ဒါရိုက်တာ အိုဗားမားစ် ကတော့ ဒီဂျောင် ဟာ ဘာကာ မှာ အထိုင်ကျ ဖို့ အချိန် အနည်းငယ် ပေးရ လိမ့်မယ် လို့ သုံးသပ် သွားခဲ့ ပါတယ် ။

ဘာစီလိုနာ အသင်း ဟာ နူးကမ့် ကွင်းရဲ့ အရှေ့ မှာ ဂန္ဓဝင် ယိုဟန် ခရိုက်ဖ် ရဲ့ ကြေး ရုပ်ထု ကို ထားရှိ လိုက်ပြီး B အသင်း ကွင်း အမည် ကိုလည်း ယိုဟန် ခရိုက်ဖ် ကွင်းလို့ အမည် ပေးခဲ့ ဂုဏ်ပြု ခဲ့ ပါတယ် ။ အဆိုပါ ဂုဏ်ပြုပွဲ ကိုတော့ မက်ဆီ အပါအဝင် ဘာစီလိုနာ အသင်း သားတွေ ပါ တက်ရောက် ခဲ့ကြ ပါတယ် ။

ဘာစီလိုနာ အသင်း နောက်ခံလူ ပီကေး ကတော့ သူဟာ နေမာ နဲ့ စကား ပြောဖြစ် ခဲ့ကြောင်း ၊ သို့ပေမယ့် ပုဂ္ဂိုလ်ရေး ကိစ္စ တွေကို သာ ပြောဖြစ် ခဲ့ကြောင်း ၊ နေမာ ကို နူးကမ့် ဆီ လာရောက် ကစား စေလို ကြောင်း ပြောကြား သွားခဲ့ ပါတယ် ။

ဘာစီလိုနာ အနေ နဲ့ နေမာ ကို ခေါ်ယူ နိုင်ဖို့ အတွက် အသင်း ရဲ့ လစာ ငွေ ကောင်းတဲ့ ကစားသမား တစ်ဦး ကို ရောင်းချ ရ လိမ့်မယ် လို့ Cope က သုံးသပ် သွားခဲ့ ပါတယ် ။ လက်ရှိ အချိန် မှာတော့ တောင်ပံ တိုက်စစ် ကစားသမား လေး ဒမ်ဘီလီ ဟာ အပြောင်းအရွှေ့ အစိတ်အပိုင်း ဖြစ်သွား ဖို့ ရေပန်း အစားဆုံး ဖြစ်နေ ပါတယ် ။

ပြီးခဲ့တဲ့ ဆောင်း ရာသီ အပြောင်း အရွှေ့ တုန်းက ဘာစီလိုနာ အသင်း ဟာ သူ့ကို ခေါ်ယူ လိုခဲ့ ကြောင့် မေဂျာ လိဂ် စတား ကားလို့စ် ဗီလာ က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ရီဗယ်လ်ဒို ကတော့ ဘာကာ မှ PSG အသင်း ဆီ ပြောင်းရွှေ့ ခဲ့တဲ့ နေမာ အနေ နဲ့ ကတ်တလန်သား ပရိသတ် တွေကို တောင်းပန် လိုပါက တောင်းပန် ဖို့ အချိန် ရှိသေး ကြောင်း ပြောကြား သွားခဲ့ ပါတယ် ။

အိုဆာဆူနာ နဲ့ ကစား ရမယ့် ပွဲစဉ် မှာ ပါဝင် နိုင် မလား ဆိုတာ မက်ဆီ ဒီနေ့ အစမ်းသပ် ခံ ရဖို့ ရှိ နေတယ် လို့ သိရှိ ခဲ့ရ ပါတယ် ။

ဒမ်ဘီလီ ရဲ့ အေးဂျင့် ကတော့ နေမာ ရဲ့ အပြောင် အရွှေ့ ကိစ္စ က သူတို့ နဲ့ ဘာမှ မသက်ဆိုင် ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

* နေမာ ရဲ့ အပြောင်းအရွှေ့ နဲ့ ပတ်သက်လို့ လက်ရှိ အချိန်ထိ သေချာ ရေရာတဲ့ တရားဝင် သတင်း မထွက်ပေါ်သေး ပါဘူး *

