မနေ့ညက ပဲ အင်္ဂလန်မှာ သက်တမ်း 134 နှစ် ရှိပြီ ဖြစ်တဲ့ ဘာရီ အသင်းဟာ တရားဝင် ဖျက်သိမ်းလိုက်ရတဲ သတင်းကြောင့် ကမ္ဘာ့ဘောလုံး ပရိသတ်တွေ တော်တော်လေး အံ့အားသင့်သွားခဲ့ကြပါတယ်။

နှစ်ပေါင်း 100 ကျော် ဖြတ်ကျော်လာခဲ့ အပြီးမှ ၊ အခုလို ဖျက်သိမ်းခံလိုက်ရတာဟာ သူတို့ အသင်းရဲ့ ပရိသတ်တွေ အတွက်လဲ တော်တော်လေးကို ကြေကွဲဖို့ ကောင်းမှာပါ။

နောက်ထပ် ဘာရီ လို အဖြစ်မျိုးနဲ့ ရင်ဆိုင်နေရတဲ့ အင်္ဂလန် ကလပ်တစ်ခုလဲ ရှိနေပြန်ပါတယ်။ ဒီအသင်းကတော့ ကျနော်တို့ မြန်မာပြည်က ပရိသတ်တွေ နဲ့ မစိမ်းကားသလို ၊ တစ်ချိန်က ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အမြင့်ဘောတွေ အားပြုရင်း ဖျက်မြင်း အဆင့်ထိ ခြေစွာခဲ့ဖူးတဲ့ ဘော်လ်တန် အသင်း ဖြစ်ပါတယ်။

ဘာရီ နည်းတူ ဘော်လ်တန်ဟာလဲ ငွေကြေး အခက်ခဲပေါင်း များစွာနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပြီး ၊ EFL က နောက်ဆုံး သတိပေးချက် အဖြစ် 2 ပတ် သတ်မှတ်ပေးလိုက်ပြီ ဖြစ်ကာ ၊ စက်တင်ဘာလ 12 ရက် နေ့ မတိုင်ခင် ပိုင်ရှင်သစ်ထံ လွှဲပြောင်း နိုင်ခြင်း မရှိပါက အသင်းကို တရားဝင် ဖျက်သိမ်းပေးရတော့မှာ ဖြစ်ပါတယ်။

ဘော်လ်တန်ဟာ 2005 နဲ့ 2007 ခုနှစ် တွေမှာ ပရီးမီးယားလိဂ် ရဲ့ အဆင့် 6 နဲ့ 7 နေရာတွေ ကို ရပ်တည်နိုင်ခဲ့ပြီး ၊ အဲဒီ အချိန်က နည်းပြ ဖြစ်ခဲ့တဲ့ ဆမ်အလာဒွိုက်စ် က ဥက္ကဌ ဂါစီဒီ ကို ဥရောပ ပြိုင်ပွဲတွေ အထိ ရည်မှန်းပြီး လုပ်ဆောင်ကြဖို့ အကြံပေးခဲ့ဖူးတဲ့ အသင်း ဖြစ်ပါတယ်။

သို့သော် လက်ရှိမှာတော့ တရားဝင် ပွဲ ယှဉ်ပြိုင် ကစားဖို့ စီနီယာ ကစားသမားက 4 ဦးသာ ကျန်ရှိတော့သလို ၊ အဲဒီ အထဲက 2 ဦးက ဂိုးသမားတွေ ဖြစ်နေပါတယ်။ မန်နေဂျာ ပါ့ကင်ဆွန်ကတော့ မကြာခင်ကပဲ ရာထူးကနေ နှုတ်ထွက် သွားပြီ ဖြစ်ပြီး တာမို့ ၊ လက်ရှိ အသင်းမှာ နည်းပြမယ့်သူလဲ မရှိတော့ ပါဘူး။

