Lampard

ချဲဆီးလ် အသင်းရဲ့ ကွင်းလယ်လူတဦး ဖြစ်တဲ့ ဂျော်ဂျင်ဟိုဟာ နည်းပြဟောင်း ဆာရီရဲ့ ခေါ်ယူမှုနဲ့ အတူစတန်းဖို့ဒ်ဘရစ်ခ်ျ ကိုရောက်လာခဲ့တာဖြစ်ပါတယ်။နာပိုလီအသင်းနဲ့အတူစီးရီးအေ မှာခြေစွမ်းကောင်းပြသနိုင်ခဲ့တဲ့ ဒီအီတလီကွင်းလယ်ကစားသမားဟာ အင်္ဂလန်မြေမှာတော့ ပုံစံကောင်းရဖို့ ရုန်းကန် ခဲ့ရတာဖြစ်ပါတယ်။

သူ့ရဲ့ ချဲဆီးလ် ကစားသမား အစဟာ ထင်သလောက် လွယ်ကူချောမွေ့ခဲ့တာမျိုးမဟုတ်ခဲ့ပဲ ပရိသတ်တွေရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး အသုံးပြုနေခဲ့တဲ့ ဆာရီကြောင့်သာ ပွဲကစားခွင့်တွေရနေခဲ့တာဖြစ်ပါတယ်။သူရဲ့ ဆိုးဆိုးရွားရွား ခြေစွမ်း နဲ့ အမှားတချို့ကြောင့် အသင်းကနေ ထွက်သွားဖို့ အထိ ပရိသတ်တွေရဲ့ တောင်းဆိုခြင်းကို ခံထားခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် အသက် ၂၇ နှစ်အရွယ်ဒီဘရာဇီးလ် နိုင်ငံဖွား ကစားသမားဟာ နောက်ပိုင်းမှာတော့တည်ငြိမ်တဲ့ ခြေစွမ်းကောင်းတချို့ကို ပြသလာနိုင်ခဲ့ပြီး အမာခံပရိသတ် တချို့ရဲ့ အားပေးမှုကိုတောင်ရရှိနေပြီဖြစ်ပါတယ်။နည်းပြသစ်ဖြစ်တဲ့ လမ်းပတ်က လည်း ကွင်းလယ်အထိုင် နေရာမှာ သူ့ကိုပဲ ပွဲတိုင်းအသုံးပြုနေပြီဖြစ်ပါတယ်။

ဒါ့အပြင်အခုလို ဝေဖန်ပြစ်တင်မှုတွေကို ကျော်လွှားနိုင်ခဲ့ပြီးပုံမှန် ခြေစွမ်းကောင်းရလာနေတဲ့ ဂျော်ဂျင်ဟိုကို နည်းပြ လမ်းပတ်က ချီးကျူးသွားခဲ့ပါတယ်။သူလို့ ကစားသမား မျိုးကို ပိုင်ဆိုင်ခွင့် ရထားတာ ဟာ ကံကောင်းတာကြောင့်ဖြစ်တယ်လို့ လည်း လမ်းပတ်ကဆိုပါတယ်။

Sky Sports နဲ့ အင်တာဗျူး မှာ လမ်းပတ်က – ” ဂျော်ဂျင်ဟို ဆီမှာ ကျွန်တော် ဘာကို မြင်တွေ့ထားခဲ့ရလဲ ဆိုတော့ သူ့ရဲ ဘောလုံးပေးပို့ မှုအရည်အသွေးပဲဖြစ်ပါတယ်။ကျွန်တော်ကလည်း သူ့ရဲ့ အဝေးဘော ပေးပို့မှု တွေကို မြင်တွေ့ချင်တာဖြစ်ပါတယ်။

သူဟာ လီဗာပူး နဲ့ ပွဲမှာ ဆိုရင် ကောင်းမွန်တဲ့ ဘောလုံး ဖြတ်တင်ပေးပို့မှုတွေ လုပ်နိုင်ခဲ့ပြီး သူဒါတွေ လုပ်ဆောင်နိုင်တယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။သူဟာ သူ့ကိုတောင်းဆိုတဲ့ အရာတွေကို လုပ်ပေးနိုင်ပြီး လုပ်ပေးဖို့ ဆန္ဒပြင်းပြ သူဖြစ်ပါတယ်။

သူ့ရဲ့ အားကစားစိတ်ဓာတ်နဲ့ သူ့ရဲ့ လေ့ကျင့်ပုံ ကစားပုံတွေကို ကျွန်တော် ချစ်မြတ်နိုးပါတယ်။ကျွန်တော်ကတော့ ဒါမျိုးကို သူ အမြဲဆက်လုပ်နေစေချင်ပြီး အများကို လည်း ကူးဆက်စေချင်ပါတယ်။ဒါဟာ တကယ်ကို အရေးကြီးပါတယ်။

ကျွန်တော်သူ့ကို ပြီးခဲ့တဲ့ နှစ်ကတည်းက စောင့်ကြည့် ခဲ့တာဖြစ်ပြီး ကျွန်တော့်အမြင် အရတော့သူဟာ အဲ့ဒီရာသီကို ကောင်းကောင်းအဆုံးသတ်နိုင်ခဲ့ပါတယ်။ဒါပေမယ့် ကစားသမား တယောက်ကို တနေ့ပြီး တနေ့ မြင်တွေ့နေမှပဲ သူ့အကြောင်းကိုတကယ်သိနိုင်တာဖြစ်ပါတယ်။

Lampard

ကျွန်တော် ဒီကို စတင်ရောက်လာပြီး ပထမဆုံးပြုလုပ်တဲ့ လေ့ကျင့်ခန်း အစီအစဉ် မှာပဲ သူက သူ့ရဲ့ အရည်အသွေးနဲ့ စိတ်နေသဘောထားကို ချက်ချင်းဆိုသလို ပြသခဲ့ပါတယ်။ဂျော်ဂျင်ဟို လိုကစားသမားမျိုး ပိုင်ဆိုင်ခွင့်ရတာဟာကံကောင်းလို့ ပဲဖြစ်ပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။

နည်းပြ လမ်းပတ်ရဲ့ ချဲဆီးလ် အသင်းဟာ ရာသီသစ်ပရီးမီးယားလိဂ်မှာ ၃ပွဲ ကစား ထားအပြီး ရမှတ် ၄မှတ်နဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။သူတို့ဟာ လာမယ့် ပွဲစဉ်မှာတော့ တန်းတက်ရှက်ဖီးလ် ယူနိုက်တက် အသင်းကို စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ဧည့်ခံသွားရမှာဖြစ်ပါတယ်။