ပြီးခဲ့တဲ့ ရာသီက အကောင်းဆုံး စွမ်းဆောင်ရည်နဲ့အတူ ဥရောပ ချန်ပီယံ ဖြစ်ခဲ့တဲ့ လီဗာပူး အသင်းရဲ့ ပရိတ်သတ်တွေဟာ ဒီရာသီမှာလည်း ချန်ပီယံလိဂ် ဖလားကိုဆက်လက် ထိန်းသိမ်း နိုင်ဖို့ မျှော်လင့် နေမှာပါ။ ယာဂန်ကလော့ရဲ့ အသင်းဟာ မက်ဒရစ် မှာ တော့တင်ဟမ် ကို ၂ – ၀ နဲ့ အနိုင်ယူကာ ဥရောပ ရဲ့ ၆ ကြိမ်မြောက် ချန်ပီယံ ဖြစ်လာ ခဲ့ပါတယ်။

လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ ၂ ရာသီ စလုံး ဖိုင်နယ် အဆင့်ကို တက်ရောက် နိုင်ခဲ့ပြီး ၂၀၁၈ ကတော့ ရီးရဲယ်မက်ဒရစ်ကို ရှုံးကာ ဒုတိယ ရရှိခဲ့ပါတယ်။ ဒါပေမယ့် စူပါကွန်ပြူတာရဲ့ ခန့်မှန်းချက် အရ ကတော့ ကြိုးကြာနီ တို့ဟာ ဒီတစ်ကြိမ်မှာတော့ ကွာတားဖိုင်နယ် အဆင့် ကနေ စောစောစီးစီး ထွက်ရမယ်လို့ သိရပါတယ်။

BT Sport ရဲ့ The Script ဟာ လာမည့် မနက်ဖြန် ချန်ပီယံလိဂ် မဲခွဲပွဲ မတိုင်မီ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ လမ်းကြောင်း ဘယ်လို ဖြစ်လာမလဲ ဆိုတာ ခန့်မှန်း ပေးလိုက်ပါတယ်။ လီဗာပူး ၊ ချဲလ်ဆီး နဲ့ မန်စီးတီး အသင်းတို့ အားလုံးဟာ ရှုံးထွက်အဆင့်ကို တက်ရောက် သွားမယ်လို့ ခန့်မှန်း ထားပြီး ပရီးမီးယားလိဂ် ချန်ပီယံဟာ ရီးရဲယ်မက်ဒရစ် အသင်းကို ၂ ကျော့ပေါင်း ရလဒ်နဲ့ ရှုံးကာ ဒီအဆင့်ကနေပဲ နှုတ်ဆက် ရမယ်လို့ သိ၇ပါတယ်။

ချဲလ်ဆီးကတော့ ဒေါ့မွန် အသင်းကို ကပ်ပြီး အသာ ရသွားမှာ ဖြစ်ပြီး လီဗာပူး ကလည်း ရက်ဘူးဆဲလ်ဘတ်ကို ကျော်ဖြတ်ကာ နောက်တဆင့် ကို တက်မယ်လို့ ခန့်မှန်းထား ပါတယ်။ ဒါပေမယ့် နောက်ဆုံး ရှစ်သင်းအဆင့် မှာတော့ ဘာစီလိုနာဟာ ပြီးခဲ့တဲ့ ရာသီက အန်ဖီးမှာ ရှုံးနိမ့် ခဲ့မှုကို ပြန်လည် လက်စားချေကာ လီဗာပူးကို လီယွန်နယ် မက်ဆီရဲ့ သွင်းဂိုးတွေနဲ့ ဖြုတ်ချ နိုင်လိမ့်မယ်လို့ ခန့်မှန်း ထားပါတယ်။

ချဲလ်ဆီး အသင်းကလည်း ကွာတားဖိုင်နယ်မှာ ရီးရဲယ်ကို ရှုံးကာ ထွက်ခွာ ရမယ်လို့ သိရပြီး အီဒင်ဟာဇက်ဟာ အသင်းဟောင်းနဲ့ ပွဲမှာ တောက်ပလိမ့်မယ်လို့ ဆိုထားပါတယ်။ ဒါ့ကြောင့်လည်း EL Calsico ဆီမီးဖိုင်နယ်ကို အားလုံးမြင်တွေ့ သွားရမှာ ဖြစ်ပြီး ရီးရဲယ် အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ဟာ နူးကမ့်မှာ ဘာကာကို ဂိုးသွင်းမယ်လို့ မှန်းဆ ခဲ့ပါတယ်။