နောက်ဆုံး ကစားခဲ့တဲ့ 3 ပွဲ ဆက်တိုက် 5 ဂိုးအထိ ပေးပြီး ရှုံးနိမ့်ထားသလို ၊ ပရိသတ် ၀င်ရောက်မှု ကလဲ သမိုင်းကြောင်း တစ်လျှောက် အနည်းဆုံး စံချိန် ဖြစ်တဲ့ 5500 သာ ရှိတော့တာပါ။

ဒွန်ကပ်စတာ နဲ့ ကစားဖို့ လုပ်ဆောင်ဖို့ ပြင်ဆင်ခဲ့တဲ့ ပွဲစဉ်မှာတော့ ဘောလ်တန်ဟာ အကယ်ဒမီက ကစားသမားလေးတွေ ကိုပဲ အလွန်အကျွံ ထည့်သွင်းက ပွဲထွက်လာခဲ့တာကြောင့် ၊ ပြိုင်ပွဲ တာဝန်ရှိသူတွေက ပွဲကို ရပ်ဆိုင်းကာ အချိန်ရွေ့ပေးလိုက်ရပါတယ်။

အဲဒီလို အခက်အခဲပေါင်း များစွာနဲ့ ရင်ဆိုင်နေရတဲ့ ဘော်လ်တန်ဟာ လက်ရှိ အသင်းမှာ ကျန်နေတဲ့ ကစားသမား အနည်းငယ် နဲ့ ၀န်ထမ်းတွေကိုလဲ လစာ ပေးချေနိုင်ခြင်း မရှိတာက 5 လ ကျော် ကြာဖြင့်ခဲ့ပြီ ဖြစ်ပါတယ်။

စီနီယာ ကစားသမား အများစုကို ရောင်းချပြီး အကြွေးဆပ်ခဲ့ပေမယ့် ၊ စုစုပေါင်း ပမာဏရဲ့ 5% ကိုသာ ကာမိခဲ့တယ်လို့လဲ သတင်းတွေက ဆိုပါတယ်။

ဒါကြောင့် ဘော်လ်တန်ဟာ လက်ရှိမှာတော့ သူတို့ အသင်းကို လွှဲပြောင်းရယူမယ့် ပိုင်ရှင်သစ် ၊ လုပ်ငန်းသစ် တစ်ခုကို အပူတပြင်း ရှာဖွေနေခဲ့ပြီ ဖြစ်ပါတယ်။ EFL က ပေးထားတဲ့ 2 ပတ် အတွင်းမှာ အပြီးအပိုင် လွှဲပြောင်းနိုင်ခြင်း မရှိပါက ဘာရီ နည်းတူ အင်္ဂလန်ရဲ့ ပရိုလိဂ် ပြိုင်ပွဲကနေ ထုတ်ပယ်ခံရပြီး ၊ ဖျက်သိမ်းပစ်ရတော့မှာပါ။

သူတို့ အသင်းဟာ 2012 ခုနှစ် ကမှ ပရီးမီးယားလိဂ် ကနေ တန်းဆင်း သွားရတာဖြစ်ပြီး 7 နှစ် အတွင်းမှာပဲ ဆိုးရွားတဲ့ အခြေအနေတွေ နဲ့ ဆက်တိုက် ကြုံခဲ့ရတာ ဖြစ်ပါတယ်။ တစ်ချိန်က ဘော်လန်တန် ကစားသမားတွေ ဖြစ်တဲ့ အိုကိုချာ ၊ ကမ်မို ၊ စပိဒ် ၊ ဒေးဗီးလ် ၊ နိုလန် ၊ ဂျပ်စကယ်လိုင်နန် ၊ ဂျုံဖ် တို့ကို ပရိသတ်တွေ မေ့ကြဦးမှာ မဟုတ်သေးသလို ၊ မကြာခင်က ချဲဆီး နဲ့ လမ်းခွဲထားသွားခဲ့တဲ့ နောက်တန်း ကစားသမားကြီး ကာဟေးလ်ဟာ လဲ ဘောလ်တန် က ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။

ဘော်လ်တန် အတွက် အကောင်းဆုံးတွေ ဖြစ်ပါစေလို့ ဆုတောင်းရင်း………..