လက်ရှိ ရီးယဲ မက်ဒရစ် မှာ ကစား နေတဲ့ ကစားသမား တွေထဲ အကယ်ဒမီ ထွက် ကစားသမား 4 ဦးသာ ရှိ နေတယ် လို့ သိရှိ ရ ပါတယ် ။ အဆိုပါ ကစားသမား တွေ ကတော့ မာရီယာနို ဒီယက်ဇ် ၊ ကာဗာဂျယ် ၊ နာချို နဲ့ လူးကပ်စ် ဗက်ဇ်ကွက် တို့ ပါပဲ ။ လက်ရှိ အချိန် မှာတော့ မာရီယာနို ဟာ အသင်း ပြောင်းဖို့ သတင်းကြီး နေသူ ပဲ ဖြစ်ပါတယ် ။ လက်ရှိ အချိန် မှာတော့ ဆီဗီလား အသင်း ဟာ မာရီယာနို ကို ခေါ်ယူ လိုနေ ပါတယ် ။

ရီးယဲ တိုက်စစ်မှူး ဟောင်း မီဂျာတိုဗစ် က စီ ရော်နယ်ဒို မက်ဒရစ် မှာ လုပ်ဆောင် ခဲ့ သလို မျိုး ဟာဇက် လုပ်ဆောင် ပေးနိုင် လိမ့်မယ် လို့ မျှော်လင့်လို့ မရ နိုင်ကြောင်း ပြောကြား သွားခဲ့ ပါတယ် ။

ရီးယဲ မက်ဒရစ် အသင်း ကတော့ ဂိုးသမား ကေလာ နာဗတ်စ် ကို အသင်း မှာပဲ ရှေ့ဆက် ရှိနေ စေလို ပြီး အပြောင်း အရွှေ့ ကိစ္စ တွေကို ငြင်းဆန် သွားလို နေ ပါတယ် ။

ဘရာဇီး နဲ့ ကစား ရမယ့် ကိုလံဘီယာ ကစားသမား စာရင်း ထဲမှ ဒဏ်ရာ ရရှိ နေတဲ့ ဂျိမ်းစ် ရိုဒရီဂွက်ဇ် ဟာ ချန်လှမ် ထားခံ ခဲ့ရ ပြီး အဆိုပါ နေရာ ကို ကွာဒရာဒို ဝင်ရောက် လာ ပါတယ် ။

ထွက်ပေါ် လာတဲ့ သတင်း အရ ရီးယဲ မှာ ဆက် မရှိ ဖြစ်တော့ ပါက ဇီဒန်း ဟာ PSG အသင်း ဆီ ပြောင်းရွှေ့ နိုင်ဖို့ ဦးစားပေး တွေးတော လာနိုင် တယ်လို့ သိရှိ ရ ပါတယ် ။

နေမာ ကို ခေါ်ယူ ရရှိ နိုင်ခြေ နည်းပါး သွားတဲ့ နောက် ရီးယဲ မက်ဒရစ် အသင်း ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ဖက် ပြန်လည် မြှားဦး လှည့် လာတယ် လို့ ကောလဟာလ သတင်း တစ်ရပ် ထွက်ပေါ် လာ ပါတယ် ။

AS မှ ဖော်ပြ ပေးချက် အရ တော့ ရီးယဲ မက်ဒရစ် အသင်း မှ နေမာ ကို ခေါ်ယူ နိုင်ရေး အတွက် လက်မလျော့ သေးကြောင်း ၊ တနင်္လာ နေ့ ကတည်းက ပြင်သစ် မြေဆီ လျှို့ဝှက် ကင်းထောက် စေလွှတ် ထားကြောင်း ၊ ဘာကာ နဲ့ PSG တို့ အပြောင်း အရွှေ့ ပျက်ပြယ် ခဲ့ ပါက ကြားဝင် လှုပ်ရှား ဖို့ ကြံရွယ် နေကြောင်း သိရှိ ရ ပါတယ် ။

ကိုလံဘီယာ လက်ရွေးစင် အသင်း ရဲ့ ဒါရိုက်တာ အဖွဲ့ဝင် ဟောင်း တစ်ဦး ဖြစ်တဲ့ ဟတ်တာ ဖေဘီယို ခရုဇ် က ဂျိမ်းစ် ဟာ အာရုံ စူးစိုက် မှု နည်းပါး ကြောင်း ၊ ပရော်ဖက်ရှင်နယ် စိတ်ဓါတ် ကင်းမဲ့ နေကြောင်း အပြစ်တင် သွားခဲ့ ပါတယ် ။