ရီးရဲယ်ဟာ နှစ်ကျော့ပေါင်းမှာ ဘာကာကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲ တက်သွားမယ်လို့ သိရပြီး ဖိုင်နယ်မှာတော့ ဘိုင်ယန်မြူးနစ်ကို ၃-၂ နဲ့ အနိုင်ယူကာ ချန်ပီယံလိဂ်ဖလားကို ၁၄ ကြိမ်မြောက် ဆွတ်ခူး သွားမယ်လို့ ခန့်မှန်း ထားပါတယ်။ အစ္စတန်ဘူက အောင်မြင်မှုကြောင့် ဇိဒန်းဟာ ကာလို အန်ဆယ်လော့တီ နဲ့ ဘော့ပရက်စလေ တို့ကို ကျော်ဖြတ်ကာ ဥရောပ ဖလား သမိုင်းမှာ အအောင်မြင်ဆုံး နည်းပြ ဖြစ်လာမယ်လို့ ခန့်မှန်း သွားပါတယ်။

လီယွန်နယ်မက်ဆီ ဟာ ဆိုရင်လည်း ချန်ပီယံလိဂ် ခေတ်မှာ ၁၀ကြိမ်မြောက် ဟက်ထရစ်ရတဲ့ ပထမဦးဆုံး ကစားသမား ဖြစ်လာပြီး ၁၁ ကြိမ် နဲ့ အဆုံးသတ် မယ်လို့ မှန်းထားပါတယ်။ ဒါ့အပြင် ဘာစီလိုနာရဲ့ အိမ်ကွင်း ၃၇ ပွဲဆက် မရှုံးထားတဲ့ ချန်ပီယံလိဂ် မှတ်တမ်းဟာ ရီးရဲယ်မက်ဒရစ် တို့ရဲ့ နူးကမ့်မှာ ၃ – ၀ နဲ့ အနိုင်ကစားမှုနဲ့ အတူ ရပ်တန့် သွားမယ်လို့ သိရပါတယ်။

ဆာဂျီယိုအဂွေးရိုးဟာ အင်္ဂလန် ကလပ်တွေထဲမှာ ချန်ပီယံလိဂ် သွင်းဂိုး အများဆုံး ဖြစ်သူ ဒီဒီယာဒရော့ဘာ ကို ကျော်ဖြတ်ကာ သွင်းဂိုး ၃၈ ဂိုးနဲ့ ထိပ်ဆုံးနေရာကို ရောက်လာမယ်လို့ ခန့်မှန်းထားပြီး ခရစ်စတီယာနို ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်မှာ မတူညီတဲ့ အသင်း ၃၅ သင်းကို ဂိုးသွင်း နိုင်တဲ့သူ ဖြစ်လာကာ ရာအူးရဲ့ စံချိန်ကို ကျော်ဖြတ် သွားမယ်လို့ ခန်မှန်း သွားခဲ့ပါတယ်။

စူပါကွန်ပြူတာရဲ့ ချန်ပီယံလိဂ် ဖိုင်နယ် သွားရာ လမ်းကြောင်း ခန့်မှန်းမှု ကတော့ ..

၁၆ သင်း ရှုံးထွက် အဆင့် (နှစ်ကျော့ပေါင်း ရလဒ်)
ရီးရဲယ်မက်ဒရစ် ၇ – ၅ မန်စီးတီး
ဒေါ့မွန် ၁ – ၂ ချဲလ်ဆီး
ဘာစီလိုနာ ၃ – ၁ အင်တာမီလန်
လီဗာပူး ၄ – ၃ ရက်ဘူးဆဲလ်ဘတ်
ဘိုင်ယန်မြူးနစ် ၃ – ၁ အက်သလက်တီကို
ပီအက်ဂျီ ၃ – ၂ ရှက်တာဒိုးနက်
ယူဗင်တပ် ၅ – ၃ ဗလင်စီယာ
လီယွန် ၂ – ၂ အတ္တလန်တာ

ကွာတားဖိုင်နယ် (နှစ်ကျော့ပေါင်း ရလဒ်)
ရီးရဲယ်မက်ဒရစ် ၄ – ၂ ချဲလ်ဆီး
ဘာစီလိုနာ ၂ – ၀ လီဗာပူး
ဘိုင်ယန်မြူးနစ် ၃ – ၂ ပီအက်ဂျီ
ယူဗင်တပ် ၂ – ၁ လီယွန်

ဆီမီးဖိုင်နယ် (နှစ်ကျော့ပေါင်း ရလဒ်)
ရီးရဲယ်မက်ဒရစ် ၅ – ၂ ဘာစီလိုနာ
ဘိုင်ယန်မြူးနစ် ၃ – ၀ ယူဗင်တပ်

ဖိုင်နယ်
ရီးရဲယ်မက်ဒရစ် ၃ – ၂ ဘိုင်ယန်မြူးနစ်

SM