လက်ရှိ အချိန် မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ပေါလ် ပေါ့ဂ်ဘာ ရဲ့ အနာဂတ် အသင်း မှာ ရှေ့ဆက် ရှိဖို့ မသေချာ တော့တဲ့ အချိန် အသင်း ရဲ့ ပရိသတ် တွေက ကာရင်တန် လေ့ကျင့်ရေး ကွင်း အရှေ့ မှာ ရှိတဲ့ သတိပေး ဆိုင်းဘုတ် အရှေ့ မှာ ‘ Pogba Out ‘ လို့ ရေးပြီး ဆန္ဒ ပြလိုက် ကြ ပါပြီ ။

ပြင်သစ် လက်ရွေးစင် ပေါလ် ပေါ့ဂ်ဘာ ဟာ 2016 ခုနှစ် တုန်းက ဂျူဗင်တပ် မှ မန်ချက်စတာ ယူနိုက်တက် အသင်း ဆီ ကလပ် စံချိန်တင် ပြောင်းရွှေ့ ကြေးနဲ့ ပြန်လည် ပြောင်းရွှေ့ ရောက်ရှိ လာ ခဲ့တဲ့ အချိန် က စတင် ပြီး စမ်းသပ် ခံနေ ရတဲ့ ကာလ မျိုး ဆက်တိုက် ပိုင်ဆိုင် ခဲ့ရ ပါတယ် ။

အထူးသဖြင့် ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ခြေစွမ်း တွေ မတည်ငြိမ် ခဲ့မှု တွေဟာ ပေါ့ဂ်ဘာ ကို ဝေဖန် မှုတွေ အကြား ရောက်ရှိ စေခဲ့ ပါတယ် ။ အဲ့ဒီနောက် ဒီ ရာသီ ဝုလ်ဗ် အသင်း ကို 1 – 1 ဆိုတဲ့ သရေ ရလဒ် ထွက်ပေါ် ခဲ့တဲ့ ပွဲစဉ် မှာ ပင်နယ်တီ လွဲချော် ခဲ့တဲ့ နောက် ပေါ့ဂ်ဘာ ဟာ ဝေဖန် မှုတွေ ဆက်တိုက် ခံခဲ့ ရပြန် ပါတယ် ။

သူဟာ နွေ ရာသီ ကြို ပွဲစဉ် တွေ ကစား ခဲ့စဉ် တုန်းက လည်း စိန်ခေါ်မှု အသစ် တွေ ရင်ဆိုင် ဖို့ အတွက် အသင်း ပြောင်းရွှေ့ လိုကြောင်း ပြောကြား ခဲ့ သလို ဇီဒန်း ကိုင်တွယ် တဲ့ ရီးယဲ မက်ဒရစ် အသင်း မှာ ကစား ရဖို့ ဆိုတာ အိပ်မက် တစ်ခု ဖြစ်ကြောင်း ပြောခဲ့ ပြီး အပြောင်း အရွှေ့ သတင်း တွေကို လှုပ်ခတ် စေခဲ့ ပါ သေးတယ် ။

လက်ရှိ ရီးယဲ မက်ဒရစ် အသင်း ကလည်း နေမာ ကို ခေါ်ယူ နိုင်ဖို့ အခွင့် အလမ်း နည်းပါး လာတာ နဲ့ အမျှ နည်းပြ ဇီဒန်း က တစ် နိုင်ငံ တည်းသား ဖြစ်သူ ကို အသင်း ဆီ ခေါ်ယူ နိုင်ဖို့ တစ်ဖန် ပြန်လည် ချိန်ရွယ် နေခဲ့ ပါတယ် ။ ဒါ့ကြောင့် ပေါ့ဂ်ဘာ ရဲ့ အနာဂတ် ဟာ ပိုမို လှုပ်ခတ် လာခဲ့ တာပဲ ဖြစ် ပါတယ် ။

အခုတော့ ယူနိုက်တက် အသင်း ရဲ့ ပရိသတ် ထဲမှ စိတ် မရှည် နိုင် တော့တဲ့ ပရိသတ် အချို့ က ကာရင်တန် လေ့ကျင့်ရေး ကွင်း အရှေ့ မှာ ထောင်ထား တဲ့ ‘ ကစားသမား များ နေ နဲ့ အော်တို ရေးဖို့ အတွက် ဒီနား ကား မရပ် ရ ၊ ပြင်ပ အန္တရာယ် ကြုံတွေ့ ရ နိုင်သည် ‘ ဆိုတဲ့ ဆိုင်းဘုတ် အပေါ် မှာ မှုတ်ဆေး အနီရောင် နဲ့ ‘ Pogba Out ‘ ဆိုပြီး ရေးသား ဆန္ဒပြ ခဲ့ ကြတာ ပဲ ဖြစ်ပါတယ် ။

လက်ရှိ ရာသီ မှာ ယူနိုက်တက် ဟာ သုံးပွဲ ကစား ပြီးတဲ့ အချိန် တစ်ပွဲ နိုင် ၊ တစ်ပွဲ သရေ ၊ တစ်ပွဲ ရှုံး ဆိုတဲ့ ရလဒ် နဲ့ အတူ ရမှတ် 4 မှတ်သာ ရှာဖွေ ထားနိုင် ခဲ့ ပါတယ် ။ ယူနိုက်တက် ဟာ ဒီ ရာသီ ယူရို ပါလိဂ် ပြိုင်ပွဲ မှာသာ ပါဝင် ကစား ရမှာ ဖြစ်တာ ကြောင့် ယူနိုက်တက် ပရိသတ် တွေက ထိပ်သီး လေးသင်း စာရင်း ဝင်ရောက် နိုင်ဖို့ ၊ နောက် ရာသီ ချန်ပီယံ လိဂ် ကစား ရဖို့ မျှော်လင့် နေကြ ပါတယ် ။

ဒါပေမယ့် သုံးပွဲ သာ ကစား ခဲ့ရ သေးတဲ့ အချိန် အမှတ်ပေး ဇယား ထိပ်မှ ခါးသီး ပြိုင်ဖက် လီဗာပူး အသင်း နဲ့ 5 မှတ် တောင် ကွာဟ နေတဲ့ အနေအထား ကို ရောက်ရှိ နေတဲ့ အတွက် ပရိသတ် တွေ ဖက်မှ လက်မခံ နိုင် ဖြစ်ခဲ့ ကြ ပါတယ် ။ ဒါ့ကြောင့် အသင်း ရဲ့ စတား ကစားသမား ဖြစ်တဲ့ အပြင် အပြောင်း အရွှေ့ ကောလဟာလ သတင်း တွေ အကြား အမြဲ ရောက်ရှိ နေတဲ့ ပေါ့ဂ်ဘာ အပေါ် အခုလို ပေါက်ကွဲ ပြီး ဆန္ဒ ပြခဲ့ ကြတာ ပဲ ဖြစ် ပါတယ် ။

ပေါ့ဂ်ဘာ ဟာ ဝုလ်ဗ် အသင်း နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် တုန်းက ပင်နယ်တီ ကန်ခွင့် ကို အသင်းဖော် ရပ်ရှ်ဖို့ ဆီက တောင်းခဲ့ ပြီး လွဲချော် ခဲ့တဲ့ နောက် ဆိုရှယ် မီဒီယာ အထက် မှာ ဒေါသ ထွက်နေ ခဲ့တဲ့ ပရိသတ် တစ်ဦး ရဲ့ လူမျိုးရေး ခွဲခြား မှုလည်း ခံခဲ့ ရပါ သေးတယ် ။

#Sports_Myanmar