မေဂျာလိဂ် ကလပ် LA Galaxy အသင်း မှာ ကစား နေတဲ့ ဆွီဒင် တိုက်စစ်မှုး ဟောင်း ဇလာတန် အီဘရာ ဟီမိုဗစ်ခ်ျ က ဒီစီ ယူနိုက်တက် အသင်း တိုက်စစ်မှုး ၀ိန်းရွန်းနီ ရဲ့ အင်္ဂလန် မြေ ပေါ် ပြန်လည် ခြေချမှု နဲ့ ပတ်သက် ပြီး အံ့အား သင့်စရာ မရှိ ပါဘူး လို့ ဆိုသွား ခဲ့ ပါတယ် ။ ဒါ့အပြင် မေဂျာလိဂ် ကို တာဝန်ယူ ကိုင်တွယ် နေတဲ့ ဒိုင်တွေ ရဲ့ အရည် အသွေး နည်းပါးမှု နဲ့ ပတ်သက်ပြီး ၀ိန်းရွန်းနီ ပြောဆိုခဲ့မှု ကို လည်း ထောက်ခံ သွားခဲ့ ပါတယ် ။

ရွန်းနီ ဟာ ပြီးခဲ့တဲ့ ရာသီ က မေဂျာလိဂ် ကလပ် ဒီစီ ယူနိုက်တက် မှာ ကစား ပေးခဲ့ပြီး လာမယ့် ဇန်န၀ါရီ မှာတော့ အင်္ဂလန် ကို ပြန်ကာ ချန်ပီယံရှစ် ကလပ် ဒါဘီ ကောင်တီ အသင်းရဲ့ ကစား သမား – နည်းပြ အဖြစ် သွားရောက် လုပ်ကိုင် တော့မှာ ဖြစ်ပါတယ် ။

ဇလာတန် ကတော့ ရွန်းနီ ထက် မေဂျာလိဂ် ကို အရင် ရောက်နှင့် နေခဲ့သူ ဖြစ်သလို LA Galaxy မှာ လည်း အဆင်ပြေ ပြီး ဂိုးတွေ သွင်းပေး နေသူ ဖြစ်ပါတယ် ။ ဒါပေမယ့် ဇလာတန် ဟာ လည်း မေဂျာလိဂ် ဒိုင် တွေ နဲ့ ပတ်သက် လို့ စိတ်တိုင်း ကျခြင်း မရှိဘဲ ၀ိန်း ရွန်းနီ ပြောဆို ခဲ့မှု ကို ထောက်ခံ သွားခဲ့ ပါတယ် ။

“သူ အင်္ဂလန် ကို ပြန်သွား ဖို့ ဆုံးဖြတ်တာ နဲ့ ပတ်သက်ပြီး ကျွန်တော် လုံးဝ မအံ့သြ မိပါဘူး ။ သူ ဒီကို ရောက်လာတယ် ၊ ကြိုးစား ပြခဲ့တယ် ၊ အကောင်းဆုံး လုပ် ခဲ့တယ် ၊ စိတ်ရှည် သည်းခံ ပေးခဲ့ ပါတယ် ။ ကျွန်တော် ဆိုရင် သူ့ ထက် တောင် ပိုပြီး ခက်ခဲ ခဲ့ ပါတယ် ။ ကျွန်တော် က သူ့ ထက် အသက်ပိုကြီး တယ်လေ ။ ဒါပေမယ့် ဒီမှာတော့ ကျွန်တော် က ပိုပြီး လွှမ်းမိုး ထားနိုင် ခဲ့ ပါတယ်”

“ဒီက ဒိုင်တွေ က ဥရောပ ကလို မဟုတ်ပါဘူး ။ သူတို့ မှာ လိုအပ် ချက် တွေ အများကြီး ရှိနေကြ ပါတယ် ။ သင်တန်း ကို ပြန်သွား ပြီး သင်ခန်းစာ တွေ ပြန်လေ့လာ ဖို့ တောင် လိုအပ် နေပါတယ် ။ မေဂျာလိဂ် ဟာ တိုးတက်မှု တွေ ပြသ နေတဲ့ ပြိုင်ပွဲပါ ။ ဒီအချိန် မှာ အရာအားလုံး တိုးတက် လာသင့် ပါတယ်”

“LAFC နဲ့ သရေ ကျခဲ့တဲ့ ပွဲ ကို ကိုင်တဲ့ ဒိုင် က သိပ်ဆိုး ပါတယ် ။ သူ့ အနေနဲ့ အင်္ဂလိပ် ဒိုင် တစ်ယောက်ယောက် ဆီ က သင်ယူသင့် ပါတယ် ။ ကျွန်တော် တစ်ယောက် ယောက် ကို ထိမိ လိုက်တိုင်း အဲ့ဒီ ကစား သမား က သုသာန် ကို ရောက်သွားတဲ့ အတိုင်းပါပဲ ။ ပွဲတာဝန်ယူမှု အပိုင်းမှာ မေဂျာလိဂ် က တိုးတက်ဖို့ အများကြီး လိုပါသေးတယ်” လို့ ဇလာတန် က ပြောဆို သွားခဲ့ ပါတယ် ။

ဒါ့အပြင် ဇလာတန် က သူ ဟာ မန်ချက် စတာ ယူနိုက်တက် ပွဲတွေ ကို ကြည့်ဖြစ် နေဆဲ ဖြစ်သလို ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဘာ နဲ့ လည်း စကားပြောဆို ဆက်သွယ် မှု ရှိနေဆဲ ဖြစ်ပါတယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

ဇလာတန် ဟာ မန်ချက်စတာ ယူနိုက်တက် မှာ ၁ ရာသီခွဲ ကစားခဲ့ ပြီး ပထမရာသီ အပြည့် မှာ အသင်းရဲ့ အား အထားရဆုံး ဂိုးသွင်းရှင် ဖြစ်ခဲ့ ပါတယ် ။ အဆိုပါ ရာသီကုန် ခါနီးမှာ ရရှိ ခဲ့တဲ့ ဒဏ်ရာ ကြောင့် ဇလာတန် ဟာ ဒုတိယ ရာသီ မှာတော့ ပွဲ ကစားရမှု နည်းပါး သွားခဲ့ပြီး ဇန်န၀ါရီ မှာတော့ LA Galaxy ထံ ပြောင်းရွှေ့ သွားခဲ့ တာပဲ ဖြစ် ပါတယ် ။

ဒါပေမယ့် အသက် ၃၇ နှစ် ရှိပြီ ဖြစ်တဲ့ တိုက်စစ်မှုးကြီး ကတော့ သူ ဟာ အင်္ဂလန် ပရီးမီယားလိ၈် မှာ ပြန်ပြီး ကစား ပေးနိုင် ဖို့ လုံလောက်တဲ့ အရည် အသွေး တွေ ပိုင်ဆိုင် ထားတယ် လို့ ယုံကြည် ထားကြောင်း လည်း ပြောဆို သွားခဲ့ ပါတယ် ။

SPORTS MYANMAR