ဟာဇက် ဟာ ဗီလာ ရီးယဲ နဲ့ ပွဲစဉ် မှာ အသင်း အတွက် စတင် ကစားပေး နိုင်ဖွယ် ရှိ နေတယ် လို့ သိရှိ ရ ပါတယ် ။ ဒါပေမယ့် နည်းပြ ဇီဒန်း ကတော့ ဟာဇက် ရဲ့ အနေအထား နဲ့ ပတ်သက်လို့ စွန့်စား မှု ပြုလုပ် သွားဖို့ မရှိကြောင်း သိရှိ ရ ပါတယ် ။

ပြီးခဲ့တဲ့ တစ်ပါတ် က အက်သလက်တီကို အသင်း အတွက် တစ်လုံး တည်းသော အနိုင်ဂိုး ကို သွင်းယူ ပေးထား ခဲ့တဲ့ ဗီတိုလို က ပွဲ ကစား ချိန် မိနစ် တွေ ပိုမို ရရှိ လိုကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ ပါတယ် ။

 

ဒဏ်ရာ ပြသနာ ကြုံတွေ့ ခဲ့ ရတဲ့ အေတီကို တိုက်စစ်မှူး ဒီယေဂို ကော်စတာ ဟာ အသင်း နဲ့ ပြန်လည် ပူးပေါင်း ကာ လေ့ကျင့်ရေး ပြုလုပ် နေပြီ လို့ သိရှိ ရ ပါတယ် ။

အေတီကို ရဲ့ လေ့ကျင့်ရေး အစီအစဉ် ကို လွဲချော် ခဲ့တဲ့ နောက် အိန်ဂျယ် ကော်ရီယာ ဟာ မီလန် ကို ပြောင်းရွှေ့ ဖို့ လက် တစ်ကမ်း အလိုကို ရောက်ရှိ နေပြီ လို့ သတင်း တွေ ကျယ်လောင် လာ ပါတယ် ။

အစတုန်းက ကော်ရီယာ အတွက် ပြောင်းရွှေ့ ကြေး ယူရို 55 သန်း အထိ အလိုရှိ နေခဲ့ တဲ့ အေတီကို ဟာ အခု တော့ ကစား သမား အတွက် ပြောင်းရွှေ့ ကြေး လျော့ချ ( ယူရို 40 သန်း ) လိုက်တယ် လို့ သိရှိ ရ ပါတယ် ။

အေတီကို အသင်း ဆီ ပြောင်းရွှေ့ ဖို့ သတင်း ကြီးနေ ခဲ့တဲ့ ရိုဒရီဂို ဟာ ဗလန်စီယာ အသင်း နဲ့ ပြန်လည် လေ့ကျင့်ရေး ပြုလုပ် နေပြီ လို့ သိရှိ ရ ပါတယ် ။

အီဘာ နဲ့ ကစား ရမယ့် ပွဲစဉ် အတွက် ဂျွာအို ဖဲလစ် ၊ အယ်လ် ဗာရို မိုရာတာ နဲ့ ဒီယေဂို ကော်စတာတို့ သုံးဦး အသင့် ရှိနေ ပြီလို့ သိရှိ ရ ပါတယ် ။ ဆီမြွန်နီဟာ သူတို့ သုံးဦး အနက် 2 ဦးကို ရွေးချယ် သွားဖို့ ခေါင်းစား နေတယ် လို့ သိရှိ ရ ပါတယ် ။

အေတီကို အသင်း ရဲ့ တိုက်စစ်မှူး ကာလီနစ် ဟာ ရိုးမား အသင်း ဆီ အငှား ထွက်ခွာ သွားခဲ့ ပါပြီ ။ အဆိုပါ စာချုပ် ထဲမှာ တော့ အပြီးသတ် ခေါ်ယူ ခွင့် ကိုပါ ထည့်သွင်း ချုပ်ဆို ထားတယ် လို့ သိရှိ ရ ပါတယ် ။

#Sports_Myanmar